Channel Myanmar

Liu Xiaoqing

Ice Sniper 2 ( 2023 ) 6.2
Ice Sniper 2 ( 2023 ) ဒီတစ်ခါတင်ဆက်ပေးလိုက်တာတော့ စစ်ကိုအကြောင်းပြပြီး ရတနာသိုက်ကိုသိမ်းဖို့ကြံတဲ့ ကူမင်တန်အရာရှိတစ်ယောက်နဲ့ ပြည်သူတွေအတွက် ရသမျှနည်းလမ်းနဲ့ အစွမ်းကုန်တော်လှန်တဲ့ ကွန်မြူနစ်စနိုက်ပါသမားတစ်ယောက်ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဂျပန်တော်လှန်ရေးအပြီး ကွန်မြူနစ်နှဲ့ ကူမင်တန်တွေရဲ့ပြည်တွင်းစစ်ပွဲအတွင်းအချိန်မှ ာ တရုတ်ပြည်အရှေ့မြောက်ပိုင်း တုံးပေဒေသ မုံဟူတောင်ခြေမြို့လေးမှာ တပ်နှစ်တပ်ဟာ ရက်များစွာအပြန်အလှန်ပစ်ခတ်ရင်း အခြေနေတင်းမာနေပါတယ်။မုံဟူတောင်ဂိုဏ်းခေါင်းဆောင် ကျန်းတုံးရှန်းဟာ ဂျပန်တော်လှန်ရေးစစ်ပွဲမှာပါဝင်ခဲ့တဲ့ မျိုးချစ်ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူ့ဘက်တော်သားဖြစ်တဲ့ ကွန်မြူနစ်တပ်နဲ့ပူးပေါင်းဖို့ နားချဖို့ရာ ယန်ကျန့်ဖုန်းဆိုတဲ့ လက်ဖြောင့်စနိုက်ပါသမားကို တာဝန်ပေးလိုက်ပါတယ်။ဉာဏ်များတဲ့ ကူမင်တန်အရာရှိရဲ့လှည့်ကွက်တွေနဲ့ ကွန်မြူနစ်စနိုက်ပါရဲ့ ဉာဏ်ရည် ဘယ်ဟာကပိုမြင့်လဲဆိုတာယှဉ်ပြိုင်ကြမှာပဲဖြစ်ပါတယ်။ စစ်ပွဲချည်းပဲမဟုတ်ပဲ တောင်တွေကိုကြီးစိုးတဲ့ ဓားပြဂိုဏ်းတွေရော ဒရာမာလေးတွေပါပါတဲ့အတွက် သမာရိုးကျစစ်ကားတွေထပ် ကြည့်ရတာပိုသွက်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Ice Sniper 2 ( 2023 )

The Thousand Faces Of Dunjia 2 ( 2023 ) 6.1
The Thousand Faces Of Dunjia 2 ( 2023 ) အေးချမ်းနေသလိုထင်ရတဲ့လောကကြီးမှာ လူသားတွေပဲနေထိုင်နေတာမဟုတ်ပါဘူး။ တစ်လျှောက်လုံးမှာ မိစ္ဆာကြီးငယ်တွေက လူယောင်ဆောင်ပြီး လူတွေကြားမှာရှင်သန်နေထိုင်နေခဲ့ကြပါတယ်။ ကောင်းတဲ့သူတွေရှိသလို ဆိုးသွမ်းတဲ့သူတွေလဲရှိပါတယ်။ ဒီအရာအားလုံးကိုစီစဉ်တကျဖြစ်အောင်ထိန်းသိမ်းပေးနေတာကတော့ လျို့ဝှက်ပြီးရပ်တည်နေတဲ့ဝုယင်ဂိုဏ်းဆိုတဲ့လျို့ဝှက်ဂိုဏ်းတစ်ခုပါ။မိစ္ဆာမကြီးထျန်းရှဲဟာ မကောင်းဆိုးဝါးနတ်စွမ်းအင်ထိုက်ဆွေ့ကို အသုံးချပြီးမိစ္ဆာတိုင်းပြည်ကိုတည်ထောင်ဖို့ကြံစည်နေပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲထိုက်ဆွေ့ဟာဝူရင်းဆိုတဲ့ ကလေကချေတစ်ယောက်ရဲ့ကိုယ်ထဲကိုဝင်သွားပါတယ်။ ဝုယင်ဂိုဏ်းသားလေးဖုန်းရှောင်ရှောင်ကဝူရင်းကိုရှာတွေ့သွားပြီး ထိုက်ဆွေ့ကိုသူ့ကိုယ်ထဲကနေထုတ်ဖို့ကြံစည်ခဲ့ရာ ဝူရင်းက စိတ်ကူးပြောင်းသွားပြီး ထိုက်ဆွေ့ကိုထိန်းချုပ်ပြီး လောကကြီးကိုကယ်တင်မယ့် သူရဲကောင်းတစ်ယောက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သာမန်လူသားဖြစ်တဲ့ဝူရင်းတစ်ယောက် ထိုက်ဆွေ့ရဲ့စွမ်းအားကိုထိန်းချုပ်နိုင်ပါ့မလား...... မိစ္ဆာခေါင်းဆောင်ကြီးထျန်းရှဲကိုရောဘယ်လိုအနိုင်ယူကြမလဲ...... ဝူရင်းနဲ့ဝုယင်ဂိုဏ်းသားဖုန်းရှောင်ရှောင်ကရောဘယ်လို ဇာတ်လမ်းတွေရှိခဲ့တာလဲဆိုတာ လှပဝေဆာတဲ့CGI Effect ကောင်းတွေနဲ့ စိတ်ဝင်တစ်စားကြည့်ရှုရမှာဖြစ်ပါတယ်။ ထိုက်ဆွေ့ကိုပုံဖော်ထားတာMCUရဲ့Venonနဲ့နည်းနည်းဆင်ပေမယ့် မတူညီတဲ့ဟန်နဲ့ဇာတ်လမ်းလေးမလို့ တစ်မျိုးတော့ကြည့်ကောင်းမှာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Thousand Faces Of Dunjia 2 ( 2023 )