Channel Myanmar

Mark Fleischmann

Golda (2023) 6.1
Golda (2023) Golda (2023)~ IMDb - 6.1/10, Rotten Tomatoes - 53% ~အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် ...
movie

Golda (2023)

The Princess Switch (2018) 6.1
The Princess Switch (2018) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးမယ်နော်...ဒီဇင်ဘာလလည်း ရောက်တော့မယ်...ခရစ်စမတ်နေ့လည်း နီးပြီဆိုတော့ ခရစ်စမတ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါမယ်...ကြည့်ရတာ ပျော်စရာကောင်းပြီး အဆုံးသတ်လည်းလှတော့ကြည့်ရှုသူတိုင်း ကျေနပ်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ...Netflix မှဖြန့်ချီပြီး IMDb 6.1 ရထားတာမို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းပါနော်...ဒီဇာတ်လမ်းမှာတော့ High School Musical ဇာတ်လမ်းနဲ့ လူသိများတဲ့မင်းသမီး Vanessa Hudgens က နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ်...အညွှန်း- ချီကာဂိုမှာ မုန့်ဖုတ်ဆိုင်ဖွင့်ထားပြီး အတော်အသင့် နာမည်ရထားတဲ့ကောင်မလေး စတေစီ..သူက သူငယ်ချင်းဖြစ်သူ ကယ်ဗင်နဲ့ ဒီမုန့်ဖုတ်ဆိုင်ကို ဦးစီးပါတယ်...စတေစီက ရည်းစားနဲ့ကွဲပြီးပူပူနွေးနွေး အသည်းကွဲနေသူတစ်ယောက်ပါ...ဒါကို သိတဲ့ ကယ်ဗင်က စတေစီအတွက် စိတ်ထွက်ပေါက်ဖြစ်အောင်ဆိုပြီးဘယ်ဂရေးဗီးယားနိုင်ငံမှာ ကျင်းပတဲ့မုန့်ဖုတ်ပြိုင်ပွဲအတွက် စာရင်းသွင်းခဲ့ပါတယ်...မုန့်ဖုတ်ပြိုင်ပွဲမှာ စတေစီပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်...ဘယ်ဂရေးဗီးယားနိုင်ငံကတော့ ဘုရင်အုပ်ချုပ်တဲ့နိုင်ငံတစ်ခုပါ...ဒီအချိန်က ဘယ်ဂရေးဗီးယားနိုင်ငံရဲ့ မင်းသား အက်ဒ်ဝပ်အိမ်ထောင်ပြုတော့မယ့် အချိန်ကာလဖြစ်နေပါတယ်...မင်းသား အိမ်ထောင်ပြုမယ့် သတို့သမီးလောင်းကတော့မွန်တဲနားရိုးမြို့စားအမျိုးသမီး မာဂရက်ပဲဖြစ်ပါတယ်...ထူးခြားတာက မာဂရက်နဲ့ စတေစီက ရုပ်တစ်ထပ်တည်းနီးပါး တူနေတာပါ...မာဂရက် မုန့်ဖုတ်ပြိုင်ပွဲအပြင်အဆင်ကို လာကြည့်တဲ့ အချိန်...စတေစီကလည်း ...
movie

The Princess Switch (2018)