Channel Myanmar

Kristen Connolly

Houdini (2014) 7.4
Houdini (2014) Houdini (2014)_____IMDb - 7.4/10  "ဟူဒီးနီ"လို့ပြောလိုက်တာနဲ့ မျက်လှည့်ပညာရပ်နဲ့ မစိမ်းတဲ့သူတွေ တန်းသိကြမှာပါ။ ၂၀ ရာစုရဲ့ အကျော်ကြားဆုံးသော မျက်လှည့်ပညာရှင်ကြီးပဲ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ဒေးဗစ်ကော်ပါဖီးဆိုတာနဲ့ လူတိုင်းတန်းသိသလိုမျိုး သူ့ခေတ်သူ့အခါကလည်း ဟူဒီးနီဆိုတာနဲ့ ဟိုးလေးတကျော်ကျော်ပါပဲ။ ကိုယ်ပိုင်မျက်လှည့်ပြကွက်တွေ တီထွင်ဖန်တီးပြီး အောင်မြင်မှုယူခဲ့တဲ့သူပါ။သူနာမည်ကြီးရတဲ့အဓိကအကြောင်းရင်းကတော့ အချုပ်မှန်သမျှက လွတ်အောင်လုပ်ပြနိုင်တာကြောင့် ဖြစ်ပါတယ်။ Escape Man လို့ နာမည်ကြီးပါတယ်။ "The Handcuff King" လို့လည်း လူသိများပါတယ်။ လက်ထိပ်ခတ်မယ်၊ ကြိုးတုပ်မယ်၊ သေတ္တာထဲထည့်မယ်၊ လက်ထိပ်ခတ်ပြီး ရေထဲခုန်မယ်၊ သေတ္တာထဲထည့်ပြီး မြစ်ထဲပစ်ချမယ်၊ ဘယ်လိုမျိုးတွေနဲ့ပဲ သူ့ကို တုတ်နှောင်ပြီးထားပေမယ့် သူကတော့ လွတ်အောင်လုပ်ပြနိုင်ပါတယ်။ လက်ထိပ်တွေက ကြိုတင်စီမံထားတဲ့ Fake တွေလို့ ထင်စရာရှိပါတယ်။ အဲဒါကြောင့် ရဲအဖွဲ့ပေါင်းစုံက သူ့ကိုစမ်းသပ်ပါတယ်။ ဘယ်လိုလုပ်ထားတဲ့ လက်ထိပ်နဲ့ပဲခတ်ခတ်၊ သူကတော့ လွတ်တာပါပဲ။ ဒီပြကွက်တွေက ဟူဒီးနီရဲ့ နာမည်ကျော်ပြကွက်တွေပဲ ဖြစ်ပါတယ်။ Now You ...
movie

Houdini (2014)

2014