Channel Myanmar

Luke Kirby

Glass (2019) 6.8
Glass (2019) UNICODE Blu-Ray(1080p5.1,720p,480p)ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ သူ့ေ့ရှကထွက်နှင့်ထားပြီးသားဖြစ်တဲ့ The Unbreakable (2000) နဲ့ Split (2016) တို့ကိုအရင်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားသုံးကားဟာ ချိတ်ဆက်နေတယကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ေ့ရှနှစ်ကားမှာဇာတ်ကောင်တွေရဲ့စရိုက်သဘာဝတွေကိုရိုက်ကူးထားတာဆိုတော့ အဲ့ကားတွေအရင်ကြည့်ပြီးရင် ဒီကားဟာအချိတ်အဆက်ရှိရှိကြည့်လို့ကောင်းမယ့်ကားပဲဖြစ်ပါတယ်။ Thriller/Si-Fi ဇာတ်ကားအမျိုးအစားဖြစ်ပြီးတော့ Cast တွေဟာလည်း သဘာရင့်မင်းသားကြီးတွေဖြစ်တဲ့ ေ့ရှကားတွေမှာလည်းပါဝင်ပြီးသားဖြစ်တဲ့ Bruce Willis, Samuel L.Jackson နဲ့ James McAvoy တို့ပဲဖြစ်ပါတယ်။ ဉာဏ်ကြီးရှင်ဖြစ်သူ Mr.Glass ခေါ် Elijah ၊ စိတ်စရိုက်ပေါင်း ၂၄မျိုးနဲ့ Keven ၊ သူမတူတဲ့ခွန်အားတွေရှိတဲ့ David တို့သုံးယောက်ကို ချုပ်နှောင်ထားပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ရာကစပါတယ်။ သူတို့ကိုယ်သူတို့ သဘာဝလွန်စွမ်းအားတယ်ရှိတယ်ဆိုတာကို မဟုတ်ကြောင်း၊ စိတ်ရောဂါတစ်ခုသာဖြစ်ကြောင်းဖြေရှင်းဖို့စမ်းသပ်နေကြတာပာ။ အစကတော့သီးခြားစီခွဲခြားပြီးလုပ်နေကြပေမဲ့ သုံးယောက်သားပူးပေါင်းမိမှာတော့ ရှုပ်ထွေးမှုတွေစပါတော့တယ်။ အထူးသဖြင့် Mr.Glass ၂၄မျိုးဘွဲ့ရှင် Keven တို့ပဲဖြစ်ပါတယ်။ တစ်ယောက်လည်း အင်မတန်ထူးဆန်းတဲ့ဦးနှောက်၊ နောက်တစ်ယောက်က ရှင်းပြရခက်တဲ့အမူအကျင့်တွေနဲ့ ပေါင်းမိတာအပြင် အဲ့ဒီစမ်းသပ်ခန်းကပါလွတ်ထွက်သွားလိုက်တော့ လိုက်ဖြေရှင်းရတာပါပဲ။ ဒါပေမဲ့ Mr. Glass ဟာလည်းသူ့ရဲ့ရည်ရွယ်ချက်အစစ်ကဘာလဲ။ Keven ဟာလည်းသူ့ရဲ့နောက်ဆုံးစရိုက်ဖြစ်တဲ့ The Beast ...
movie

Glass (2019)

2019