Channel Myanmar

Luca Calvani

In the Fire (2023)
In the Fire (2023) In the Fire (2023)ဟိုတလောတုန်းက တော်တော်လေးနာမည်ကြီးခဲ့တဲ့ မင်းသမီးချော Amber Heard ရဲ့ ရုပ်ရှင်ကားအသစ်ပါ။ ရှေးအင်္ဂလန်မှာ ဇာတ်အိမ်တည်ထားတာဆိုတော့... ထုံးစံအတိုင်း ရှေးအင်္ဂလိပ်တွေရဲ့ အယူသီးမှုတွေနဲ့ သိပ္ပံပညာကြားက ပဋိပက္ခတွေအကြောင်းကိုပဲ နောက်ထပ်ဇာတ်အိမ်အသစ်နဲ့ ပြထားတယ်။မွေးရာပါ ဉာဏ်ကောင်းပြီး စိတ်စွမ်းအားသဘောမျိုးပါရှိနေတဲ့ ကောင်လေးတစ်ယောက်ဟာ တစ်မူထူးနေတော့ မကောင်းဆိုးရွားဆိုပြီး တစ်ရွာလုံး ဝိုင်းစွပ်စွဲပြီး ပစ်ပယ်ထားကြတယ်။ အခြေအနေအကြောင်းကြောင်းနဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး မိုးခေါင်တာတွေ စိုက်ခင်းပျက်တာတွေ ဖြစ်လာတော့ သူ့ကို ဝိုင်းသမုတ်ကြဖို့ ပိုအကြောင်းဖန်လာခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံး ရွာက သူ့အကြောင်းနဲ့သူ ကပ်ဘေးဆိုက်လာလေလေ အကြောက်တရားနဲ့လူတွေဟာ အကြောက်တရားကို ကောင်လေးကြောင့်ပါဆိုပြီး လွှဲချပြီး အကြောက်တရားကို ဖြေဖျောက်ဖို့ ကြိုးစားကြရင်း ကောင်လေးအိမ်ကိုမီးရှို့၊ ကောင်လေးကိုပါ သတ်ဖြတ်ဖို့အထိဖြစ်လာတယ်။ ဒါကို ကောင်လေးရဲ့ စိတ်စွမ်းအင်ကိုရော စိတ်ဝေဒနာကိုရော သိပ္ပံနည်းကျဖြေရှင်းချင်တဲ့ ဆရာဝန်မတစ်ယောက်ရောက်လာပြီး ကောင်လေးကို ကုသပေးဖို့ နားလည်ပေးဖို့ ကြိုးစားရင်း ...
movie

In the Fire (2023)

2023
The Man from U.N.C.L.E. (2015) 7.3
The Man from U.N.C.L.E. (2015) The Man from U.N.C.L.E. (2015) IMDb - 7.3/10________Rotten - 67%  IMDb rating 7.3/10 ရရှိထားတဲ့ 2015 ထွက် Spy movie ကောင်းတွေဖြစ်တဲ့ Mission Impossible, Specter တို့လိုပဲ ရုံတင်ကားကောင်း တစ်ကားဖြစ်တဲ့ The Man from U.N.C.L.E ကို CM ပရိတ်သက်ကြီး အတွက် တင်ပေးလိုက်ပါပြီ။၁၉၆၀ပြည့်နှစ်အစောပိုင်းကာလကို ဇာတ်အိမ်တည်ထားပြီး ဇာတ်လမ်းအစမှာ အမေရိကန် CIA က အေးဂျင့် Napoleon ရယ်၊ ရုရှား KGB အေးဂျင့် Illya တို့ရဲ့ လက်ရုံးရည်နဲ့ ဉာဏ်ရည်ခြင်းယှဉ်ပြိုင် မှုတွေ၊ နောက်တော့ အရှေ့ဂျာမနီက ကောင်မလေးတစ်ယောက်ကိုကာကွယ်ပေးရင်းသူ့အဖေအရင်း သိပ္ပံပညာရှင်ကို နျူလိယားလက်နက်ထုတ်လုပ်ဖို့ ခြိမ်းခြောက်ခိုင်းစေနေတဲ့ နာဇီတွေရဲ့အတွင်းစည်းကို သုံးယောက်ဟန်ဆောင်ဝင်ရောက်ပုံတွေနဲ့ သူတို့သုံးယောက်ရဲ့ ရန်သူကိုလည်းပူးပေါင်းတိုက်ရင်း အချင်းချင်းလည်း တစ်ချက်လေးမှအကျော်တင်မခံပဲ အပြန်အလှန်ဉာဏ်ကစားပြီး အချင်းချင်း အသာစီးရယူဖို့ကြိုးစားပုံတွေကို… မြှပ်ကွက်တွေ ဟာသတွေနဲ့တင်ဆက်ထားလို့ အရမ်းကြည့်လို့ကောင်းတဲ့ ဇာတ်ကားဆိုတာ အာမခံပါတယ်။Spy movie ဆိုပေမယ့် ဟာသတွေနှောထားတဲ့ ...
movie

The Man from U.N.C.L.E. (2015)