Channel Myanmar

Liu Beige

Painted Skin: Love is Destroyed ( 2024 ) 5.8
Painted Skin: Love is Destroyed ( 2024 ) ဒီဇာတ်ကား‌လေးကတော့ တရုတ် ဒဏ္ဍာရီထဲက ရှေးခေတ်မြေခွေးတွေ နဂါးတွေနဲ့အတူ ခွင်းလွင်တောင်က အမတနတ်မျိုးနွယ်တွေပါဝင်ပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ခန့်က မိစ္ဆာဘုရင်မ‌ရဲ့သောင်းကျန်းမှုကြောင့်သက်ရှိတွေ ထိခိုက်အနာတရတွေအများကြီးဖြစ်ခဲ့ပါတယ် ။ ဒီလိုနဲ့ အဲဒီမိစ္ဆာဘုရင်မကို ဖိနှိပ်ဖို့အတွက် အရှေ့ပင်လယ်နဂါးမျိုးနွယ်စုနဲ့ခွင်းလွင်တောင်ရဲ့ အမတနတ်မျိုးနွယ်တွေပူးပေါင်းပြီး နှိမ်နင်းရတော့တာပေါ့ ။အဲဒီအချိန်မှာ မိစ္ဆာဘုရင်မရဲ့နတ်ဆိုးဝိညာဉ်ကို နဂါးမျိုးနွယ်စုရဲ့ တတိယမင်းသမီးရဲ့ကိုယ်ထဲမှာ ချိတ်ပိတ်ခဲ့ကြပါတယ် ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ အဲဒီနတ်ဆိုးဝိညာဉ်ဟာ ပြန်ပြီးတွန်းကန်လာခဲ့ပါတယ် ။ အဲဒါကိုသိတဲ့ ခွင်းလွင်တောင်ကသခင်လေးက သူ့ကိုယ်သူစတေးပြီး တတိယမင်းသမီးလေးကိုကယ်တင်ခဲ့ပါတယ် ။အဲဒီလိုနဲ့သူလည်းသေဆုံးသွားပြီးလူ့လောကမှာလူဝင်စားသွားဖြစ်ချိန်မှာတော့... နဂါးမင်းသမီးလေးကလည်း သူ့ကိုလိုက်ရှာ ၊ နောက် နဂါးမင်းသမီးမှာရှိနေတဲ့ ချစ်ရွှမ်းဝိညာဉ်သစ်ရွက်ကိုလည်းလိုက်ရှာနေ‌တဲ့ မိစ္ဆာအုပ်စုတွေကလည်းရှိသေးပြန် ။ဒီလိုနဲ့သူတို့၂ယောက် အဲဒီမိစ္ဆာတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ ? မိစ္ဆာဘုရင်မကရောပြန်ပေါ်လာမှာလား ? ပေါ်လာရင်ဘယ်လို ဂြိုလ်မွှေအုံးမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာစောင့်ကြည့်ပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Romane , Fantasy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Painted Skin: Love is Destroyed ( 2024 )

Mutant: Ghost War Girl ( 2022 ) 5.9
Mutant: Ghost War Girl ( 2022 ) CM Chinese ပရိသတ်ကြီးအတွက် ခေတ်လွန်သိပ္ပံ စူပါဟီးရိုးဆန်ဆန်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...... အနာဂတ်ကမ္ဘာမှာ နည်းပညာဟာတဟုန်ထိုးတိုးတက်နေပါပြီ။ ကမ္ဘာပေါ်မှာမီဒူဆာဆိုတဲ့လျို့ဝှက်အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာခဲ့တယ်။ သူတို့ဟာလူသားတွေကိုတရားမဝင်ဖမ်းဆီပြီး သုတေသနခန်းမှာစမ်းသပ်ပစ္စည်းအဖြစ်အသုံးပြုပါတယ်။ဒီအမှုကိုစုံစမ်းသက်သေယူဖို့အတွက် မီဒူဆာအဖွဲ့မှာအသွင်ယူစုံစမ်းရင်း ဝမ်ချင်ချင်ဟာ စမ်းသပ်ခံလူသားအဖြစ်နဲ့ မျိုးရိုးဗီဇာပြောင်းဆေးရည်ထိုးခံရပြီး သာမန်လူတွေထပ်သာလွန်တဲ့အစွမ်းတွေနဲ့ သန္ဓေပြောင်းလူသားဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ကမ္ဘာပေါ်မှာသန္ဓေပြောင်းလူသားတွေပြန်နှံ့လာပြီး မြေအောက်တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာအသုံးချခြင်းကိုခံရပါတော့တယ်။သန္ဓေပြောင်းလူသားတွေပြစ်မှုကျူးတာကိုတားဖို့အတွက် နိင်ငံတကာလုံခြုံရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ကောင်းတဲ့သန္ဓေပြောင်းလူသားနဲ့ ဆိုးသွမ်းတဲ့သန္ဓေပြောင်းလူသားတွေရဲ့ တိုက်ပွဲဟာစတင်လာပါတော့တယ်..... ဝမ်ချင်ချင် တစ်ယောက် တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မလဲ...... မီဒူဆာအဖွဲ့အစည်းကြီးကိုရောဘယ်လိုဖျက်ဆီးပစ်မလဲ...... ဆိုတာကိုမမလှလှတွေရဲ့ ဖိုက်တင်ခန်းအမိုက်စားတွေနဲ့ ဝေဝေဆာဆာကြည့်လိုက်ကြပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science Fiction Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Mutant: Ghost War Girl ( 2022 )