Channel Myanmar

Ma Ruihan

The Headless General Who Stole the Book of Heaven (2023) 5.1
The Headless General Who Stole the Book of Heaven (2023) ဒဏ္ဍာရီအရ ချဲ့ထျန်းမျိုးနွယ်စုဟာ ငရဲပြည်က တစ္ဆေတံခါးကို ဖွင့်ခဲ့ပြီး ချဲ့ထျန်းလျှို့ဝှက်ပညာကို ကျင့်ကြံခဲ့တယ်။ အဲဒီပညာရဲ့ လျှို့ဝှက်ချက်တွေကို ချဲ့ထျန်းစာအုပ်မှာ မှတ်တမ်းတင်ထားတယ်တဲ့။ အားဂူလိဦးဆောင်တဲ့ ဝံပုလွေတပ်ကြီးဟာ ချဲ့ထျန်းမျိုးနွယ်ရဲ့ နဂါးသွေးကြောရတနာနဲ့ မိန်းမလှလေး ရှီထျန်းကျောင်းကို လိုချင်တဲ့အတွက် ကျွိလန်မြို့ကို အပိုင်သိမ်းချင်နေကြပါတယ်။ မြို့စောင့်စစ်သူကြီးရှီဝမ့်ဖူးဟာ ရန်သူအင်အားကို မနိုင်တဲ့အတွက် မြို့ထဲကပြည်သူတွေနဲ့ သူ့သမီးကို ကယ်တင်ဖို့အတွက် ရှောင်းပုဖျင်နဲ့ ပူးပေါင်းပြီး ချဲ့ထျန်းစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်ပညာတွေကို အသုံးချပြီး ကျွိလန်မြို့ကို တစ္ဆေမြို့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကြောက်စရာကောင်းတဲ့ ကျိန်စာ ၇ ခုကိုလည်း ကျိန်ဆိုခဲ့ပြီး သူ့ရဲ့ခေါင်းကိုဖြတ်ပြီး တစ္ဆေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဝံပုလွေတပ်တွေကလည်း ရှီဝမ့်ဖူးကို သေပြီအထင်နဲ့ မြို့ထဲကို ဝင်လာခဲ့ပါတယ်။ မထင်ထားဘဲ မြို့ထဲမှာ နိမိတ်ဆိုးတွေ ဆက်တိုက်ပြပြီး ဝံပုလွေတပ်က စစ်သူကြီးတို့လည်း ဆက်တိုက်အသေဆိုးနဲ့ သေခဲ့ရပါတယ်။ "ခေါင်းပြတ်စစ်သူကြီးထွက်လာပြီး ကျိန်စာတွေ အမှန်ဖြစ်လာမယ်"ဆိုတဲ့ ကောလာဟလက ပျံ့သွားပြီး အားလုံးကြောက်လန့်နေကြပါတယ်။ အားဂူလိတစ်ယောက် နဂါးသွေးကြောကို ရှာတွေ့နိုင်မလား...... ခေါင်းပြတ်စစ်သူကြီးကရော မြို့နေပြည်သူတွေနဲ့ သူ့သမီးကို ဘယ်လို ကယ်တင်မလဲဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ အဖြေရှာလိုက်ရအောင်နော်။Quality - WEB DL 1080p,720p Format - mp4 Genres - Action, ...
movie

The Headless General Who Stole the Book of Heaven (2023)

The First Myth: Daji ( 2021 ) 5.8
The First Myth: Daji ( 2021 ) ရှေး‌ဟောင်းမှော်ဆန်ဖွယ်ဒဏ္ဍာရီကားကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားလေးတစ်ခုတင်ဆက်ချင်ပါတယ် တစ်ခါကအရမ်းတင့်တယ်လှပတဲ့မြေခွေးမျိုးနွယ်က ဘုရင်မတစ်ယောက်ရှိတယ်။ကံမကောင်းစွာနဲ့ မေရှန်တောင်ကမိစ္ဆာခုနှစ်ကောင်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ယွမ်ဟုန်ကဖမ်းဆီးသွားတယ်။အဲ့အချိန်မှာ ကျန်းကျီယာကမိစ္ဆာတွေကိုလိုက်နှိမ်နင်းရင်း မတော်တဆနဲ့မြေခွေးဘုရင်မကိုကယ်တင်ခဲ့ပေမယ့် သူ့အမြီးတစ်ချောင်းကိုဖြတ်ပစ်ခဲ့ရာမှဘာတွေဆက်ဖြစ်ခဲ့သလဲ။နွီဝါးမယ်တော်ရဲ့ညွန်ပြမှုဖြင့် ကျိကျိုးမြို့ရဲ့မြို့စားမင်းစူးဟုရဲ့ သမီးဖြစ်သူတာကျီပေါ်လူဝင်စားလိုက်တဲ့အခါ..... ရှန်မင်းဆက်ဘုရင်ဖြစ်တဲ့ကျုံးမင်းကြီးက ကျိကျိုးမြို့ကိုလာတိုက်ခိုက်ရင်းနဲ့ မင်းသမီးတာကျီကိုဖမ်းဆီးလိုက်တယ်။သူတို့နှစ်ဦးတွေ့ဆုံတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦးမေတ္တာသက်ဝင်ပြီး တိုင်းပြည်ကိုအုပ်ချုပ်ဖို့ပြန်သွားကြတဲ့အချိန်မှာ တိုင်းပြည်ကတည်မြဲမလား၊ပဋိပက္ခဖြစ်မလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Fantasy Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

The First Myth: Daji ( 2021 )