Channel Myanmar

Lin Yanrou

The Hairpin of the Rogue ( 2023 ) 5.8
The Hairpin of the Rogue ( 2023 ) ငယ်ငယ်ကတည်းက ယွဲ့နွီတိုင်းပြည်မှာ ကြီးပြင်းလာခဲ့တဲ့ သိုင်းလောကသူရဲကောင်းကြီးနင့်ဝူစူးနဲ့ သူ့အဖော်မြောင့်ခုန်းခုန်းတို့ဟာ ချမ်းသာသူတွေဆီက လုယက်ခိုးယူပြီး ဆင်းရဲသူတွေကို ကူညီပေးတတ်ကြတယ်။တစ်နေ့မှာ ကျားယဲတိုင်းပြည်က မင်းသားကျားလွိထူဆီမှ ပစ္စည်းတချို့ကို လုယူမိခဲ့ပြီး လိုက်လံဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ထွက်ပြေးနေတဲ့ လမ်းမှာပဲ ယွဲ့နွီတိုင်းပြည်ရဲ့ မင်းသမီးလေးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။မသင်္ကာမှုတွေကို လိုက်လံစုံစမ်းရင်း သူတို့ဟာ အန္တရာယ်တွင်းထဲကို ရောက်မှန်းမသိ ရောက်လာခဲ့ပါတယ်။ သူတို့တတွေ ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ ...... အန္တရာယ်တွေကို ဘယ်လို ဖြေရှင်းကျော်ဖြတ်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးပြုတဲ့ သူရဲကောင်းကြီး ဖြစ်သွားမလဲဆိုတာကို ရုပ်ရှင်လေးထဲ ကြည့်ရှုခံစားလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Reviewed By Moon Encoded by LK
movie

The Hairpin of the Rogue ( 2023 )

Deep Sea Rescue ( 2023 ) 5.9
Deep Sea Rescue ( 2023 ) နည်းပညာတွေတိုးတက်လာတာနှစ်တွေကြာလာပြီဆိုပေ့မယ် ကမ္ဘာကြီးကိုလူတွေဟာလေ့လာလို့မကုန်နိုင်သေးပါဘူး။ ဆန်းကြယ်တဲ့ရေအောက်ကမ္ဘာအကြောင်းကို Sci-fi လေးတွေ ကြိုက်သူတွေအတွက် သည်းထိတ်ရင်ဖိုsurvival ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့……ပင်လယ်ရေနက်ထဲက Hydrothermal zoneမှာရှိတဲ့သတ္တု၊ဒြပ်ထုတွေရှာဖွေလေ့လာဖို့ စူးစမ်းသူအမှတ်ဆိုတဲ့ ရေငုပ်သင်္ဘောလေးဟာ ပင်လယ်ရေနက်ထဲကို ငုပ်ဆင်းလာတဲ့အချိန်မှာ မထင်မှတ်တဲ့ ပင်လယ်အောက်ခြေမြေဆီလွှာ အပြောင်းအလဲကြောင့် ရေငုပ်သင်္ဘောဟာ ပင်လယ်အောက်ရေတံခွန်ထဲကျသွားပြီး သင်္ဘောပျက်ကကြိုးတွေနဲ့ ငြိနေတာကြောင့် ရေပြင်ပေါ်ပြန်မတက်နိုင်ဖြစ်သွားပါတယ်။သူတို့အတွက်တစ်ခုထဲသောရွေးချယ်စရာက ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ဖို့ပါပဲ…… ရေငုပ်သင်္ဘောထဲမှာလူလေးယောက်အတွက် အောက်စီဂျင်အကန့်အသတ်၊ လျှပ်စစ်ဓာတ်အားအကန့်အသတ်တွေရှိတာကြောင့် အသက်ရှူတိုင်း စက္ကန့်တိုင်းဟာတန်ဖိုးကြီးပြီး အရေးကြီးလာတဲ့အခါ …… Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Deep Sea Rescue ( 2023 )