Channel Myanmar

Lubna Azabal

Rebel (2022) 7.5
Rebel (2022) Rebel (2022)~ IMDb - 7.5/10, Rotten Tomatoes - 93% ~2013 နဲ့ 2016 အတွင်း ဆီးရီးယားမှာ ဖြစ်ခဲ့တဲ့ ဘာသာရေးစစ်ပွဲအတွင်းက ဖြစ်ရပ်မှန်တွေပေါ်အခြေခံထားတဲ့ ကြေကွဲဖွယ် ရုပ်ရှင်တစ်ကားပါ။ကာမယ်ဟာ ညီလေး နာဆင်၊ မိခင် လေလာတို့နဲ့ ဘယ်ဂျီယံမှာနေပြီး ကာမယ်က ရက်ပါလူဆိုး ဆေးမှုတွေဖြစ်တဲ့အတွက် မိခင်နဲ့ အဆင်မပြေပါဘူး။ တစ်ခါမှ ဒီကိစ္စတွေနဲ့ပဲ အမေဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး သူ ကောင်းတာလုပ်တာသက်သေပြဖို့ ဆီးရီးယားကို ထွက်သွားခဲ့ပါတယ်။အစက စစ်ကြောင့်နစ်နာသူတွေကို ကူညီဖို့လာတာပေမဲ့ ရောက်တဲ့အချိန်မှာ စစ်ထဲ အတင်းအကြပ် အသွင်းခံရပါတယ်။ ဆီးရီးယားက ပုန်ကန်သူအကြမ်းဖက်တွေရဲ့ ရက်စက်ယုတ်မာမှုတွေ အယူမှားတွေ မိန်းကလေးတွေကို ကျွန်ပြုတာတွေ အမှန်တိုင်းသိလာပြီး ထွက်ပြေးဖို့ကြံခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ပြန်မိသွားတဲ့အခါ...ကျန်ခဲ့တဲ့ ညီလေး နာဆင်ကလည်း စစ်သားစုဆောင်းသူတွေရဲ့ သားကောင်ဖြစ်သွားပြီး သူတို့ ဝါဒဖြန့်တာ၊ Brainwash ...
movie

Rebel (2022)

2022
Paradise Now (2005) 7.4
Paradise Now (2005) Paradise Now (2005)~ IMDb - 7.4/10, Rotten Tomatoes - 89% ~"တန်းတူ ရှင်သန်ခွင့်မရှိဘူးဆိုရင် အနည်းဆုံးတော့ တန်းတူ သေရမယ်" တဲ့။ဟုတ်ပါတယ်။ အသေခံဗုံးဖောက်ခွဲဖို့ ကြံရွယ်နေသူတစ်ဦးရဲ့ စကားပါ။ ဘာလို့ ဒါကိုပြောလဲဆိုတော့ Paradise Now ဟာ အသေခံဖောက်ခွဲရေးသမား ၂ယောက်ရဲ့ အမြင်ကတစ်ဆင့် ကြည့်ရှုရမယ့် ရုပ်ရှင်မို့လို့ပဲဖြစ်ပါတယ်။အစ္စရေး-ပါလက်စတိုင်းအရေးကိုတော့ တော်တော်များများသိကြမှာပါ။ ၂၀ရာစုလယ်လောက်ကတည်းက စခဲ့ပြီး ဒီနေ့ထိတိုင် အဖြေမတွေ့ မပြီးနိုင်သေးတဲ့ ပဋိပက္ခတစ်ခုဖြစ်ပြီး နိုင်ငံကြီးတွေ ကြားဝင်ညှိနှိုင်းပေးတာတောင် မအောင်မြင်သေးတဲ့ အရေးကိစ္စပါ။ ပါလက်စတိုင်းတွေဟာလည်း အနောက်ဘက်ကမ်းဒေသမှာ ကပ်နေရုံထက်ပိုပြီး နိုင်ငံအဖြစ်အသိအမှတ်ပြုခံရတာမျိုး မရှိသေးပါဘူး။ ဒီကားထဲမှာတော့ ပါလက်စတိုင်းတွေက အစ္စရေးတွေကို ‘အခြေချနေထိုင်သူတွေ’လို့ သုံးနှုန်းလေ့ရှိပါတယ်။Paradise Now ဟာ တဲလ်အာဗစ်လို့ခေါ်တဲ့ အစ္စရေးရဲ့ လူထူထပ်တဲ့မြို့တစ်မြို့မှာ အသေခံဗုံးခွဲဖို့ အစည်းရုံးခံခဲ့ရတဲ့ ငယ်သူငယ်ချင်း၂ယောက်ရဲ့ ၂ရက်တာအကြောင်းပါ။ တစ်သက်လုံး ...
movie

Paradise Now (2005)

2005
A Bluebird in My Heart(2018) 6.1
A Bluebird in My Heart(2018) A Bluebird in My Heart(2018)(unicode)ဒန်နီတစ်ယောက် ထောင်ကထွက်လာပြီးတဲ့နောက် ပုံမှန်ရိုးရှင်းတဲ့ဘဝကို ပြန်လည်တည်ဆောက် ပြီး ငြိမ်းချမ်းတဲ့ ဘဝလေး ဖန်တီးဖို့ကြိုးစားပါတယ်.... အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့သမီးဖြစ်သူ ကလယ်ရာတို့ပိုင်ဆိုင်တဲ့ မိုတယ်တစ်ခုမှာ အခြေချပြီး အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်...အလုပ်မှာသူပျော်သလို ကလယ်ရာဆိုတဲ့ကောင်မလေးကိုလည်း သမီးလေးတစ်ယောက်လိုခင်တွယ်မိသွားတယ်... သံယော်ဇဉ်တွေတွယ်မိတဲ့ သမီးလိုချစ်ရတဲ့ ဒီကောင်မလေးဟာ ကံဆိုးလွန်းတယ်... လူမဆန်စွာ မုဒိန်းကျင့်ခံလိုက်ရပါတယ်...ဒီအဖြစ်အပျက်ကိုသိသွားတဲ့ ဒန်နီတစ်ယောက် သူ့ရဲ့ခက်ထန်ကြမ်းတမ်းတဲ့ စိတ်တွေပြန်ပေါ်ပေါက်လာပြီး ဒီကောင်မလေးအတွက် ဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်....(zawgyi)ဒန်နီတစ်ယောက် ထောင်ကထွက်လာပြီးတဲ့နောက် ပုံမှန်ရိုးရှင်းတဲ့ဘဝကို ပြန်လည်တည်ဆောက် ပြီး ငြိမ်းချမ်းတဲ့ ဘဝလေး ဖန်တီးဖို့ကြိုးစားပါတယ်.... အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့သမီးဖြစ်သူ ကလယ်ရာတို့ပိုင်ဆိုင်တဲ့ မိုတယ်တစ်ခုမှာ အခြေချပြီး အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်...အလုပ်မှာသူပျော်သလို ကလယ်ရာဆိုတဲ့ကောင်မလေးကိုလည်း သမီးလေးတစ်ယောက်လိုခင်တွယ်မိသွားတယ်... သံယော်ဇဉ်တွေတွယ်မိတဲ့ သမီးလိုချစ်ရတဲ့ ဒီကောင်မလေးဟာ ကံဆိုးလွန်းတယ်... လူမဆန်စွာ မုဒိန်းကျင့်ခံလိုက်ရပါတယ်...ဒီအဖြစ်အပျက်ကိုသိသွားတဲ့ ဒန်နီတစ်ယောက် သူ့ရဲ့ခက်ထန်ကြမ်းတမ်းတဲ့ စိတ်တွေပြန်ပေါ်ပေါက်လာပြီး ဒီကောင်မလေးအတွက် ဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်....File Size ...
movie


Incendies (2011) 8.2
Incendies (2011)   နော်ဝယ်မာဝမ်ဆိုတဲ့အရှေ့အလယ်ပိုင်းသူ က သူမသေဆုံးခင် သေတမ်းစာရေးခဲ့ပါတယ်သူ့သေတမ်းစာကို သူ့အလုပ်ရှင်ရှေ့နေကြီးဆီမှာပဲယုံကြည်စွာအပ်နှံခဲ့ပါတယ် သူမသေဆုံးသွားပြီးတဲ့နောက်မှာတော့ ရှေ့နေကြီးက သူရဲ့ သားသမီးဖြစ်တဲ့ အမွှာမောင်နှမ၂ယောက်ရှေ့မှာပဲဖွင့်ဖတ်ပြခဲ့ပါတယ် သူရေးခဲ့တဲ့သေတမ်းစာကသူများတွေသေတမ်းစာနဲ့မတူ တမူထူးခြား နေပါတယ် ထူးခြားတဲ့တောင်းဆိုချက်တွေထဲမှာမှ သမီးဖြစ်သူဂျန်မာဝမ်အတွက် စာအိတ်တစ်အိတ်ပေးပြီး အဖေဖြစ်သူကိုရှာပြီး အဲ့စာအိတ်လေးပေးပေးဖို့တောင်းဆိုခဲ့သလို သားဖြစ်သူ စီမွန်မာဝမ်ကိုတော့ သူ့ရဲ့နောက်ထပ်အစ်ကိုဖြစ်သူကိုရှာပြီး ပေးဖို့ စာအိတ်တစ်အိတ်ပေးခဲ့ပါတယ် သားအမိ၃ယောက်ထဲနေခဲ့ပြီးမှ အဖေနဲ့နောက်ထပ်အစ်ကိုလုပ်သူကို ရှာရတော့မယ်ဆိုတော့အကုန်လုံးကလက်မခံနိုင်စရာတွေဖြစ်ခဲ့ပါတယ် သို့သော်လဲ သင်္ချာပညာရှင် ဂျန်မာဝမ်ကပုစ္ဆာတစ်ခုကိုအရှင်းဆုံးပုံစံထိ အဖြေရှာတတ်တဲ့သူဖြစ်တာကြောင့်မောင်လုပ်သူတားနေတဲ့ ကြားက သူ့တာဝန်ဖြစ်တဲ့ အဖေဖြစ်သူကိုရှာပြီးစာအိတ်ပေးဖို့ ခရီးစထွက်ပါတော့တယ် အဖေဖြစ်သူကိုရှာဖို့က အမေရဲ့အတိတ်ကို မလွှဲအသေပြန် တူးဖော်ရတော့မှာဖြစ်ပြီး သူ့အမေရဲ့အတိတ်တွေကို သူတို့မောင်နှမတွေ သိလာရတဲ့အခါမှာတော့.. IMDb 8.2/10ရထားတဲ့ ဒီကားလေးက အေးအေးဆေးဆေးဇာတ်လမ်းကိုကြည့်ချင်တဲ့သူတွေ အကြိုက်ဖြစ်မှာပါ ကျွန်တော်ကိုယ်တိုင်ကြည့်ပြီးတဲ့ အခါရင်ထဲစို့နင့်သလိုလို ခံစားရပါတယ် အင်္ဂလိပ် ပြင်သစ်နဲ့ အာရေဗီဘာသာစကားသုံးထားတဲ့ဒီကားလေးက အကောင်းဆုံးနိုင်ငံခြားဘာသာစကားသုံး ဇာတ်ကားအနေနဲ့ အကယ်ဒမီဆန်ကာတင် စာရင်းဝင်ခဲ့ပါတယ်... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ CM Translator  Wai Zin ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်  
movie

Incendies (2011)

2010