Channel Myanmar

Ma Xueyang

The Girl of Destiny ( 2023 ) 5.6
The Girl of Destiny ( 2023 ) CM ရဲ့ ချစ်ပရိသတ်တို့ကို ဒီတစ်ခါမှာတော့ ရှေးခေတ်မှာ ကာကွယ်ရေးနတ်အနေနဲ့ အကိုးကွယ်ခံရတဲ့ ငှက်နတ်သမီး အကြောင်းကို စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်လမ်းမှာဆိုရင် မျိုးနွယ်အစုသီးသီးကြားက ငှက်နတ်သမီးရွေးချိန်မှာ ကျိုဖုန်းဆိုတဲ့ ဖုန်းမျိုးနွယ်က သမီးပျိုလေးကို ငှက်နတ်သမီးအဖြစ် ရွေးချယ်ခဲ့တယ်ဆိုပေမယ့် တကယ့် ငှက်သမီးက သက်သက်ရှိနေတယ်ဆိုတာနဲ့ အစချီခဲ့ပါတယ်…ငှက်နတ်သမီးဟာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပေးရမယ့် တာဝန်ရှိသလို အများကလည်း တလေးတစားနဲ့ အရေးတယူ ဆက်ဆံရတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်မျိုးပေါ့… ဒီလိုအလေးပေးခံရတဲ့အတွက် ငှက်နတ်သမီးမှာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပြီး ထီးနန်းဆက်ခံမယ့် အရှင့်သားရဲ့ မိဖုရားခေါင်အဖြစ် အရှင့်သားနဲ့အတူ နန်းတက်ရမယ်လို့လည်း ယုံတမ်းရှိနေခဲ့တယ်…ဒါကြောင့်လည်း ကုလင်စစ်သူကြီးက သူ့သမီးကို ငှက်နတ်သမီးဖြစ်အောင် လုပ်ထားပြီး ညွှန့်ပေါင်းပြည်ထောင်စုကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တာပေါ့… ဒါပေမယ့် တစ်ဖက်မှာ ဖုဟောင်ဆိုတဲ့ အမျိုးသမီးလေးဟာ မွေးတည်းက သူ့ကိုယ်သူ ငှက်နတ်သမီးလို့ ယုံကြည်နေသူတစ်ယောက်ပေါ့… သူ့ပင်ကိုယ်အရည်အချင်းအရ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံနေသူတစ်ဦးပေါ့…လူသားစားတဲ့ လော့မျိုးနွယ်စုက ပုန်ကန်လာချိန်မှာတော့ တကယ့်ငှက်နတ်သမီးတစ်ယောက်ရဲ့ သမိုင်းပေးတာဝန်အရ သွေးဆူပြီး မရရတဲ့နည်းနဲ့ ရှေ့ထွက်တိုက်ခဲ့တယ်… အဆုံးသတ်မှာတော့ ဖုဟောင်တစ်ယောက် ငှက်နတ်သမီးအဖြစ် အလေးစားခံရမှာလား… ကုလင်စစ်သူကြီးရဲ့ သမီးကရော ဘာဆက်ဖြစ်မှာလဲ… ညွှန့်ပေါင်းပြည်ထောင်စုကရော ဘာတွေဆက်ဖြစ်မှာလဲ… လော့မျိုးနွယ်တိုက်ပွဲရဲ့ နောက်ဆုံးရလဒ်ကရော ...
movie

The Girl of Destiny ( 2023 )

Little Dragon Maiden ( 2022 ) 5.9
Little Dragon Maiden ( 2022 ) CM chinese fan တွေအတွက်ကို အခုတစ်ခါ သဘာဝလွန် မိစ္ဆာနဲ့လူသားတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေးမှာ အချစ်ဆိပ်တက်တဲ့ နဂါးမိစ္ဆာခေါ် ရှောင်လုံနွီညီအစ်မ ၂ ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ.... လူနဲ့ မိစ္ဆာ ဘယ်သူက ပိုကြောက်ဖို့ကောင်းလဲ... ဘယ်သူကပိုရက်စက်လဲ... နောက်ပြီး လူနဲ့ မိစ္ဆာကြားက အချစ်ကို ဘာလို့ ကန့်သတ်ထားတာလဲ... ဒီလောကမှာ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကဘာလဲ... အချစ်က ဘာမလို့ ဒီလောက်တောင် တားဆီးနေကြတာလဲ... ဒီဇာတ်လမ်းလေးက အဖြေပေးပါလိမ့်မယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ အချစ်ဆိပ်တက်ပြီး လူ့ပြည်မှာပဲ တစ်သက်လုံးခေါင်းချဖို့ကြိုးစားနေတဲ့ အစ်မဖြစ်သူကို ပြန်ခေါ်ဖို့ လူပြည်လာခဲ့တဲ့ ရှောင်ပိုင် နဂါးဖြူမိစ္ဆာမလေး... လူ့ပြည်ရဲ့ အစားသောက်တွေကို နှစ်သက်လက်ခံလာရာကနေ ဟုန်ကျီဆိုတဲ့ ဘုန်းကြီးကျောင်းသားလေးပေါ်ပါ တဖြည်းဖြည်း မသိမသာ ရင်းနှီးလာခဲ့တယ်...ဒါပေမယ့် ဟုန်ကျီဟာ သာမန်ဘုန်းကြီးကျောင်းသားလေး မဟုတ်တဲ့အတွက် သူတို့ ၂ ယောက်ကြားက ခင်မင်မှုသံယောဇဉ်ဟာ ထင်သလောက် အဆင်မပြေခဲ့သလို... ရှောင်ပိုင် သူ့အစ်မကို ရှာတွေ့မှာလား နဂါးပြည်ကိုပြန်ခေါ်နိုင်မှာလား... ဒါမှမဟုတ် ဟုန်ကျီနဲ့ပဲ လူ့ပြည်မှာ အရိုးထုတ်သွားမလား... မိစ္ဆာနဲ့လူက တကယ်ပဲ နီးစပ်ခွင့်မရှိဘူးလားဆိုတာ ဇာတ်လမ်းလေးကြည့်လိုက်တော့နော်... Quality : WEB-DL 1080p ...
movie

Little Dragon Maiden ( 2022 )