Channel Myanmar

Lee Chun-hee

Collective Invention (2015) 6.2
Collective Invention (2015)  Running Manမှာ ယူဂျယ်ဆော့ အရမ်းလိုက် လိုက်စတတ်တဲ့ အီဂွမ်ဆူရဲ့ ငါးလူသားရုပ်ရှင်လေးပေါ့ဗျာStrong Woman ဒိုဘုံဆွန်း ဖြစ်တဲ့ ပတ်ဘိုယောင်းပုစိလေးလည်းပါဝင်ထားသလို မင်းသားကြီးတွေကလည်းရှယ်ပါပဲရုပ်ရှင်ကို အကျဉ်းချုပ် ပြောပြရမယ်ဆိုရင်တော့ဆေးဝါးစမ်းသပ်မှုမှာ မှားယွင်းမှုဖြစ်သွားပြီး ငါးတပိုင်း လူတပိုင်းဖြစ်သွားတဲ့ ပတ်ဂူဟာ ကိုရီးယားပြည်သူတွေကြား သန္ဓေပြောင်းလူသား နာမည်ကြီးတယောက် ဖြစ်လာခဲ့ပြီး မကြာခင်မှာပဲ အတိုက်အခံအချို့နဲ့အတူ ဆွဲချခံလိုက်ပြန်ပါတယ် နိုင်ငံရေး ဥပဒေ သတင်းမီဒီယာ တီထွင်စမ်းသပ်မှုစတဲ့ အဘက်ဘက်က လွှမ်းမိုးမှုတွေနဲ့အတူ ပတ်ဂူကို သူရဲကောင်းတခါ လူယုတ်မာတလှည့် ဖြစ်သွားစေတဲ့ တဖက်စောင်းနင်းဆန်ဆန် လူ့အဖွဲ့အစည်းအကြောင်း ပုံဖော်ထားပြီးလူ့အခွင့်အရေးနဲ့ လူသားချင်းနှိပ်စက်မှုအကြောင်းအရာတွေကိုပါ ပြသပေးထားပြီး လူအဖွဲ့အစည်းအသိုင်းအဝိုင်းကြားက မွန်းကြပ်စရာ သနားစရာ စိတ်တိုစရာကိစ္စတွေကို ကြည့်နေရရင်းငါးလူသားကြီးရဲ့ ရုပ်မမြင်ရတာတောင် စကားပြောသံနဲ့ ခွိခနဲရယ်ချင်မိမယ့် action skillတွေနဲ့အတူ သရုပ်ဆောင်တွေရဲ့ ဓာတုဗေဒမိမိ ဟာသလေးတွေကြောင့်လည်း ရယ်မောရမှာဖြစ်တဲ့ရသအမျိုးမျိုးပေးနိုင်မယ့် ကားလေးတခုပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )Quality__1080p,720p,360p IMDb ...
movie

Collective Invention (2015)

Deja Vu ( 2018 ) N/A
Deja Vu ( 2018 ) လူခြေတိတ်ဆိတ်တဲ့ညတစ်ညမှာ ဂျီမင်က ခင်ပွန်းလောင်းဝူဂျင်နဲ့အတူကားမောင်းထွက်တုန်း ဝူဂျင်ကကားနဲ့ကျောင်းသူလေးတစ်ယောက်ကိုတိုက်မိခဲ့ပြီးအဲ့ဒီကျောင်းသူလေးကအခင်းဖြစ်ရာမှာပဲသေဆုံးသွားခဲ့ပါတယ်...ဝူဂျင်နဲ့ဂျီမင်တို့က သေဆုံးသွားပြီဖြစ်တဲ့ကျောင်းသူလေးကိုဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတစ်နေရာမှာလူမသိအောင်မြုပ်ထားပစ်လိုက်ပါတော့တယ်...အဲ့နေ့ကစပြီး ဂျီမင်တစ်ယောက်ထင်ယောင်ထင်မှားတွေမကြာခဏမြင်ကြားနေရပြီးသေသွားတဲ့ကျောင်းသူလေးကိုလည်းမကြာခဏသူ့ရှေ့ပေါ်လာတာကိုမြင်နေရလို့စိတ်ဂယောင်ခြောက်ခြားတွေဖြစ်နေခဲ့ပါတယ်....ဂျီမင်ကရဲစခန်းကိုသွားပြီး စုံထောက်အင်ထက်ဆီကိုအဲ့နေ့ကကားတိုက်မှုအကြောင်းကိုသွားတိုင်ကြားတဲ့အခါ အဖြစ်မှန်ကဒီတိုင်းပေါ်လာမှာလား....အဲ့ဒီသေဆုံးသွားတဲ့ကျောင်းသူလေးမှာ အဖေလိုတစ်ဖုံအစ်ကိုလိုတစ်ဖုံညီမလေးကိုအရမ်းချစ်တဲ့အစ်ကိုရှိနေမှန်းသူတို့မသိကြသောအခါ...အဲ့ဒီအစ်ကိုကရောသူ့ညီမလေးအတွက်ဘယ်လိုကလဲ့စားပြန်ချေပေးမှာလဲ....ဆိုတာဆက်လက်စောင့်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေ... Translated & Review By XiaoEncoded By LK
movie

Deja Vu ( 2018 )

2018
Door Lock (2018) 5.9
Door Lock (2018) ဂင်ဂျောင်းမီဆိုတဲ့ အမျိုးသမီးဟာ နယ်မြို့ကနေ ဆိုးလ်ကိုအလုပ်လာရောက်လုပ်ကိုင်နေတဲ့သူတစ်ဦးပါ အလုပ်ကြိုးစားသူဖြစ်ပေမယ့် အားနာပြီးကြောက်တတ်တဲ့သူဖြစ်လို့ အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လူလည်ကြမှုကိုလည်း အမြဲခံရလေ့ရှိပါတယ် အဲ့ဒီလို ကြောက်ရွံ့အားငယ်တတ်တဲ့ ဂင်ဂျောင်းမီ တစ်ယောက် သူနေထိုင်ရာတိုက်ခန်းဟာ ထူးဆန်းပြီးထိတ်လန့်ဖို့ကောင်းနေတယ်ဆိုတာ သိလာရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားရပါတော့တယ် ဒီ Door Lock 2018 ဇာတ်ကားဟာ လျှို့ဝှက်သည်းဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး တစိမ့်စိမ့်နဲ့တွေးပြီး ကျောစိမ့်လာစေမယ့် ဇာတ်ကားတစ်ကားပါ လူတိုင်းအတွက်တော့ ကိုယ်နေထိုင်တဲ့ အိမ်ဆိုတာ ကိုယ့်အတွက် အကောင်းဆုံးနားခိုရာပါ မိဘအိမ်မဟုတ်ဘဲ ရပ်ဝေးမှာအလုပ်လုပ်နေရရင်တောင် ကိုယ်ငှားနေတဲ့ အဆောင် ဒါမှမဟုတ် တိုက်ခန်းဟာ တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှကို အတိုးချအနားယူနိုင်တဲ့ နေရာလေးပါ ဒါပေမယ့် အဲ့ဒီနေရာက ထူးဆန်းပြီး ကြောက်ဖို့ကောင်းနေမယ် ဆိုရင်တော့…… ( မိသားစုနဲ့ နေတဲ့သူတွေအတွက်တော့ မသိပေမယ့် တစ်ယောက်တည်းနေတဲ့သူတွေအတွက်ကတော့ ဒီဇာတ်ကားကြည့်ပြီးရင် မအိပ်ခင် တံခါးလော့ကို သုံးခေါက်လောက်စစ်မိကြမယ်လို့ ထင်ပါတယ်) ရုပ်ရှင်ကို ဘာသာပြန်ပေးပြီး အညွှန်းရေးပေးသူကတော့ Aung TayZa ဖြစ်ပါတယ်
movie

Door Lock (2018)

2018