Channel Myanmar

Manoj Sen Gupta

One Cut Two Cut (2022)
One Cut Two Cut (2022) One Cut Two Cut (2022)One cut two cutဆိုလို့ သွေးသံတရဲရဲနဲ့ သတ်မယ်ဖြတ်မယ်ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ကြည်နူးဖို့ကောင်းပြီး အလွဲလွဲအချော်ချော် ဟာသတွေနဲ့ကြည့်ရှုရမဲ့ ကန်နဒါဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းအမေဖြစ်စေချင်တဲ့ အလုပ်ကောင်းကောင်းရဖို့နဲ့ အိမ်ထောင်ပြုဖို့ဆိုတဲ့ဆန္ဒတွေကို ဥပေက္ခာပြုထားတဲ့ လက်မှုပညာနဲ့ဘွဲ့ရထားသူ လူပျိုသိုးကြီး ဂိုပီ...။ ဂိုပီဟာ လက်မှုပညာမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပေမဲ့ ကြောင်တောင်တောင်နိုင်တဲ့ အဝတ်အစားတွေ ပုံစံတွေကြောင့် ပတ်ဝန်းကျင်ကအလှောင်ပြောင်ခံရသူတစ်ယောက်။ဂိုပီတစ်ယောက် အစိုးရကျောင်းတစ်ကျောင်းမှာ ဆရာတစ်ယောက်အနေနဲ့ ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာပဲ လူတွေအာရုံစိုက်တာခံချင်တဲ့လူတစ်စုက စပိန်ဘဏ်ဓားပြတိုက်တဲ့ စီးရီးထဲကလို ဝတ်စုံတွေ မျက်နှာဖုံးတွေနဲ့ရောက်ချလာပြီး ကျောင်းသားတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားပါတော့တယ်။ဒီမှာပဲ ဆရာဂိုပီတစ်ယောက် Money Heistစီးရီးထဲကလို ဝတ်စုံနဲ့လူတွေကို ဘယ်လိုရင်ဆိုင်ပြီး ကျောင်းသားတွေကို ကယ်တင်လိုက်နိုင်မလားဆိုတာ အလွဲလွဲအချော်ချော်‌တွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~V~Dee~Yunni တို့ပဲဖြစ်ပါတယ်။) File size…1.3GB / 600MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 30m Subtitle….Myanamar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Dee~Yunni 
movie

One Cut Two Cut (2022)

2023