Channel Myanmar

Maja Salvador

Arisaka (2021) 6.3
Arisaka (2021) ဖိလစ်ပိုင်လူမျိုးတွေရဲ့ အစ လို့လည်း ငြင်းခုန်ရတဲ့၊ အခုထက်ထိ ပြဿနာတွေ တစ်ထွေးကြီး တက်နေသေးတဲ့ လူမျိုးရေး ပဋိပက္ခဆန်ဆန် အဖြစ်အပျက်တစ်ခုကြီး ရှိပါတယ်။ သူတို့တွေကို အိုင်းတာ (Aeta) လူမျိုးတွေလို့ခေါ်ပါတယ်။ ကြေးနီးရောင် အသားအရေနဲ့ ဆံပင်အကြေကောက်နဲ့ လေလိုလွတ်လပ်ပြီး ရေလိုသိမ်မွေ့ကြသူတွေပါ။သူတို့က ဓားမဦးချ ရေကြည်ရာမြက်နုရာ စိုက်ပျိုးလုပ်ကိုင်စားသောက်တတ်တဲ့ လောဘနည်း လိုအင်မဲ့ ဘုရားသခင်နဲ့ နီးစပ်သူတွေပေါ့။ လေးမြှားတစ်စင်းနဲ့ တောလည်လို့၊ မြေဆီကောင်းတဲ့နေရာလေး အိမ်တစ်လုံးဆောက်လို့၊ လျှပ်စစ်မဲ့၊ အင်တာနက်မဲ့၊ ဖုန်းမဲ့၊ တီဗွီမဲ့ကြပေမယ်လို့ အကြင်နာ မမဲ့ကြသူတွေ။သူတို့ရဲ့ခေတ်မမီခြင်းက လူတွေအတွက် အနှောင့်အယှက်ဖြစ်စေသလား။ ဖိလစ်ပိုင် မြို့ကြီးသားများကတော့ သူတို့ကို တိရိစ္ဆာန်တွေလို၊ အရိုင်းအစိုင်းတွေလို မြို့ပြနဲ့အဝေး နှင်ထုတ်ထားကြပါတယ်။ ယှဉ်ပြိုင်စရာ တရားရုံတော်မှာလည်း လူခံမရှိ၊ ကိုယ့်လူမျိုးထဲကမှာ ရာထူးရာခံကြီးသူလည်းမရှိတဲ့ သူတို့လေးတွေက တောနက်တွေထဲမှာပဲမွေးလို့ တောရဲ့ရင်ခွင်မှာပဲ ခေါင်းချကြပါတယ်။Death March လို့ခေါ်တဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးခေါ်ဆောင်တဲ့ ...
movie

Arisaka (2021)

Thelma (2011) 6.7
Thelma (2011)  2011 ခုနှစ်ထွက် ဖိလစ်ပိုင် ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ထုံးစံ အတိုင်းစာဖိုင်မထွက်ပါဘူး အဲ့တာကို စာဖိုင်ဖန်တီးပြီး ပြန်ရေး ထားတာကြောင့်လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွတ်ပေး ကြဖို့ ကြိုတင်တောင်းပန်အပ်ပါတယ် ဒီဇာတ်ကားလေက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာထွက်ရှိခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်မှာ ရုံတင်အောင်မြင်ခဲ့ပါတယ် ဇာတ်လမ်းလေးရဲ့နာမည်ကတော့ Thelma (သဲမာ) ပါ နာမည်အတိုင်း အသဲမာတဲ့ကောင်မလေးတစ်ယောက်ရဲ့ ဘ၀ဇာတ်ကြောင်းလေးကို ရိုက်ကူးပြထားတာဖြစ်ပြီး ဖြစ်ရပ်မှန် ကိုရိုက်ကူးပြထားတာပါ လူ့ဘ၀မှာ အိမ်မက်ဆိုတာ တခုထဲ ရှိသလို အခွင့်အရေးကလဲ တခါပဲလာတာပါ အဲ့တာကို အမိအရဖမ်းဆုတ်ထား နိုင်ဖို့ကလဲ တစ်ခါပဲ လောက ကြီးကိုလူတစ်ယောက်ကိုမျက်နှာသာပေးပါတယ် တစ်သက်မှာတစ်ခါပဲ ရတဲ့ အခွင့်အရေးကို သဲမာဆိုတဲ့မိန်းမချောလေးက ဘယ်လို ဆုတ်ကိုင် အသုံးချ သွားတယ်ဆိုတာကိုတော့ ပရိတ်သတ်ကြီးက သင်ခန်းစာယူကြည့်ကြရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ သဲမာဆိုတဲ့ကောင်မလေး သူ့ဝါသနာက အပြေး သူ့အမေကလဲ အပြေးချန်ပီယံဟောင်းတစ်ယောက် ယောကျာ်းရကံမကောင်းတော့ ကြက်သမားနဲ့ ညားပြီး သဲမာတို့ ညီအစ်မ ၂ယောက်ကို ကိုယ်ဝန် ရခဲ့တယ် ဒီလိုနဲ့ ကံအကြောင်းမလှတဲ့ သဲမာတို့ ဘ၀ထဲကို မုန်တိုင်းတစ်ခုက ၀င်ရောက်လာခဲ့တယ် အဲ့တာကတော့ သဲမာ ညီမလေးကို ကားတိုက်သွားတာပါပဲ ...
movie

Thelma (2011)