Channel Myanmar

Kylie Bunbury

Game Night 7.4
Game Night ဒီ ရုပ်ရှင်လေး အကြောင်း မပြောမှီ ကျနော်တို့ ဆယ်ကျော်သက်တွေ ကစားလေ့ ရှိတဲ့ ဂိမ်းတွေ အကြောင်းအရင် ပြောရမယ်ဆိုရင် ဖဲရိုက်မယ် ၊ မိုနိုပိုလီဆော့မယ် ၊ ဒိုးဇက်ဆော့မယ် ၊ ဒီလောက်တွေပဲ ဆော့ဖြစ်မယ်ထင်တယ် ဒါပေမယ့် ဒီ ရုပ်ရှင်ထဲက လူတွေကတော့ သူတို့ အားလပ်ချိန်တွေကို ဂိမ်းအသစ်အဆန်းတွေနဲ့ ဆော့ပြီး ပျော်ရွှင်စွာ အချိန်ဖြုန်းလေ့ ရှိပါတယ် ကိုယ်မသိသေးတဲ့ ဂိမ်းကစားနည်းတွေပါ အတော်များများ သိလိုက်ရပါတယ်... ရုပ်ရှင်ကား အစမှာ ပေါတောတော ဖြစ်မယ်လို့ ထင်ထားမိပြီး သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက် နဲ့ ဟာသ ဒိုင်ယာလော့ခ် တွေက ကောင်းလွန်းတော့ လုံးဝ ကို ဇတ်လမ်း အဆုံးထိ စွဲဆောင်သွားခဲ့ပါတယ်... February 22, 2018 မှာ ရုံစတင်ခဲ့ပြီး Budget ကို37 million USD လောက်သုံးခဲ့ပြီး Box office မှာ $108.5 million ထိ ပြန်ဝင်ခဲ့ပါတယ်... IMDb မှာ 7.2 လောက်ရထားပြီး rottentomatoes မှာတော့ 82% လောက်ထိ အမှတ်ရထားပါတယ် ဇတ်ကားအမျိုးအစားကတော့ အဓိက Comedy ဖြစ်ပါတယ် ထူးခြားချက်ကတော့ နည်းနည်းအပြောအဆိုလေးတွေ ကြမ်းတာကလွဲရင် မိသားစု နဲ့ အတူကြည့်ပြီး ဟေးဟေး ဟားဟား ဆိုပြီး ရယ်နိုင်မောနိုင်မယ့် ရုပ်ရှင်ကားမျိုး ဖြစ်ပါတယ် ကဲ ...
movie

Game Night

2018