Channel Myanmar

Lee Yo-won

May 18 (2007) 7.1
May 18 (2007) [Unicode]ဒီဇာတ်လမ်းကတော့ 1980 ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အရေးအခင်းအကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် ဗိုလ်ကြီး Chun Doo Hwan လက်ထက် သူပုန်တွေကိုတိုက်ထုတ်ဖို့အတွက် စစ်တပ်အာဏာနဲ့နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အကြောင်းလေးပါအေးချမ်းနေတဲ့မြို့တစ်မြို့မှာ ရုတ်တရက်ဆိုသလို သူပုန်တွေကိုတိုက်ထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်တွေချီတက်လာပြီး ရှိသမျှလူတိုင်းကို ရိုက်စစ်မေးမြန်းပါတော့တယ်Min Woo ရဲ့တစ်ဦးတည်းသော ညီလေး Jun Woo တစ်ယောက် သူငယ်ချင်းဖြစ်သူ မတရားသဖြင့်သေဆုံးခဲ့ရတာကို ဒေါသထွက်ပြီး တက္ကသိုလ်ကျောင်းသားတွေပါဝင်တဲ့ ဆန္ဒဖော်ထုတ်မှုကြီးကို ဦးဆောင်ပြီး ချီတက်ခဲ့ပါတော့တယ်ပြည်သူတွေပါ ပါဝင်ပြီးတော့ဆန္ဒပြခဲ့ရာက စစ်တပ်ကြီးပြန်ဆုတ်သွားပြီအထင်နဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ စစ်တပ်ဘက်ကနေ သေနတ်တွေနဲ့စတင်တိုက်ခိုက်ခဲ့တဲ့နောက်...ရုန်းရင်းဆန်ခတ်တွေဖြစ်ရင်းကနေ Jun Woo တစ်ယောက်သေနတ်ပစ်ခံထိပြီး သေဆုံးခဲ့ရပါတော့တယ် အဲ့အချိန်မှာ Min Woo တစ်ယောက် ကြေကွဲမဆုံးဖြစ်ပြီး ဂွမ်ဂျူမြို့သူမြို့သားတွေနဲ့ပူးပေါင်းကာ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ပြီး ပဋိပက္ခတွေကို ဘယ်လိုအဆုံးသတ်စေမလဲဆိုတာကတော့ စောင့်ကြည့်ခံစားလိုက်ကြပါဦး...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ပါ ) [Zawgyi]ဒီဇာတ္လမ္းကေတာ့ 1980 ...
movie

May 18 (2007)

Perfect Number(2012) 7.0
Perfect Number(2012) Perfect Number(2012)ဒီဇာတ်ကားလေးကတော့ အတော်များများစိတ်ဝင်စားတတ်ကြတဲ့ ကိုရီးယား Crime Mystery-drama အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ်ထက်မြက်တဲ့ဉာဏ်ရည်ပိုင်ဆိုင်ထားပြီး အထက်တန်းကျောင်းသင်္ချာဆရာတစ်ယောက်ရှိတယ်...သူက တစ်ယောက်ထဲနေတတ်တဲ့သူမို့ လူအများနဲ့ပေါင်းသင်းဆက်ဆံတဲ့အပိုင်းမှာ သိပ်တော့အံဝင်လေ့မရှိ... ဒါပေမယ့်သူတစ်ဖက်သတ်သိပ်ချစ်တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်...ဒီအမျိုးသမီးဟာတစ်ခုလပ်တစ်ယောက်..တစ်နေ့တော့ အဲ့ဒီအမျိုးသမီးဟာခင်ပွန်းဟောင်းဖြစ်သူကိုမတော်တဆသတ်မိသွားတယ်...ဒီအရေးကိုသိတဲ့ သင်္ချာဆရာဟာ သူချစ်တဲ့အမျိုးသမီးအမှုအခင်းကလွတ်ဖို့အရေး သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်ကိုကောင်းကောင်းအသုံးချပြီးကာကွယ်ဖို့ကြိုးစားပါတော့တယ်...မှုခင်းထောက်လှမ်းရာမှာတော်တဲ့ရဲတွေကရော အမှုမှန်ကိုဖော်ထုတ်နိုင်မလား..သင်္ချာဆရာဖြစ်သူရဲ့လှည့်စားမှုအောက်ကို ရောက်သွားမလားဆိုတာကိုတော့ကြည့်ကြပါကုန်....ဒီကားက တကယ်ကို့စိတ်လှုပ်ရှားစရာပါ..ကိုရီးယားတွေ ဒီလိုဇာတ်မျိုးဆို ရိုက်ကူးရာမှာ အတော်ပိုင်လေ့ရှိတယ်...ရင်တဖိုဖိုနဲ့ကို စဆုံးဆွဲခေါ်ပြီး စိတ်လှုပ်ရှားမှုအပြည့်ပေးနိုင်တယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်....File Size : (950 MB) and (380 MB) Quality : FHD-Rip 720p Format…mp4 Duration…01:55:00 Genre : Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Phu Nge Nge Thein Encoded by Phyo Pyae
movie

Perfect Number(2012)

Fists of Legend (2013) 6.9
Fists of Legend (2013) ကိုရီးယားဖိုက်​တင်​းကားတွေနဲ့ အဆက်​ပြတ်​နေတဲ့ပရိသတ်​ကြီအတွက်​ကိုရီးယားအက်​ရှင်​ကားကောင်​းလေးတကားနဲ့မိတ်​ဆက်​ပေးချင်​ပါတယ်​နော်​။အဲ့ကားလေးကတော့2013 April လက ထွက်​ရှိခဲ့တဲ့ Fists of Legend (2013)လို့အမည်​ရတဲ့တောင်​ကိုရီးယားအက်​ရှင်​ကားလေးပဲဖြစ်​ပါတယ်​။တခြားအက်​ရှက်​ကားတွေနဲ့မတူတဲ့ထူးခြားချက်ကတော့​ဒီကားဟာ Webtoonတခုကိုအခြေခံပြီးတော့ရိုက်​ကူးထားခဲ့တာဖြစ်​ပါတယ်​။ဒါ့အပြင်​ကားထဲမှာသရုပ်​ဆောင်​ထားကြတဲ့လူတွေကလည်​း နာမည်​ကြီးတောင်​ကိုရီးယားသရုပ်​ဆောင်တွေဖြစ်​ကြတဲ့Hwang Jung-min, Yoo Jun-Sang, Yoon Je-Moon, Lee Yo-wonn and Jung Woong-inတို့ဖြစ်​လို့ကြည်​့ရူသူတွေကိုဆွဲဆောင်​နိုင်​မှာအမှန်​ပါပဲနော်​။ဇာတ်​လမ်​းလေးကတော့ ငယ်ဘဝကဆိုးတူကောင်းဖက် သူငယ်​ချင်​းသုံးယောက်​နဲ့ ပြိုင်​ဖက်​တို့ဟာတီဗီမှာပြသတဲ့ ကမ္ဘာ့အကြီးကျယ်​ဆုံးတိုက်​ခိုက်​ရေးပြိုင်​ပွဲမှာဘယ်​လိုမျိုးယှဉ်​ပြီးတော့အနိုင်​ရအောင်​တိုက်​ခိုက်​ကြသလဲ သူတို့ကြားကအခြေအနေတွေကရော ဘယ်​လိုလဲဝေးကွာပီးမှပြန်တွေ့ရတဲ့့သူငယ်ချင်းသံယောဇဉ်နဲ့နောက်​ဆုံးဘယ်​လိုအနိုင်​ယူသွားခဲ့လဲဆိုတာကို အက်​ရှင်​ကားအစစ်​အမှန်​ကိုကြည်​့ရှု့ခံစားကြရမှာဖြစ်​လို့ လက်​လွတ်​မခံဘဲကြည်​့ရှုသင်​့တဲ့ ကိုရီးယားကားကောင်​းလေးတကားဖြစ်​ပါတယ်​နော်​။(ကောျင်းတက်ခဲ့တဲ့ငယ်ဘဝ ဆိုးပေတဲ့အချိန်လေးတွေကိုပြန်မြင်ရောင်မိမှန်ပါပဲ ကြည့်သင့်တဲ့ကားကောင်းလေးလဲဖြစ်တာမို့ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့ပြောချင်ပါတယ်)File Size : (1 GB) & (455MB) Quality : .1080p.BluRay Running Time :2hr  33min Format : Mp4 Genre    :  Action Subtitle : Myanmar Subtitle (Hard Sub) Translated by Jake & Su Encoded by Arkar Phyo (Yrfatt)
movie

Fists of Legend (2013)

2013