Channel Myanmar

Li Hongyi

Yesterday Once More (2016) 6.7
Yesterday Once More (2016) [Unicode]Yesterday once more (2016)IMDb rating- 6.7/10"Our Times"တို့ "You are the apple of my eyes"တို့လိုကျောင်းသားကားတွေရဲ့ Vibeကိုကြိုက်တတ်တဲ့သူတွေဆိုရင် ဒီကားကိုလည်းကြိုက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ Box office မှာ ယွမ်26.3millions ရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။*လင်ထျန်းကျောင်း*ဆိုတဲ့ကောင်မလေးကစာအရမ်းတော်တဲ့အတန်းခေါင်းဆောင်ကောင်မလေးပါ။ ရှင်းဟွာတက္ကသိုလ်ရဲ့ဘဏ္ဍာရေးမေဂျာမှာတက်ခွင့်ရဖို့ကြိုးစားနေပြီး နက္ခတ္တဗေဒပညာရှင်ဖြစ်ချင်တဲ့သူ့အိပ်မက်ကိုမေ့ထားခဲ့သူပါ။အမှတ်ရချင်ဇောနဲ့စာမေးပွဲတစ်ခုမှာခိုးချမိရင်း ကျောင်းပြောင်းကျောင်းသား *ကောင်းရှန်*နဲ့ချစ်သူတွေအဖြစ်အထင်လွဲခံရပါတယ်။ *ထျန်းကျောင်း*က*ကောင်းရှန်*ကိုအိပ်မက်မရှိတဲ့လူညံ့လို့သတ်မှတ်ပြီးအထင်သေးခဲ့ပါတယ်။ တကယ်တော့သူအထင်သေးတဲ့*ကောင်းရှန်*ဆိုတာ သူ့အိပ်မက်ကိုတကယ်ဖြစ်လာအောင်လုပ်ရဲပြီး စိတ်ထားမှန်ကန်တဲ့ကောင်လေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့*ထျန်းကျောင်း*လည်း လူငယ်ဘဝကိုကောင်းကောင်းနားလည်လာပြီး အိပ်မက်အစစ်အမှန်ကဘာလဲဆိုတာသိလာခဲ့ပါတယ်။စာကလွဲပြီးဘာမှမစွန့်စားရဲတဲ့"ထျန်းကျောင်း"တစ်ယောက် "ကောင်းရှန်"ရဲ့အားပေးမှုတွေနဲ့ သူလုပ်ချင်တဲ့အရာတွေကိုလုပ်ရဲလာခဲ့ပါတယ်။ သူရချင်တဲ့အတော်ဆုံးကျောင်းသူဆုကိုလက်ခံရတော့မဲ့အချိန်မှာ "ကောင်းရှန်"တစ်ယောက်တခြားမြို့ကိုသွားဖို့ရထားထွက်ခါနီးအချိန်ဖြစ်နေခဲ့ပါတယ်။ သူတို့တွေဘာကိုရွေးချယ်ခဲ့ကြပါသလဲ... ကောင်းရှန်နဲ့တွေ့ပြီးနောက်မှာ ဘဝအပေါ်မြင်တဲ့အမြင်တွေပြောင်းလဲသွားတာကရော မှန်ကန်မယ်လို့ထင်ပါသလား... မိသားစုကိစ္စတွေ သူငယ်ချင်းသံယောဇဉ်တွေနဲ့ သူတို့တွေတစ်ယောက်ချင်းစီရဲ့ဘဝတွေကိုကြည့်ရင်း လူငယ်ဘဝအငွေ့အသက်တွေကိုပြန်ခံစားမိပြီး ငယ်ဘဝကိုပြန်အမှတ်ရလာပါလိမ့်မယ်။( အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) [Zawgyi]Yesterday once more (2016)IMDb rating- 6.7/10"Our Times"တို့ "You are the apple of my eyes"တို့လိုကျောင်းသားကားတွေရဲ့ Vibeကိုကြိုက်တတ်တဲ့သူတွေဆိုရင် ...
movie
