Channel Myanmar

Madina Memet

Kung Fu League ( 2018 ) 5.8
Kung Fu League ( 2018 ) သိုင်းကားကောင်းကောင်းကြိုက်တဲ့သူတွေ အတွက်တော့လုံးဝ အကြိုက်တွေ့မယ့် ဇာတ်ကားမျိုးပါပဲ..တကယ့်ဆရာကြီးတွေဖြစ်တဲ့ ဟွမ်ဖေးဟုန် , ၀င်ချွန်းသိုင်းဆရာကြီး ယိမန် ( Ip Man ) , ဘရုစလီ ပြီးတော့ ဟော့ရင်းဂျာ တို့ ၄ယောက် ပေါင်းထားတဲ့ ဇာတ်ကားလေး ပါ ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ဖေ့ရင်းရှုံဆိုတဲ့ လူငယ်လေးတစ်ယောက်က ဆရာကြီးလေးယောက်အကြောင်း သိုင်း Comic ဆွဲထားတာပေါ့..သူတစ်ဖက်သတ်ကြိုက်နေတဲ့ ပေါင်အယ် ဆိုတဲ့ကောင်မလေးရဲ့အထင်ကြီးမှုကို လိုချင်တာရော..ပြီးတော့ Propose ပါလုပ်မယ်ဆိုပြီး စိတ်ကူးထားခဲ့သူတစ်ယောက်ပါ..ဒါပေမယ့် သူ့ရဲ့အတွေးတွေဟာ..လွဲမှားခဲ့ရပါတယ် သူ့မွေးနေ့မှာပဲ လူတွေအားလုံးရဲ့အမြင်လွဲခံရ သူခိုးအထင်ခံရနဲ့သူစိတ်နာသွားခဲ့တယ်... ရေကန်လေးဘေးမှာ ပေါက်ကရတွေအော်ဟစ်ရင်း သိုင်းဆရာကြီးတွေကိုအကူအညီတောင်းနေတာပေါ့ ရုတ်တရုက်ဆိုပဲ မမျှော်လင့်တဲ့ ဖြစ်ရပ်လေးဖြစ်လာပြီးတော့ တကယ့်သိုင်းဆရာကြီးလေးယောက်ဟာလဲ သူတို့ခေတ်ကနေ ဘုမသိဘမသိနဲ့ 2018 ကို အချိန်ခရီးသွားသလိုဖြစ်ပြီး ရောက်လာတဲ့အခါမှာတော့............ ဆက်လက်ခံစားကြည့်ရှုပါ ဘာသာပြန်သူကတော့ Phyo Zaw ဖြစ်ပါတယ်
movie

Kung Fu League ( 2018 )

2018
The Final Master (2015) 7.1
The Final Master (2015) သိုင်းကား မျှော်နေကြတဲ့ CM Fan တွေ အတွက် အကောင်းဆုံး သိုင်းကား တစ်ကားကို CM မှ တင်ဆက်ပေးလိုက်ပါပြီ IP Man ရဲ့ ၀င်းချွန်း သိုင်းအပြင် နာမည်ကြီးခဲ့တဲ့ ယုံချွန်း သိုင်းပညာ အကြောင်းကို ဒီရုပ်ရှင်မှာ ပြသထားပါတယ်... ယုံချွန်း သိုင်းပညာဟာ တောင်ပိုင်း က စတင်လာတဲ့ သိုင်းပညာဖြစ်ပြီး အစစ်အမှန်ကိုတော့ တက်သူ နည်းပါးခဲ့ပြီး ဆရာတွေ ဆိုတာလဲ ခေတ်မကောင်းလို့ သိုင်းပညာကို အစစ်အမှန် မသင်ကြတဲ့ အချိန်ပါ ၁၉၀၀ ခုနှစ်တွေ အကျော်မှာ တရုတ်နိုင်ငံရဲ့ သိုင်းလောက ဟာ မှေးမှိန်ပျောက်ကွယ်စ ပြုနေပါပြီ သိုင်းလောက မှာ အမှန်တကယ် တက်ကျွမ်းသူမှာ လက်ချိုးရေလို့ရခဲ့ပြီး ငွေသဲ့ယူ လိမ်စားနေတဲ့ သိုင်းသင်တန်းကျောင်းတွေသာ ကျန်ခဲ့ပါတော့တယ်... တရုတ်နိုင်ငံ ထန်ကျင်းမြို့ဟာ သိုင်းဂိုဏ်းပေါင်းစုံ တည်ရှိပြီး သူ့ဟာ နဲ့ သူ စည်းလုံးနေပေမယ့် သိုင်းအစစ်အမှန်ကိုတော့ မသင်ပေးကြပါဘူး ဒီလိုနဲ့ တောင်ပိုင်းသား တစ်ယောက်ဟာ ပညာအစစ်ကို ယူပြီး ထန်ကျင်းကို ရောက်လာခဲ့တယ် သူ မိန်းမ တစ်ယောက် ယူတယ် ထန်ကျင်း က တပည့် တစ်ယောက် မွေးတယ် ပညာတစ်ဝက် ...
movie

The Final Master (2015)

2015