Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mare Winningham
7.6
Dark Waters(2019)
Dark Waters(2019)IMDb...7.6(unicode)ဖြစ်ရပ်မှန်ကိုအခြေခံပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ် ၂၀၁၆ခုနှစ် The New York Times Magazineထဲက Nathaniel Richရေးထားတဲ့ "The Lawyer Who Became DuPont's Worst Nightmare"ကိုအခြေခံပြီး ရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းကတော့ DuPontလို့အမည်ရတဲ့အမေရိကန်ရဲ့အကြီးဆုံး ဓာတုဗေဒပစ္စည်းတွေထုတ်လုပ်ဖြန့်ချီတဲ့ကုမ္ပဏီကြီးက ကုန်ပစ္စည်းထုတ်လုပ်ရာနဲ့စွန့်ပစ်ရာမှာသုံးတဲ့ဓာတုဗေဒပစ္စည်းတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့သက်ရှိတွေရဲ့ကျန်းမာရေးကိုထိခိုက်လာပါတယ် အဲ့ဒါကြောင့်ထိခိုက်သူတွေကရှေ့နေတစ်ယောက်ကိုငှားပြီးတော့တရားရင်ဆိုင်ရဖို့ဖြစ်လာပါတယ် အဓိကဇာတ်ဆောင်အဖြစ် ကျွန်တော်တို့ရဲ့Hulk မင်းသားကြီးMark Tuffaloကရှေ့နေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ် အမေရိကန်နိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်တာနဲ့အညီ အကြီးတန်းအုပ်ချုပ်ရေးပိုင်းကခေါင်းဆောင်တွေနဲ့သိတာကြောင့် DuPontကိုနိုင်နိုင်ချေကလုံးဝမရှိတဲ့အခြေအနေအထိဖြစ်နေလို့ရှေ့နေတော်တော်များများကငြင်းဆိုကြပါတယ်.... အစပိုင်းကစိတ်မဝင်စားပေမယ့်လဲသူ့အဖွားနေထိုင်ရာဇာတိအနောက်ဗာဂျီးနီးယာမှာဖြစ်တာကြောင့် အနည်းငယ်စူးစမ်းကြည့်ရာကနေရင်နင့်ဖွယ်ဖြစ်ရပ်တွေကိုတွေ့ပြီးတာဝန်ယူရတဲ့အထိဖြစ်လာပါတော့တယ်..... တကယ်ကိုအန္တရယ်များလွန်းတဲ့တရားခွင်ပါပဲ...သူရင်ဆိုင်နိုင်ပါ့မလား...ဆိုတာကိုတော့ ခံစားကြည့်ပါဦး... ဒီကားက တရားခွင်ကို အဓိက ပြထားတဲ့ဇာတ်ကားတွေ ထုံးစံအတိုင်း ဒိုင်ယာလော့တိုင်းဟာ ပညာသားပါပါတယ်.ခက်ခဲတဲ့ စုံစမ်းထောက်လှမ်းမှုတွေလည်း တွေ့ရပါလိမ့်မယ်...ဒါ့အပြင် ကြည့်ရသူတွေအတွက်လည်း ဗဟုသုတပေါင်းများစွာရသလို အစမှ အဆုံးထိ မပျင်းမရိနဲ့ကိုကြည့်ရပါတယ်.. ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizasဖြစ်ပါတယ်File Size : (1.07 GB) Quality : Blu-Ray 720p Format…mp4 Duration…02:05:00 Genre : Biography , Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie
Dark Waters(2019)
5.8
The Seagull (2018)
တောအိမ်ရှင်သခင်မမှာ အသက် ၅၀ ကျော်အရွယ်နာမည်ကြီးပြဇာတ်သရုပ်ဆောင်မင်းသမီးကြီးတစ်ဦးဖြစ်ပြီးသက်ကြီးရွယ်အို လူပျိုကြီးအစ်ကိုတစ်ဦးနှင့်ဆယ်ကျော်သက်အရွယ်လူငယ် သားတစ်ဦးရှိပြီးသူမသည် မော်စကိုတွင်အနေများ၍ တစ်နှစ်လျှင်တစ်ကြိမ်ခန့်သာနွေရာသီကာလများ၌ လယ်တောအိမ်သို့လာလေ့ရှိသူပေါ့အစ်ကိုဖြစ်သူနှင့် သားဖြစ်သူသာလယ်တောအိမ်ကြီးတွင် အလုပ်သမားများနှင့်နေထိုင်ပါတယ်..သားဖြစ်သူတွင် လယ်တောအိမ်ကြီးရှိသည့်ကျေးရွာမှ ချောမောလှပသည့်မိန်းကလေးချစ်သူတစ်ဦးရှိကာ ပြဇာတ်အနုပညာကို စိတ်ဝင်စား၍စာရေးဆရာဖြစ်ချင်သူတစ်ဦးတစ်ယောက်ပါမိခင်ဖြစ်သူသရုပ်ဆောင်မင်းသမီးကြီးကတော့မော်စကို မြို့ပေါ်မှနာမည်ကြီးစာရေးဆရာ သက်လတ်ပိုင်းတစ်ဦးနှင့်ချစ်သူဖြစ်နေကြပြီးနွေရာသီလယ်တောအိမ်သို့ လာရောက်သည့်ခရီးတွင်သူမထက်ငယ်ရွယ်သည့် ချစ်သူဖြစ်သူနာမည်ကြီးစာရေးဆရာကိုပါ ခေါ်ဆောင်လာခဲ့တာကနေအမေ၏ချစ်သူနှင့် သား၏ချစ်သူတို့ တွေ့ဆုံမိကြသောအခါ....လူ့သဘာဝ၊ လူ့စရိုက်နှင့် လောဘ၊ ဒေါသ၊ မောဟတို့ လောင်မြိုက်မှုများကိုတစ်ကန့်စီမီးမောင်းထိုးပြထားသော အချစ်ဒရာမာဇာတ်ကားဖြစ်လို့စိတ်ဝင်တစားနဲ့ကြည့်ရမှာပါ...File Size : ( 845 MB) & ( 231 MB)Quality : Web-DL 720pRunning Time :1hr 38 minFormat : Mp4Genre : Comedy , Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded ...
movie
The Seagull (2018)
2018
7.1
Brothers (2009)
Brothers (2009) IMDb - 7.1/10_____Rotten - 64% မင်းသား Tobey Maguire , Jake Gyllenhaal , မင်းသမီး နာတာလီပေါ့ထ်မန်းတို့ပါဝင်ထားတဲ့ စစ်ပွဲအခြေပြု Drama,Thriller,War အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ IMDb Rating (7.1) ရရှိထားတဲ့ဇာတ်ကားပါ။ Tobey နဲ့ နာတာလီပေါ့ထ်မန်း က လင်မယား....ကလေးနှစ်ယောက်လဲရှိတယ်....Jake နဲ့ Tobey က ညီအစ်ကိုတွေ... Tobey ကတော့ အမေရိကန်မရိန်းတပ်ကဗိုလ်ကြီး... Jake ကတော့ ထောင်ထွက်အပေအတေ... အာဖဂန်နစ်စတန်ကစစ်ဆင်ရေးတစ်ခုမှာ Tobey တစ်ယောက် အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားတဲအခါမှာတော့..........။ File size…(900 MB) Quality…BluRay 720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Bonne Fille
movie
Brothers (2009)
2009