Channel Myanmar

Lena

Anegan (2015) 6.7
Anegan (2015) Anegan (2015) သို့ သံသရာတည်မဲ့ချစ်ခြင်းIMDb --- 6.7/10ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ အတိတ်ဘဝကိုပြန်မှတ်မိနိုင်စွမ်းရှိသူတစ်ယောက်အကြောင်း.. ဒီကားကိုမြန်မာနိုင်ငံမှာပါမက ဗီယက်နမ် ကမ္ဘောဒီးယား မလေးရှားတို့မှာသွားရောက်ရိုက်ကူးထားပြီး ၄ ဘဝဆက်တိုက်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ အတွဲလေးရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရုံတင်ငွေကလည်း ၅၅ကုဋေထိ ပြန်ရခဲ့တဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီး ရုံကားတစ်ကားဆိုလည်းမမှား ဇာတ်လမ်းအစကိုက မြန်မာကစခဲ့ပြီး မြန်မာ့အလှ မြန်မာ့ယဉ်ကျေးမှုတွေ တစ်ပုံတစ်ပင်နဲ့ မြန်မာတို့မြတ်နိုးတန်ဖိုးထားကြတဲ့ ပုဂံ အင်းလေး ဦးပိန်တံတားပေါ်မှာပါ ရိုက်ကူးထားတဲ့ဇာတ်ဝင်ခန်းတွေဆိုရင်လည်း ကြည်နူးစရာအပြည့်ပါပဲ မာဒူလို့ခေါ်တဲ့ ဂိမ်းကုမ္ပဏီမှာလုပ်တဲ့ ကောင်မလေးဟာ သူ့ရဲ့ အရင်အတိတ်ဘဝတွေကို ပြန်မြင်လေ့ရှိတဲ့အတွက်ကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ သေချာပြကြည့်ပေမဲ့ ဆရာဝန်ကတော့ သူ့အလုပ်ရဲ့ လွှမ်းမိုးမှုဒဏ်ကြောင့် အမြင်အာရုံတွေ မှားပြီးဖြစ်တာလို့ပဲ ထင်နေပါတယ်။ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက မာဒူလေး သူ့ရဲ့ အတိတ်ဘဝတွေထဲမှာ တွေ့ခဲ့ရတဲ့သူတွေအကုန်လုံးကို အခုလက်ရှိဘဝမှာပါ ပြန်ပြီး တွေ့ဆုံနေရလို့ပါပဲ။ အတိတ်ဘဝတွေမှာ ချစ်သူတော်စပ်ဖူးခဲ့တဲ့ကောင်လေးနဲ့ ပြန်လည်တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ မာဒူလေးက မှတ်မိနေပေမဲ့ ကောင်လေးကမမှတ်မိတဲ့အခါမှာ မာဒူလေးက ကောင်လေးအနားကို ချဉ်းကပ်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးမလဲ.......မာဒူလေးက အခုလိုမျိုး ...
movie

Anegan (2015)

Airlift (2016) 8.0
Airlift (2016) ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာထွက်ရှိခဲ့တဲ့ ဒီကားဟာ ထူးထူးခြားခြားဘဲ IMdb rating မှာ 9.1/10 ရှိထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ မှာ အီရတ်တွေ ကူဝိတ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာ အိန္ဒိယနိုင်ငံသားတွေကို ကူဝိတ်မှာ ရှင်းလင်းသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်ဖြင့် သာမန်တွေ့မြင်နေကြ ဘောလိဝုဒ်ကားတွေနဲ့ မတူတာတခုကတော့ ရုပ်ရှင်ဒါရိုက်တာ ၂ယောက်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံမှန်ကြည့်နေကြ ဘောလိဝုဒ် ဇာတ်ကားတွေနဲ့ မတူဘဲ တမူထူးခြားကွဲထွက်နေတာကိုတွေ့ရမှာပါ။ ၂၀၁၄ ခုနှစ် က စာရင်းကောက်ယူချက်များအရဆို အိန္ဒိယ အစိုးရဟာ ဆန္ဒဟူဆိန်ရဲ့ တပ်များကျူးကျေ်ာမှုကြောင့် ကူဝိတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသားများကို Air India လေကြောင်းလိုင်းဖြင့် ၅၉ရက်အတွင်း ပျံသန်းမှုပေါင်း၄၈၈ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း တသိန်းတသောင်းတထောင်ခုနှစ်ရာခုနှစ်ဆယ့်နှ်စ့်ယောက် ကိုရွေ့ပြောင်းပေးခဲ့ရပါတယ်။ ဒီဇာတ်ကားက သမိုင်းကြောင်းတခုတည်းကိုသာမကဘဲ စစ်အတွင်း ငွေကြေးအာဏာတွေရဲ့ အရေးပါပုံ လူ့စရိုက် သဘောသဘာဝတွေကိုပါ မီးမောင်းထိုးရိုက်ကူးပြသပေးထားလို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ဘောလိဝုတ်ပရိတ်သက်တွေကတော့ အကြိုက်တွေ့မယ်ဇာတ်ကားကောင်းတကာားပါ။File size...(900MB) Quality...BR-Rip 720p Format...mp4 Duration....02:11:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay Translator.....Tariq L Walker အစမ်းကြည့်ရန်   
movie

Airlift (2016)