Channel Myanmar

Louis Fan Siu-Wong

Five Feet Detective ( 2024 )
Five Feet Detective ( 2024 ) ဒါကတော့အရမ်းကိုတော်လှတဲ့စုံထောက်ကြီးတစ်ယောက်ရဲ့ နယ်မြို့လေးမှာသွားပြီးတာဝန်ထမ်းဆောင်ရတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူကတော့ ၅ပေနတ်စုံထောက်လို့ နာမည်တွင်းတဲ့မြို့တော်ကလူဆိုးထိန်းကြီးဖြစ်ပါတယ်။ ဟုတ်ပါတယ် အရပ်၅ပေပဲရှိပေမယ့် အထင်သေးလို့မရတဲ့ အမှုပေါင်းများစွာကိုဖော်ခဲ့တဲ့စုံထောက်ကြီးပဲဖြစ်ပါတယ်။စုံထောက်ကြီးကအသက်ကြီးလာတော့ မြို့တော်မှာအရင်လိုအမှုတွေမဖော်နိုင်ပဲ ပြဿနာတွေပဲရှာနေမိတယ်။ မြို့တော်ကသူ့ကိုဘယ်လိုမှဆက်လက်မခံနိုင်တော့ ဝုမြို့လေးကိုပို့လိုက်တယ်။ အဲဒီမှာအမှုကြီးတစ်ခုကိုဖော်နိုင်ခဲ့မယ်ဆိုရင် မြို့တော်ကိုပြန်လာခွင့်ပေးမယ်ဆိုပြီးတော့ပေါ့။မြို့လေးကိုရောက်သွားတဲ့အချိန်မှာ မြို့လေးကသာမန်နဲ့မတူပဲ အရမ်းကိုအေးချမ်းတည်ငြိမ်နေခဲ့တယ်။ အမှုလိုက်ချင်တဲ့ဆရာကြီးအတွက်အခက်တွေ့တော့တာပေါ့။ ဒီလိုနဲ့အရေမရအဖတ်မရအမှုတွေလိုက်ရင်း တစ်နေ့မှာ လူသေမှုတစ်ခုဖြစ်လာခဲ့တယ်။ မြို့တော်ပြန်ချင်တဲ့စုံထောက်ကြီးအတွက် သဘောကျစရာပဲပေါ့။ အဲဒီအမှုကိုလိုက်ရင်နဲ့ လူသေမှုတွေကဆက်တိုက်ဖြစ်လာခဲ့တယ်။ ဒီအပေါ်ယံအမြင်မှာအေးချမ်းနေတဲ့မြို့လေးရဲ့လျှို့ဝှက်ချက်ကဘာတွေရှိနေမလဲ။ ၅ပေစုံထောက်ကြီးက ဒီဆန်းကြယ်တဲ့အမှုကိုရအောင်ဖော်နိုင်မလားဆိုတာကို ဟာသလေးတွေနဲ့ရိုက်ထားတာကြောင့် ပေါ့ပေါ့ပါးပါး အပန်းဖြေရင်းကြည့်လိုက်ပါဦး။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Five Feet Detective ( 2024 )

The Great Ice Siege ( 2024 ) 5.7
The Great Ice Siege ( 2024 ) တရုတ်ပြည်မြောက်ပိုင်းကမြို့လေးတစ်မြို့မှာ စီးပွားရေးသမားအယောင်ဆောင် လူဆိုးဂိုဏ်းတွေဟာ ခြယ်လှယ်နေကြတယ်။ တစ်နေ့မှာတော့ မြို့လေးကို လက်ဝါးကြီးအုပ်ထားတဲ့ ဝမ်ယွီကို ဖန့်မျိုးနွယ်ညီအစ်ကိုက လူသတ်သမားလွှတ်ပြီး လုပ်ကြံလိုက်ပါတယ်။ဒီမြို့လေးရဲ့သမိုင်းမှာအရမ်းကိုဆိုးရွားတဲ့အမှုဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကနေပြီး အင်အားကုန်သုံးပြီး တရားကိုဖမ်းဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ သူများလက်ကိုသုံးပြီး တစ်ဆင့်ခံသတ် သက်သေဖျောက်ပြီး ဉာဏ်များတဲ့ဖန့်ညီအစ်ကိုကို ရဲတပ်ဖွဲ့ခေါင်းဆောင်ကျိုးတို့က မဆုတ်မနစ်တဲ့ဇွဲနဲ့ အမိအရကြိုးစားဖမ်းနိုင်ဖို့ ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ရမလဲ ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Great Ice Siege ( 2024 )