Channel Myanmar

Kiran Abbavaram

Rules Ranjann (2023) 6.9
Rules Ranjann (2023) Rules Ranjan (2023) "ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း" IMDb 6.9ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ် Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ် တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ် အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီး သာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ်အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ...
movie

Rules Ranjann (2023)

2023
Meter (2023) 8.0
Meter (2023) Meter (2023) IMDb 8.1/10ယခုတစ်ခါအလှည့်ကျလာတဲ့ဇာတ်ကားလေးကတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသားချောလေး Kiran Abbavaram နဲ့ မင်းသမီးလေး Athulya Ravi တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီကားမှာဆိုရင် Rating ကလည်းအမိုက်စားမို့ သဘာဝဆန်ဆန်အမှုလိုက်ပုံလိုက်နည်းတွေနဲ့ ကြည့်ကောင်းနေမှာအမှန်ပါပဲ...ဖြောင့်မတ်တည်ကြည်တဲ့ရဲကို ဖခင်အဖြစ်ပိုင်ဆိုင်ထားရတဲ့ အာဂျွန်ကလျန် .. အဖေ့အတွက်ဆိုအမြဲဂုဏ်ယူနေတတ်သူလေးပေါ့ ဒါပေမဲ့ သူ့အ‌ဖေကတော့ ဖြောင့်မတ်မှုကြောင့်နဲ့ပဲ ခဏခဏ ရွှေ့ပြောင်းခံရပါတယ် လမ်းမှားနေရင်အထက်လူကြီးအလိုကိုတောင်မလိုက်တတ်လို့ အငြိုးထားခံရသူပေါ့ ဒီလိုဒုက္ခတွေခံရပေမဲ့လည်း သားဖြစ်သူအာဂျွန်ကလျန်က သူ့လမ်းစဉ်လိုက်နင်းပြီး ဖြောင့်မတ်တည်ကြည်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်သွားတာကို မြင်ချင်တာကသူ့အိပ်မက်.. ဒီလိုနဲ့တစ်နေ့ အာဂျွန်တို့လမ်းလျှောက်ထွက်ရင်း အမတ်တစ်ယောက်က အဖေဖြစ်သူကိုပါးရိုက်နေတာတွေ့လိုက်ပါတယ် ဖြောင့်မတ်ပေမဲ့လည်းရာထူးကွာရင် ဘာမှမလုပ်နိုင်တာကိုမြင်တော့ သူဒီရဲဆိုတာကိုမုန်းတီးလာပါတယ်ဖခင်အိပ်မက်ကလည်း အာဂျွန့်ကိုဖြောင့်မတ်တဲ့ရဲဖြစ်လာစေချင်တာဆိုတော့... ဒီအလုပ်ကိုမုန်းကြောင်းထုတ်မပြောရဲတဲ့အပြင် သူတလွဲတွေလုပ်တိုင်း အကောင်းဘက်ချည်းရောက်ရောက်သွားတဲ့အခါမှာတော့ .... ဖခင်အိပ်မက်ကိုသူဖြည့်ဆည်းပေးနိုင်မှာလား အလုပ်ကထွက်ရအောင် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီးခွီနေရမလဲဆိုတာ ကြည့်ရှုလိုက်ပါရှင် File size…1080p WEB DL / 720p Quality…2.2GB / 1GB Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Sai~Khin Khin
movie

Meter (2023)

2023
Vinaro Bhagyamu Vishnu Katha (2023) 7.4
Vinaro Bhagyamu Vishnu Katha (2023) Vinaro Bhagyamu Vishnu Katha (2023) Action, Comedy, Drama IMDb 7.7/10 (2.4K)တချို့ဇာတ်လမ်းလေးတွေက စိတ်ကူးကောင်းလေးတွေကနေ အစပျိုးလာသလို တချို့ဇာတ်လမ်းလေးတွေက ခင်မင်ရင်းနှီးမှုကနေ စတင်လာတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကတော့ ရန်ပွဲတစ်ခုကနေ စတင်လာခဲ့တယ်။အဲ့ဒီရန်ပွဲကနေပဲ ကောင်လေးတစ်ယောက်ရဲ့အမြင်တွေ ကောင်းမွန်လာခဲ့ပြီး တွေ့သမျှလူတိုင်းကို ကူညီတတ်လာခဲ့တယ်လေ။သူ ဒီလိုကူညီရင်းနဲ့ မကူညီသင့်တဲ့လူတွေကို ကူညီခဲ့ပြီး ဒုက္ခရောက်ခဲ့ရပုံ...။အချစ်ကိုရှာတွေ့ခဲ့ပုံနဲ့...။သူ့ဘဝရ​ခဲ့တဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ဒီဇာတ်ကားကြည့်ရင်း ခံစားကြည့်ကြပါနော်။ဒီဇာတ်ကားလေးက ဇာတ်လမ်းဘာညာ အသာထား တစ်ခုကြည့်လို့ကောင်းတာက ကျွန်တော်တို့ လက်တွေ့ဘဝနဲ့ တော်တော်နီးစပ်တာပါ ဘာလို့လဲဆိုတော့ မင်းသမီးက ယူကျုဆယ်လီလေ အဲ့တော့ ပရိသတ်ကြီးများအတွက် ဆယ်လီတွေဆိုတာလည်း သာမန်လူတွေလိုပဲ ချစ်ကြိုက်ကွဲငြားဇာတ်လမ်းလေးတွေရှိကြောင်း ရှုထောင့်အသစ်တစ်မျိုးကြည့်ရတာပေါ့ သီချင်းကောင်းကောင်းလေးတွေနဲ့ အက်ရှင်ခန်းအလန်းတွေရယ် မင်းသမီးအချောလေးတစ်ယောက်ရယ်ပါရင် ကျန်တာဘာလိုဦးမှာလဲ ဒီဇာတ်ကားကိုချက်ချင်းပါ ပြေးဒေါင်းပြီးကြည့်လိုက်ပါတော့ ပရိသတ်အပေါင်းတို့......... File size…2.13GB / 1.01GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 18m Subtitle….Myanamr Subtitle (HardSub) Encoder….YK Translated by  Sai ~ BpL~ Taylor ~Yunni
movie

Vinaro Bhagyamu Vishnu Katha (2023)

2023
Nenu Meeku Baaga Kavalsinavaadini (2022) 7.7
Nenu Meeku Baaga Kavalsinavaadini (2022) Nenu Meeku Baaga Kavalsinavaadini (2022) =======================================အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တေလဂူရိုမန့်ဟာသကားလေးပဲဖြစ်ပါတယ်...ပျော်ရွှင်တဲ့မိသားစုကနေ ဆင်းသက်လာပေမယ့် ကိစ္စတချို့ကြောင့် မိသားစုနဲ့ဝေးကွာနေရတဲ့ တယ်ဂျူဆိုတဲ့ကောင်မလေးဟာ ဘဝကို ပေါ့ပေါ့ဆဆနဲ့ ဖြတ်သန်းနေပြီး အရက်နွံထဲနစ်နေခဲ့ရပါတယ်...။သူ့ကို အကြိုအပို့လုပ်ပေးတဲ့ တက္ကစီဒါရိုက်ဘာကောင်လေးရဲ့နာမည်ကိုတော့ ဗီဗစ်လို့ခေါ်တယ်...။တယ်ဂျူဟာ ယောက်ျားတွေနဲ့ အချစ်ကို စိတ်နာပြီး ဘဝကိုရေစုန်မျောလိုက်နေတယ်တစ်ရက်တော့ ဗီဗစ်ဟာ တယ်ဂျူကို သူမဘဝပျက်မယ့်အရေးကနေ ကယ်တင်ခဲ့ပါတယ်...ဒီလိုနဲ့ သူတို့နှစ်ဦးစကားလက်ဆုံကျကြရင်း တယ်ဂျူဟာ သူ့မရဲ့ပျော်ရွှင်စရာမိသားစုဇာတ်ကြောင်းနဲ့ သူမရဲ့နောက်ကြောင်းကို ပြောပြပါတော့တယ်...။ဗီဗစ်မှာလည်း သူ့ဘဝနောက်ကြောင်းလေးက ရှိနေပြန်တော့...။သူတို့နှစ်ဦးရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတွေနဲ့ သူတို့နှစ်ဦးပတ်သက်ပုံ လှည့်ကွက်လေးတွေဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားပေးပါဦးနော်...။ဒီတော့ လူအယောက် 1.3K က IMDb 7.7 ပေးထားတဲ့ ဒီတေလဂူရိုမန့်ဟာသကားလေးဟာ ကြည့်လို့ကောင်းတဲ့ကားလေးပါလို့ ညွှန်းပေးလိုက်ပါတယ်နော်...။ File size…2.21GB / 1.1GB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & HayMan
movie

Nenu Meeku Baaga Kavalsinavaadini (2022)

2022