Channel Myanmar

Mahesh Pillai

Selfiee (2023) 6.0
Selfiee (2023) Selfiee 2023 IMDb 6/10ဒီနှစ်ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားပြီး ရုံတင်ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့ အာရှေးရဲ့ ဟာသ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီရုပ်ရှင်မှာ ဘောလိဝုဒ်စတား ဗီဂျေးကူးမားအဖြစ် Akshay ပြီးတော့ ဇနီးအနေနဲ့ Diana နောက်ထပ် RTO officer အနေနဲ့ Emraan Hashmi ပေါ့။ ဒီလိုမင်းသားကြီး ၂ လက် နဲ့ မင်းသမီးတစ်လက် အပြိုင်အဆိုင်ကြဲကြမယ့် ရုပ်ရှင်ဆိုပါတော့။ 2019 တုန်းကထွက်ရှိထားတဲ့ Driving License ကို Remake ပြန်ရိုက်ကူးထားတာဖြစ်ပြီး ရုံတင်ငွေ 23.63 ကုဋေရရှိထားပါတယ်။ A list- Cast တွေနဲ့တင် အတော်ကြည့်ရတန်နေပြီမို့ ဇာတ်လမ်းအကျဥ်းကိုလည်းဆက်ဖတ်ကြည့်ကြတာပေါ့။RTO officer အဂရာဗာလ်က ဗီဂျေးရဲ့အမာခံပရိတ်သတ်ပါ။ ဗီဂျေးက ဘိုပါလ်ဆိုတဲ့မြို့မှာ ရိုက်ကူးရေးသွားလုပ်ရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ယာဥ်မောင်းလိုင်စင်လိုလာတယ်ဆိုပါတော့။ အဲဒီလိုအကြောင်းဖန်ရင်း ဗီဂျေးနဲ့ အဂရာဗာလ်တို့စတွေ့ကြတာက မထင်မှတ်ထားတဲ့ အထင်လွဲမှုတွေနဲ့ ပြဿနာတွေကြောင့် ၂ ယောက်လုံးဘဝ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတော့တယ်။ အနုပညာရှင်အလုပ်ကို ဆုံးရှုံးရနိုင်ပြီး ချောက်ကမ်းပါးအစွန်းမှာရပ်နေရတဲ့ ဗီဂျေး၊အကြိုက်ဆုံး ...
movie

Selfiee (2023)

2023
4K HEVC