Channel Myanmar

Kingsley Ben-Adir

King Arthur: Legend of the Sword (2017) 6.7
King Arthur: Legend of the Sword (2017) 2017 မေလထဲမှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ IMDb 6.7 နဲ့ပါ။ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။ ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။ ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။ မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။ ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။ အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ...
movie

King Arthur: Legend of the Sword (2017)

2017
4K HEVC
Noelle(2019) 6.3
Noelle(2019) Noelle(2019)အညႊန္း******************IMDb....6.3(unicode)၂၀၁၉ ထွက် ခရစ္စမတ်နောက်ခံနဲ့ ရိုက်ကူးထားတဲ့ Fantasy, Comedy ဇာတ်ကားလေးပါ။Pitch Perfect ဇာတ်ကားက မင်းသမီးချော Anna Kendrick က အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Santa Claus တစ်ယောက် ကွယ်လွန်အနိစ္စရောက်သွားတော့ သူ့ရဲ့သားဖြစ်သူKringle မျိုးရိုးရဲ့ အကြီးဆုံးသား Nick Kringle က Santa Claus နေရာကို ဆက်ခံဖို့အတွက် ပြင်ဆင်ရပါတော့တယ်။အဲဒီလိုပြင်ဆင်ရင်း Nick တစ်ယောက် စိတ်ဖိစီးမှုတွေများနေတဲ့အတွက် ညီမဖြစ်သူ Noelle ကပိတ်ရက်အပန်းဖြေခရီးသွားပြီး အနားယူဖို့အကြံပေးလိုက်ရာမှာ Nick တစ်ယောက်ထွက်သွားပြီး ပြန်မလာတဲ့အတွက်Santa နေရာက လစ်လပ်နေပါတယ်။ အဲဒီကိစ္စကိုဖြေရှင်းဖို့အတွက် အနားယူဖို့ အကြံပေးလိုက်တဲ့ Noelleတစ်ယောက် သူ့မှာ တာဝန်ရှိတယ်လို့ ယူဆပြီး အစ်ကိုပျောက်ရှာပုံတော်ဖွင့်ပါတော့တယ်။ သူ့အစ်ကိုကိုရှာရင်းဘယ်လိုအလွဲတွေဖြစ်မလဲ၊ ခရစ္စမတ်အမီ Santa ကိုတွေ့နိုင်ပါမလားဆိုတာကို IMDB Rating6.3 ရထားတဲ့ ဒီကားလေးမှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကြည့်ကြည့်လိုက်ပါတော့။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ d3mon ...
movie

Noelle(2019)

2019