Channel Myanmar

María Isabel Díaz Lago

On the Fringe (2022) 6.7
On the Fringe (2022) On the Fringe (2022)~ IMDb - 6.7/10, Rotten Tomatoes - 80% ~စပိန်မင်းသား Juan Diego Botto ဒါရိုက်တာလုပ်ပြီး ပွဲဦးထွက်အနေနဲ့ရိုက်တဲ့ စပိန်ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရော နာမည်အကြီးဆုံး စပိန်မင်းသမီး Penélope Cruz ရော သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ စပိန်ရဲ့မျက်မှောက်ခေတ်မှာ ကြုံနေရတဲ့ လူမှုဘဝပြဿနာတွေရောကိုပြထားပြီး အဲဒီထဲက အကြီးဆုံးပြဿနာဖြစ်တဲ့ ဘဏ်ကြွေးကြောင့် နေအိမ်က နှင်ထုတ်ခံရတဲ့ မိသားစုတွေအကြောင်းကိုရော ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတယ်။စပိန်ပြည်သူတွေကို အရင်အစိုးရက ဘဏ်တိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် ပြည်သူတွေဟာ အိမ်အပေါင်စာချုပ်တွေနဲ့ ငွေချေးတာတွေ၊ သားသမီးအိမ်၀ယ်ဖို့ မိဘက အာမခံပေးတာတွေ လုပ်ခဲ့ကြတယ်။ အစိုးရသစ် ဘဏ်စနစ်အသစ်မှာ အတိုးတွေဟာ မိုးထိထိုးတက်ကုန်ကြပါတယ်။ ဒီနောက်မှာ ဘဏ်တွေဟာ အတိုးကို အကြောင်းပြုလို့ အိမ်တွေကို သိမ်းလာတဲ့အခါ စပိန်မှာ အိုးမဲ့အိမ်မဲ့တွေ များပြားလာခဲ့တယ်။ ...
movie

On the Fringe (2022)

2022