Channel Myanmar

Lou Jiayue

Gulou Town Mausoleum ( 2024 ) 5.8
Gulou Town Mausoleum ( 2024 ) ရှေးတုန်းကတရုတ်ပြည်အနောက်ဘက်မှာ မော့ယွီဆိုတဲ့တိုင်းပြည်တစ်ခုရှိခဲ့တယ်။ တက္ကသိုလ်ကရှေးဟောင်းသုတေသနလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ ကန္တာရထဲကရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ မော့ယွီဘုရင်ဂူဗိမာန်ကိုရှာဖွေဖို့ခရီးစတင်ခဲ့ကြတယ်။သုတေသနအဖွဲ့မှာ တက္ကသိုလ်ပါမောက္ခနဲ့ ကျောင်းသားတွေအပြင် သူတို့အဖွဲ့ကိုစောင့်ရှောက်ဖို့လုံခြုံရေးအဖွဲ့ပါလိုက်ပါခဲ့တယ်။ ပျောက်သွားတာနှစ်(၂၀)ကြာပြီဖြစ်တဲ့ အဖေကိုရှာဖို့ကြိုးစားဖို့အတွက် ဝမ်ချင့်ညန်တို့ကလဲ အဖွဲ့ထဲကိုရောဝင်ခဲ့တယ်။ အဆုံးမရှိတဲ့ကန္တာရကြီးထဲမှ ာ သဲမုန်တိုင်းကိုကျော်ဖြတ်ပြီးတော့ သူတို့ဟာမော့ယွီသင်္ချိုင်းထဲကိုရောက်သွားခဲ့ကြပါတယ်။သင်္ချိုင်းထဲကရွှေငွေရတနာတွေကိုမြင်တော့ လူ့သဘာဝလောဘတွေပေါ်လာတော့တာပေါ့။ အားလုံးဟာဒီသင်္ချိုင်းဗိမာန်ထဲမှာပိတ်မိနေတဲ့အချိန် နှစ်ချို့မြွေကြီးပေါ်လာလို့ ရတနာတွေကိုဂရုမစိုက်နိုင်ပဲ အသက်ဘေးကထွက်ပြေးကြရတော့ပါတယ်။ နှစ်၂၀၀၀ကျော်သမိုင်းရှိတဲ့ ထောင်ချောက်တွေအထပ်ထပ်ပြည့်နေတဲ့ သင်္ချိုင်းဗိမာန်ထဲကနေဘယ်လို ပြန်ထွက်ဖို့ကြိုးစားမလဲ..... ရှေးဟောင်းသုတေသနစွန့်စားခန်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Adventure Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Gulou Town Mausoleum ( 2024 )