Channel Myanmar

Mackenzie Gray

A Winter Princess (2019) 6.8
A Winter Princess (2019) ဥရောပအလယ်ပိုင်းက မထင်မရှားနိုင်ငံတစ်ခုက တော်ဝင်မင်းသမီးလေး ကာလီဟာ သူရဲ့ နန်းတွင်းတော်ဝင်အရေးအရာတွေကနေ တစ်နှစ်တိတိ ခွင့်ယူပြီး နိုင်ငံရပ်ခြားက ရေခဲတောင်အပန်းဖြေရိပ်သာတစ်ခုမှာ ပွဲစီစဉ်သူအဖြစ် တိတ်တဆိတ် ၀င်ရောက်လုပ်ကိုင်နေပါတယ်..။ မွေးကတည်းက ပြဌာန်းလိုက်ပြီးသား ဘ၀တစ်ခုကနေ ခဏတာ သွေဖည်ပြီး ကိုယ်တိုင် ဘာလုပ်နိုင်တယ်ဆိုတာကို ရှာဖွေဖို့ရာ စိတ်အားထက်သန်နေတဲ့ ကာလီလေးဟာ တကယ်တမ်းမှာတော့ လုံလောက်တဲ့ အခွင့်အရေးမျိုးကို တစ်နှစ်အတွင်းမှာ မရရှိခဲ့ရှာပါဘူး။ ပြန်ရမယ့်ရက်နီးလာခါမှ ကြုံတောင့်ကြုံခဲပွဲတော်ကြီးတစ်ခုကို စီစဉ်ပေးရဖို့ဖြစ်လာပါတယ်..။ သာမန်သူအဖြစ် ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားပြချင်တဲ့ ကာလီလေး ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်မှာလား..။ ဒါ့အပြင် သူနဲ့ အတူ လက်တွဲလုပ်ကိုင်ရမယ့် တွဲဖက် ကိုလူချောတစ်ယောက်လည်း ပါလာပါတယ်။ သူ့ရဲ့ ကွယ်ဝှက်ထားတဲ့ မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကိုရော အဆုံးထိ လျှို့ဝှက်သွားနိုင်မှာလား..။ ရေခဲပြင်ကျယ်ကြီးတွေ နှင်းပွင့်နင်းမှုံတွေနဲ့ အေးစိမ့်စိမ့် ပတ်ဝန်းကျင်နောက်ခံကို ကြည်နူးငွေ့လေးဟပ်ပြီး ကြည့်ရှုကြရမယ့် ရိုမန့်ကားလေးတစ်ကားပါ။ ဒီရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Sane Khet ဖြစ်ပါတယ်
movie

A Winter Princess (2019)

2019
Violentia (2018) 7.0
Violentia (2018) ဒီကားလေးကတော့ လျှို့ဝှက်ချက်တွေများစွာtwistတွေများစွာနဲ့သေချာကြည့်ရမယ့်သိပ္ပံကားလေးတကားပါ IMDb 7 တောင်ရထားတဲ့ကားလေးပါသိပ္ပံပညာရှင်တယောက်ဟာနနိုဘော့လို့ခေါ်တဲ့မှတ်ဥာဏ်တွေကိုလိုသလိုပြောင်းလဲနိုင်မယ့်စက်ပစ္စည်းတမျိုးကိုတီထွင်ပြီးအစိုးရကိုချပြခဲ့ပါတယ်ဒါပေမယ့်သူ့အဆိုကိုဘယ်သူမှလက်မခံပဲစီးပွားရေးအရအသုံးချချင်တဲ့လူတွေကသာလာကမ်းလှမ်းကြပါတယ်အဲ့ဒါကိုငြင်းပယ်ခဲ့ပေမယ့် အဲ့အချိန်မှာပဲသူ့သမီးအသတ်ခံလိုက်ရတယ့်အခါသူ့သမီးကိုသတ်သွားတဲ့တရားခံကိုလိုက်ရှာရင်း ဘယ်လိုအလှည့်အပြောင်းတွေဖြစ်လာမလဲဘာလျှို့ဝှက်ချက်တွေပေါ်လာမလဲဆိုတာတော့ဒီကားလေးထဲမှာကြည့်ကြည့်လိုက်ကြပါနော်ဇာတ်ကားကtwistတွေအရမ်းများတာကြောင့်သေချာစိတ်ဝင်တစားကြည့်ရင်အရမ်းကိုကောင်းပြီး အကြမ်းဖက်မှုတွေနဲ့ပါပတ်သက်တဲ့ကားကောင်းလေးတကားပါ File Size : (794 MB) & ( 274 MB)Quality : BluRay 720pRunning Time : 1 hr 25minFormat : Mp4Genre : Drama , Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by HMOEncoded by Moe Myint Lwin
movie

Violentia (2018)

2018