Channel Myanmar

Larenz Tate

Waist Deep(2006) 5.8
Waist Deep(2006)   ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အက်ရှင်ကားကြမ်းကြမ်းကိုမှ မိသားစုဆိုတဲ့အဓိပ္ပါယ်ကိုလည်း ပေါ်လွင်အောင်ရိုက်ပြထားတဲ့ 2006 ခုနှစ်မှာထွက်ထားတဲ့ Tyrese Gibson ရဲ့ Waist Deep ဆိုတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇတ်လမ်းအကျဥ်းကတော့... O2(Tyrese Gibson) ဟာ မူးယစ်ဂိုဏ်းအဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးတော့ ထောင်ကနေလွတ်လာတာသိပ်မကြာသေးတဲ့အကျဥ်းသားဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ထောင်ကလွတ်လာပြီးတဲ့နောက်မှာလုံခြုံရေးဝန်ထမ်းတစ်ဦးအဖြစ်နဲ့သားလေးကိုစောင့်ရှောက်ပြီးဘဝကိုရိုးရိုးသားသားနဲ့တစ်ကပြန်စဖို့ကြိုးစားနေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကံတရားက O2 ကို အေးချမ်းခွင့်မပေးခဲ့ပါဘူး။တစ်နေ့သူ့သားလေးကိုကျောင်းသွားကြိုပြီးပြန်လာတဲ့လမ်းမှာ သားလေးကိုအတင်းအဓ္ဓမပြန်ပေးဆွဲခံလိုက်ရပါတယ်။ ပြီးတော့ သူဘယ်လိုမှမတတ်နိုင်တဲ့ငွေပမာဏဖြစ်တဲ့ ဒေါ်လာတစ်သိန်းနဲ့ပြန်ရွေးဖို့အကျပ်ကိုင်ခံရပါတယ်။တစ်ဦးတည်းသောခင်တွယ်စရာသားလေးအတွက် O2 တစ်ယောက် မလုပ်ချင်တဲ့အလုပ်တွေကိုပြန်လုပ်ဖို့ကြိုးစားရာကနေ အဆင်ပြေပြေနဲ့သားလေးကိုပြန်ရွေးနိုင်မလား? အဲ့ဒီလူဆိုးဂိုဏ်းကရော သူ့ကိုမှ Target ထားပြီး ဘာလို့အခုလိုလုပ်ရတာလဲ ဆိုတာကို ဇာတ်ကားထဲမှာအတူတူကြည့်ရှုရင်းအဖြေရှာလိုက်ကြရအောင်ပါ။ကြမ်းကြမ်းရမ်းရမ်းအက်ရှင်ခန်းတွေရယ် အန္တာရယ်ကြားကဆုံစည်းခဲ့ရတဲ့ မိန်းကလေးနဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ရယ်၊ ဖအေနဲ့သား ညီအကိုတွေကြားက သံယောဇဥ်ထုံးဖွဲ့မှုတွေရယ်နဲ့ ဇာတ်လမ်းတစ်ခုလုံးကို အစကနေအဆုံး အနိမ့်အမြင့်အတက်အကျအစုံအလင်နဲ့ရင်တစ်ထိတ်ထိတ်ကြည့်ရှုရစေဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။  File size…1.52GB / 568.6MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ..... Action , Crime ...
movie

Waist Deep(2006)

Meeting Evil(2012) 5.3
Meeting Evil(2012) မင်းသား Luke Wilson နဲ့ ကျွန်တော်တို့ မာသာဖပ်ကာကြီး Samuel L Jacksonဦးဆောင်ထားတဲ့ ထိတ်လန့်သည်းဖိုဖွယ် ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်သည် ကလေးနှစ်ယောက်ရှိအိမ်ခြံမြေပွဲစား ဂျွန်တစ်ယောက် အိမ်တွေလည်းမရောင်းရ ပိုက်ဆံတွေလည်းအကုန်ဆုံးအလုပ်ထုတ်ခံလာရပြီး သူ့မွေးနေ့ကို စိတ်ပျက်လက်ပျက် ပြန်လာပါတယ်၊မိန်းမဖြစ်သူနဲ့လည်း စကားများပေါ့။ပြီးတော့ မိန်းမက ကလေးတွေခေါ်ထွက်သွားတဲ့အချိန်တံခါးခေါက်လို့ ဖွင့်ပေးလိုက်တော့ ရစ်ချီဆိုတဲ့လူတစ်ယောက်ကသူ့ကားပျက်နေလို့ဆိုပြီး ခဏလောက် တွန်းပေးဖို့ ကူညီခိုင်းပါတယ်။အဲဒါနဲ့ ဂျွန်တစ်ယောက် ကူညီပေးတဲ့အချိန် အိပ်ဇောပေါက်ပြီးခြေထောက်ထိသွားပါတော့တယ်။ဒီတော့ ရစ်ချီကလည်း သူ့ကြောင့် ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူးဆေးရုံလိုက်ပို့ပေးမယ်ဆိုပြီး ဂျွန်ငြင်းနေတဲ့ကြားက မရရအောင် ကားပေါ်တင်ပြီးဆေးရုံလိုက်ပို့မယ်လုပ်ပါတယ်။အဲဒီမှာပဲ ဂျွန့်ရဲ့ကံကြမ္မာဟာ အစကတည်းက ဆိုးနေရတဲ့ထဲ မြေနိမ့်သူကိုလှံစိုက်သလို ဖြစ်လာရတော့တယ်။ဂျွန်တစ်ယောက် ရစ်ချီဆိုတဲ့လူနဲ့ သွားလာရင်း ဘာထူးဆန်းတာတွေ ကြုံရမလဲ၊ ဘာလို့ သူ့ဆီကိုဒီရစ်ချီဆိုတာ ရောက်လာရတာလဲ၊ သူ့ဆီက ဘာလိုချင်နေတာလဲစသဖြင့် လှည့်ကွက်တွေနဲ့ လူသတ်မှုတွေပါ ပါဝင်လာတဲ့အခါမှာတော့ဂျွန်တစ်ယောက် သူ့မိသားစုကို ဘယ်လိုကယ်တင်မလဲဆိုပြီး စိတ်လှုပ်ရှားရတဲ့ ဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းရဲ့ရှေ့ဆုံးခန်းလေးကိုလည်း သေချာအာရုံစိုက်ပေးဖို့ အကြံပေးချင်တယ်မဟုတ်ရင် ...
movie

Meeting Evil(2012)

Girls Trip (2017) 6.6
Girls Trip (2017) ကောလိပ်မှာအချစ်ဆုံးသူငယ်ချင်းဟောင်းတွေဖြစ်ကြတဲ့ Ryan, Sasha , Lisa နဲ့ Dina တို့တွေဟာကျောင်းပြီးသွားတဲ့အချိန်မှာတော့ တစ်ယောက်တစ်လမ်းဆီခွဲထွက်ပြီး ကိုယ့်ဘဝကိုယ်ရှေ့ဆက်ကြပါတယ်အိမ်ထောင်ကျပြီး ကလေး၂ယောက်အမေဖြစ်သွားတဲ့ လီဆာအောင်မြင်တဲ့စာရေးဆရာမ တစ်ယောက်ဖြစ်လာတဲ့ ရိုင်ယန်အတင်းပြောတဲ့ Blog တစ်ခုလုပ်ရင်း ငွေကြေးအခက်အခဲဖြစ်နေတဲ့ ဆာရှာအရင်ကလိုပဲ ကလေးဆန်နေဆဲဖြစ်တဲ့ ဒီနာ တို့ရိုင်ယန်ရဲ့အလုပ်ကိစ္စတစ်ခုကြောင့် နယူးအော်လန်ကို အတူတူခရီးထွက်ဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ်နယူးအော်လန်ကိုရောက်တဲ့အချိန်မှာပဲ ရိုင်ယန်ရဲ့ယောကျာ်းဖြစ်သူ စတီးဝပ် ဖောက်ပြန်နေတာကိုသိခဲ့ကြတယ်သူတို့သူငယ်ချင်းရိုင်ယန်ကို ဘယ်လိုကူညီကြမလဲယောကျာ်းနဲ့ဖောက်ပြန်နေတဲ့ စနိုက်ကြော်မကိုရော ၄ယောက်ပေါင်းပြီး ဘယ်လိုနှိပ်ကွပ်ကြမလဲနယူးအော်လန်မှာ သူငယ်ချင်း၎ယောက်ဘယ်လိုတွေ သောင်းကျန်းကြမယ်ဆိုတာကိုပရိတ်သတ်ကြီး ဆက်ကြည့်ရမှာပါဒီဇာတ်ကားက သူငယ်ချင်းတွေကြားမှာရှိတဲ့ သံယောဇဉ် နဲ့ အချစ် ကို ဖော်ပြတဲ့ဇာတ်ကားဖြစ်ပါတယ်စကားလုံးကြမ်းကြမ်းတွေပါလို့ မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူး BFF တွေနဲ့အတူကြည့်ပါ အူတက်အောင်ရယ်ရပါမယ် ?သူငယ်ချင်းတွေကိုချစ်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ခုပါ ?  (ဘာသာပြန်သူကတော ပြည့်စုံပါ)  File Size : (850 MB) and (350 MB) Quality : Bluray 720p Running Time : ...
movie

Girls Trip (2017)

2017
Beta Test (2016) 6.7
Beta Test (2016)   ကဲဒီတစ်ခါတော့ ၂၀၁၆ ခုနှစ်ထွက်ရှိထားတဲ့ IMDb rating 6.8 ထိ ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်ဗျ ဇာတ်ကားလေးက အက်ရှင်ကားကြိုက်တဲ့ သဲထိပ်ရင်ဖို ကားတွေကိုမှ နှစ်သက်ကြတဲ့ ပရိတ်သတ်တွေအတွက် အကြိုက်တွေ့မယ်ဆိုတာ အာမခံပါတယ်  အရင် NErve ကိုကြည့်လို့ကြိုက်နှစ်သက်ခဲ့တယ်ဆို ဒီဇာတ်ကားလေးကို လဲကြိုက်နှစ်သက်မယ်ဆိုတာ ပြောနေစရာမလိုတော့ပါဘူး ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိမ်းချန်ပီယံတွေကိုဆို ဂိမ်းကုမ္ပဏီတွေက သူတို့ရဲ့ဂိမ်းရဲက အမှားတွေ ပြစ်ချက်တွေကိုရှာဖို့ Beta version ကို ပေးဆော့လေ့ရှိပါတယ် ပြီးမှ လုံးဝအဆင်ပြေပြီဆိုမှ Publication လုပ်ကြတာပါ ဒီဇာတ်ကားလေးထဲမှာလဲ ဂိမ်းချန်ပီယံ မက်စ်ဟာ မကြာမီမှာဖြန့်ချီတော့မယ် ဂိမ်းတစ်ခုကို အစမ်းဆော့ရာမှ မထင်မှတ်ပဲ ဂိမ်းဟာ အပြင်လောကမှာပါ ဂိမ်းထဲက အတိုင်းလိုက်ပါဖြစ်ပျက်နေတာကိုတွေ့လိုက်ရတဲ့ အခါမှာတော့ ကဲ ဗျာ ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်လိုက်ပါတော့ ဗျို့ ဘာကြည့်နေတာလဲ မြန်မြန်သွားဒေါင်းတော့လေ :P
movie

Beta Test (2016)

2016