Channel Myanmar

Laksh Chadalavada

Gangster Gangaraju (2022) 6.3
Gangster Gangaraju (2022) Gangster Gangaraju (2022)========================== ဒယ်ဗာလန်ကာလို့ခေါ်တဲ့မြို့လေးတစ်မြို့ကို ဘာဆီရက်ဒီနဲ့ ဆစ်ဟပ်ပါလို့ခေါ်တဲ့ဂန်းစတားနှစ်ယောက်က‌အုပ်စိုးလျက်ရှိပါတယ် သူတို့ရဲ့ဆရာကြီးဥပဒေအရာရှိ ဆီ‌ဗာရက်ဒီကွယ်လွန်ပြီးနောက်မှာ သူတို့ကတရားဝင်နိုင်ငံရေးအာဏာမှာ ပါဝါတည်ဆောက်ယှဉ်ပြိုင်ကြပြီး ဗိုလ်လုဖို့ကြိုးစားကြပါတော့တယ်ဒယ်ဗာလန်ကာမြို့မှာလည်းသူတို့ကိုဘယ်သူမှမလှန်ရဲဘဲ ပြည်သူ‌တွေက ရွံကြောက်ကြီးဖြစ်နေပါတော့တယ် ဒီဇာတ်ကားရဲ့အဓိက‌ဇာတ်ကောင်မင်းသားဖြစ်တဲ့ ဂန်ဂါရာဂျူးကတော့ အဲ့ဒီမြို့လေးမှာ အပေါင်းအသင်းတွေနဲ့ပရုတ်ကျနေတဲ့ ဂျစ်ပစီလေးတစ်ယောက်ပဲဖြစ်ပါတယ်ဥမာဒေဝီလို့ခေါ်တဲ့မင်းသမီးဖြစ်တဲ့ ရဲမေ‌အချောလေး ရောက်ရှိလာချိန်မှာတော့ မင်းသားကသူ့သူငယ်ချင်းတွေနဲ့အကူအညီနဲ့နောက်ပိုးပါ‌တော့တယ် တနေ့မှာမင်းသားက သူ့‌အဖေကိုစော်ကားတာကြောင့် ဆစ်ဟပ်ပါရဲ့လူတွေကိုဆော်လွှတ်လိုက်ရာမှ ဂန်းစတားအာဏာရှင်တွေရဲ့လက်အောက်မှာခံစားနေရတဲ့လူထုကြီးက အုံကြွလာကာမင်းသားကို ဆရာ့ဆရာကြီးထင်ပြီးထောက်ခံမြှောက်စားပါတော့တယ် ဒီလိုနဲ့ဆရာ့ဆရာကြီးလို့ ပြည်သူတွေကရော ချစ်ရည်းစားရဲမေလေးကပါအထင်ခံရတဲ့အချိန် ဂန်းစတားတွေရဲ့စစ်ပွဲကြားထဲအာဏာပါဝါတွေလုတာရောကြားမှာ မင်းသားကဘယ်လိုဖြေရှင်းကိုင်တွယ်မလဲဆိုတာ .................... ဒီကားမှာ သူငယ်ချင်းတွေရဲ့ကူညီပံ့ပိုးပေးမှုတွေ ဟာသ‌ရောနှောကာ ပျော်ရွှင်မြူတူးစရာကောင်းပေမဲ့ တဖက်မှာအာဏာရှင်တွေလက်အောက်ကဘဝတွေ ရက်စက်ကြမ်းကြုတ်မှုတွေကိုပါ ဖော်ကျူးရိုက်ကူးထားတာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်.......... File size…2.25GB /  1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kevin & Kham Mon & Yunni & Khai & Honeyey
movie

Gangster Gangaraju (2022)

2022