Channel Myanmar

Kotona Minami

Ice Cream Fever (2023) 6.3
Ice Cream Fever (2023) Ice-cream Fever(2023)အိုက်စကရင်မ်လိုအိပ်မက်များIMDb-6.3/10ချိုချိုအေးအေးရေခဲမုန့်လေးတွေက ပူပူလောင်လောင်အချိန်မှာ ချက်ချင်းခပ်ထည့်ပြီးစားလိုက်ရရင် ရင်ထဲထိအေးချမ်းသွားလောက်အောင် စွမ်းနိုင်ပါတယ် ချက်ချင်းမစားသုံးဘဲ အပူထဲကြားကြားထားလိုက်ရင် အရည်ပျော်ပေပွရုံကလွဲ စားရတာလည်းအရသာမရှိသလို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ် အိပ်မက်ဆိုတာလဲ ဒီလိုပါပဲ အိပ်မက်တွေမပိုင်ဆိုင်ရတဲ့ဘဝက နေပူပူမှာ ရေခဲမုန့်အရည်ပျော်သွားတာကို ထိုင်ကြည့်နေရသလိုပါပဲ...ဒီကားထဲမှာ ဆယ်ကျော်သက်ကနေ ၃၀ ဝန်းကျင် အခြေကျအရွယ်ထိ အမျိုးသမီးလေးယောက်ရဲ့ အိပ်မက်နဲ့ ဘဝတွေကိုရှုစားရမှာပါ ရေခဲမုန့်ဆိုင်က ကောင်မလေးနှစ်ယောက် တစ်ယောက်က အိပ်မက်တွေကို စွန့်လွှတ်ထားတဲ့သူ ၊ တစ်ယောက်က ဘဝကြီးထဲအချစ်အကြောင်းကိုတောင်မသိသေးတဲ့သူ ၊ အဲဒီရေခဲမုန့်ဆိုင်လေးကို အမြဲလာအားပေးတဲ့သူက သုံးဆယ်ဝန်းကျင်ဘဝကိုအခြေကျဖို့ စားရေးရင်းကြိုးစားနေတဲ့သူ ၊ ရေခဲမုန့်ဆိုင်လေးနားက အများသုံးရေချိုးခန်းမှာတော့ အိပ်မက်တွေအတွက် ကြိုးစားဖို့ အားပြည့်အင်ပြည့်တက်ကြွနေသူ....မတူညီတဲ့ energy တွေနဲ့ ကွဲပြားနေတဲ့သူတို့စရိုက် အိပ်မက်ရှိကြတာချင်းတူတူ အိပ်မက်ဆီကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှောက်လှမ်းကြမလဲဆိုတာရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Team မှပဲဖြစ်ပါတယ် File size…1.6GB / 645MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Ice Cream Fever (2023)

2023
Knuckle Girl (2023) 5.2
Knuckle Girl (2023) Knuckle Girl (2023)Alice in Borderland မှာ Ann အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ayaka Miyoshi ရဲ့ကားအသစ်ပါ။ ကိုရီးယားဒါရိုက်တာ ကိုရီးယားဇာတ်ညွှန်းရေးဆရာတွေက ရိုက်ကူးရေးသားထားပြီး ဂျပန်သရုပ်ဆောင်တွေ သုံးထားပါတယ်။ Korea Webtoon ကနေ ကိုရီးယားဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းပြန်ရေးထားတာမို့ ကိုရီးယားအငွေ့အသက်တော့ ရနေဦးမှာပါပဲ။ ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာကတော့ The Villainess တို့ Carter (2022) တို့လို ကိုရီးယားကားကိုမှ Non-stop Action ဆန်ဆန်ကားတွေကို ဇာတ်ညွှန်းရေးခဲ့တဲ့သူဆိုတော့ ဒီကားမှာလည်း မင်းသမီး ဘယ်လောက်တောင် မနားတမ်းကြုံးရမလဲ မေးနေစရာတောင်မလိုလှဘူး။ဇာတ်လမ်းကတော့ ဒီလို။ အဖေရော အမေရောမရှိတော့ဘဲ အစ်မနဲ့ညီမပဲ အတူတူရုန်းကန်နေတဲ့ မိသားစုတစ်ခုရှိတယ်။ အမက ဒုစရိုက်နဲ့မကင်းတာတွေလုပ်ပြီး အန္တရာယ်ကြုံနေရတဲ့အချိန် ညီမက သူ့အစ်မကို ဒါတွေမလုပ်ဘဲ ဘောက်ဆင်သမားဖြစ်လာစေချင်ခဲ့တယ်။ သူ့ညီမ ဆန္ဒအတိုင်း သူ့အစ်မက သူ့ညီမကို ဦးလေးနဲ့အဒေါ်အိမ်ထားခဲ့ပြီး ဘောက်ဆင်လောကထဲ ...
movie

Knuckle Girl (2023)

2023