Channel Myanmar
Mark Wahlberg
Four Brothers (2005) 6.9
Four Brothers (2005) 2005 ခု နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Four Brother ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ John Singleton ကရိုက်ကူးတင်ဆက်ထားပါတယ်..IMDb Rating ကလည်း 6.9 ရရှိထားတာမို့ကားကောင်းတစ်ကားလို့ဆိုလိုရမှာဖြစ်ပါတယ်..အက်ရှင်ဇာတ်ကားအကြမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့သဘောတွေ့မယ့်ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်..ဇာတ်လမ်းပုံစံလေးကတော့..အင်မတန်ဆိုးတဲ့ ညီအကိုလေးယောက်...သူတို့ဟာဆိုးလွန်းလို့လူတိုင်းကသဘောမကျကြဘူး..အကြီးဆုံးအကိုကြီးဆိုရင်..မြို့ထဲမှာတောင်နေလို့မရတဲ့အဆင့်ထိပါပဲ..တစ်နေ့မှာ သူတို့လေးယောက် ကို ငယ်ငယ်ကတည်းက မွေးစားခဲ့တဲ့ အမျိုးသမီးအသတ်ခံရတဲ့အချိန်မှာတော့ ရဲတွေကရော..မြို့လူထု ကရော သူတို့ကိုသံသယဝင်နေကြပါတယ်..သူတို့တကယ်ပဲ သူတို့ရဲ့မွေးစားမိခင်ကိုသတ်တာလား..သူတို့ရဲ့ဆိုးသွမ်းမှုတွေကြောင့်အထင်ခံရတာလား..ဒီကိစ္စတွေကိုသူတို့ဘယ်လိုဖြေရှင်းမှာလဲ ဆိုတာတွေကို..စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ရှုကြပါFile Size : (850 MB) and (355 MB)Quality : Blu-Ray 720p Running Time : 1hr 49min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Myat Noe Wutt Yi Encoded by Thanhtike Zaw
movie
Four Brothers (2005)
2005
The Departed (2006) 8.5
The Departed (2006) IMDb (8.5)....Rotten Tomatoes (90%) ဒီနေ့တော့ ရုပ်ရှင် အဟောင်းလေး တစ်ကား အကြောင်း ပြောရအောင်။တော်တော်များများတော့ ကြည့်ဖူးမယ်ထင်ရဲ့။The Departed (2006) (IMDb Rating 8.5/10) ဆိုတဲ့ကားးပါ။မူရင်းက ဟောင်ကောင်ရုပ်ရှင် ၂ ကားတွဲ Infernal Affair (2002) (IMDb Rating 8.1/10) ဆိုတာပါ။ဒါကို ဟောလိဝုဒ်က တစ်ကားထဲဖြစ်အောင် သူတို့ နိုင်ငံနဲ့ ကိုက်ညီအောင် ညှိပြီး ရိုက်ယူထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။အရှေ့တိုင်း ဆန် တယ် လို့ ခံစားရတဲ့ ဟောလိဝုဒ် ကား တိုင်း ကြိုက်မိတာမို့ ကြည့်မိပါတယ်…ပြီးတော့ ပါဝင်တဲ့ မင်းသား ၂ ယောက်လုံးအပြင် ဇာတ်ရံတွေကို နာမည်ကြီး မင်းသားကြီးတွေချည်း သုံးထားတာကလည်း ဒီရုပ်ရှင်ရဲ့ ဆွဲဆောင်မှု တစ်ခုပါ။ကျနော် ပထမ တစ်ကြိမ် ကြည့်တုန်းက Leonado Dicaprio ထက် ...
movie
The Departed (2006)
2006
All the Money in the World (2017) 7.0
All the Money in the World (2017) ၁၉၇၃ ခုနှစ်​ ​ရောမမြို့မှာ မျက်​နှာဖုံးစွပ်​ထားတဲ့ လူ​တွေဟာ John Paul Getty ဆိုတဲ့ ဆယ်​​ကျော်​သက်​​ကောင်​​လေးကို ပြန်​​ပေးဆွဲခဲ့ပါတယ်​သူ့အဘိုး Jean Paul Getty က​တော့ အချမ်းသာဆုံး ဘီလီယံနာတစ်​​ယောက်​ပါဒီ​တော့ သူ့အ​မေ Gail က သူ့အဘိုးဆီက ​ငွေညှစ်​ဖို့အတွက်​ ပြန်​​ပေးဆွဲခဲ့တာပါGetty ကငြင်းဆန်​တဲ့အခါမှာ​တော့ သူ့သားကို ဖမ်းတဲ့သူ​တွေက နှိပ်​စက်​လာတဲ့အတွက်​​ကြောင့်​ သူ့ကို လွှမ်းမိုးဖို့ သူမကြိုးစားပါ​တော့တယ်​ ဒီ​တော့ အချိန်​ကြာလာတဲ့အခါ Gail နဲ့ Getty ရဲ့အကြံ​ပေးတို့ ၂ ​ယောက်​ရဲ့ ပြိုင်​ပွဲမှာ ဘာ​တွေဖြစ်​လာမှာလဲ သိချင်​ရင်​​တော့ ၂၀၁၇ ကထွက်​ခဲ့တဲ့ All the money in the world ဆိုတဲ့ဇာတ်​ကား​လေးကို ကြည့်​ရှုလိုက်​ကြပါလို့ ညွှန်း​ပေးပါရ​စေIMDb rating 6.9 ထိရထားတဲ့ ဇာတ်​ကား​ကောင်း​လေးပါ (ဘာသာပြန်သူကတော့ Nay_Yell_Ni ပါ) File Size : (950 ...
movie
2017
Daddy’s Home 2 (2017) 6.0
Daddy’s Home 2 (2017) Daddy's Home 2 (2017)_____IMDb - 6.0/10  ဒီဇာတ်ကားလေးကတော့ လွန်ခဲ့တဲ့ ၃ နှစ်ကရိုက်ကူးခဲ့ပြီး ပရိတ်သတ်အားပေးမှုတစ်ခဲနက်ရရှိခဲ့တဲ့ Daddy's Home (2015) ရဲ့အဆက် Daddy's Home 2(2017) ပဲဖြစ်ပါတယ်... ဒီဇာတ်ကားအတွက် ဘတ်ဂျက် ၆၉သန်း ဒေါ်လာလောက်နဲ့ရိုက်ကူးခဲ့ပေမယ့် Box Office မယ် ဒေါ်လာသန်း ၁၈၀ကျော် လောက်ထိ ပြန်ရခဲ့တာမို့ အတော် လန်းလောက်မယ့် ကားလေးလို့ ခန့်မှန်းနိုင်ပါတယ်... ဇာတ်လမ်းအကျဉ်း ဘက်သွားရမယ်ဆိုရင်ဖြင့်... ဘရက် နဲ့ ဒက်တီဟာ မီဂန် ဒိုင်လန်ဆိုတဲ့ကလေးနှစ်ယောက်ကို တွဲဖက် အုပ်ထိန်းနေကြတဲ့ အုပ်ထိန်းသူ အမျိုးသားနှစ်ဦးဖြစ်ပါတယ်... ကလေးနှစ်ဦးဟာလည်း ဟိုအိမ် တလှည့် ဒီအိမ်တလှည့် စီနေရင်း အုပ်ထိန်းစောင့်ရှောက်ခံရတာပေါ့... ဘရက်နဲ့ ဒက်တီတို့နှစ်ဦးမှာလည်း ဇနီးမယားကိုယ်စီရှိကြပါသေးတယ်...   တစ်နေ့ ဒီဖခင်နှစ်ဦး ဟာ မီဂန်အတွက် ကျောင်းပြဇာတ်ကို လိုက်သွားခဲ့ရာမှ သူတို့ကလေးဟာ ဒီလိုအိမ်နှစ်လုံးမှာ တလှည့်စီနေထိုင်ရတာ မပျော်မရွှင်ဖြစ်နေကြောင်း သိလာရပါတယ်... ဒါကြောင့်ပဲ ... ခုနှစ် ခရစ်စမတ်ပွဲကိုတော့ ခါတိုင်းလို သီးခြားခွဲမလုပ်ကြဘူး... တစ်ပေါင်းတစ်စည်းတည်း လုပ်ပေးရင်း ကလေးအတွက် ...
movie
Daddy’s Home 2 (2017)
2017
Date Night(2010) 6.3
Date Night(2010) ဖီလ်ဖော်စတာနဲ့ကလျာဖော်စတာတို့ဟာနယူးဂျာစီပြည်နယ်မှာနေတဲ့အိမ်ထောင်သည်​လင်​မယား ၂ဦးပါ။ လင်​မယား ၂​ယောက်​ဟာ သားသမီး​တွေပြုစုရ ​ငွေရှာရ ဆို​တော့ တစ်​​ယောက်​ကိုတစ်​​ယောက်​ အချိန်​မ​ပေးနိုင်​ကြဘူး:။ ဒီ​​တော့ သူတို့ ၂​ယောက်​ ဟာ အလှည့်​အ​ပြောင်း​လေးဖြစ်​သွား​အောင်​ အိမ်​နဲ့ခပ်​လှမ်းလှမ်းမှာရှိတဲ့ မြိုတစ်​မြို့ရဲ့ ဆိုင်​ကြီးတစ်​ဆိုင်​မှာ ​ပျော်​စရာ​တွေပြန်​ဖန်​တီးဖို့ ညဘက်​မှာချိန်း​​တွေ့ကြတယ်​ ။ဆိုင်​က နာမည်​ကြီး လူကြိုက်​များတဲ့အပြင်​ အထင်​ကရ​တွေပဲလာတတ်​​လေ​တော့ ဘွတ်​ကင်​ကြိုမလုပ်​တဲ့သူတို့အဖို့ ​နေရာ မရရှာဘူး။သူတို့လင်​မယား ၂​ယောက်​ဟာ ဘွတ်​ကင်​လုပ်​ပြီးမလာတဲ့ သူရဲ့ဝိုင်းကိုခပ်​တည်​တည်​နဲ့ဝင်​ထိုင်​ကြတယ်​။။။အဲ့ဒီမှာပြသနာစ​တော့တာပဲ။။။ လူဆိုး​တွေက အဲ့စားပွဲကို လာထိုင်​တဲ့ သူကို​​စောင့်​​နေတာပါ ဘာလို့ဆို ဘွတ်​ကင်​လုပ်​ထားတဲ့နာမည်​နဲ့လူဟာ နိုင်​ငံအကြီးအကဲ ရဲ့ လျှို့ဝှက်​ အချက်​အလက်​​တွေခိုးယူထားတဲ့သူမို့ပါ။ ​ပျော်​ချင်​လို့ ​လာတဲ့လင်​မယား ၂​ယောက်​ ၆ပါးစ​မှောက်​​တော့တာပဲ။ ကိုင်းပြိတ်​သတ်​ကြီး​ရေ အလွဲအ​ချော်​တွေနဲ့ ဟာသကား​လေး​တွေကြည့်​ချင်​တယ်​ဆိုရင်​​တော့ ကိုင်း ........ ဒီကားထဲကအဓိကသရုပ်​​ဆောင်​ တလွဲမင်းသားကြီးကို​တော့သိကြမှာပါ​နော်​File Size…(874 MB) and (355 MB) Quality…BluRay Rip 720p Format…mp4 Duration…01:27:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo Pyae Translated by Saw Wunna
movie
Date Night(2010)
2010
Shooter (2007) 7.2
Shooter (2007) အာဖရိကရှေ့တန်းစစ်ဆင်ရေးတစ်ခုမှာ သူငယ်ချင်းလဲဖြစ် တွဲဖက်လဲဖြစ်သူကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့လူတစ်ယောက်ပစ်ခတ်မှုတွေကိုစိတ်နာပြီး အငြိမ်းစားယူခဲ့တဲ့လူတစ်ယောက်ကိုက် ၁၀၀၀ အကွာအဝေးကပစ်မှတ်ကို မလွဲအောင်ပစ်နိုင်တဲ့လူတစ်ယောက်သမ္မတလုပ်ကြံမှုကိုကာကွယ်ဖို့ အထက်အရာရှိက အကူအညီလာတောင်းတဲ့အခါ ပစ်ခတ်မှုတွေကြားထဲပြန်ဝင်လာခဲ့တယ်ဒါပေမယ့် သူ့ကိုထောက်ချောက်ဆင်ပြီး အသုံးချမယ်ဆိုတာ သူမသိခဲ့ဘူးအဲ့ထောင်ချောက်ဆင်တာကို လွတ်အောင်ပြေးနိုင်မလားသူ့ကိုထောင်ချောက်ဆင်ခဲ့တဲ့သူတွေကို လက်စားချေနိုင်မလားထောင်ချောက်ဆင်မှုနောက်ကွယ်မှာ ရှိနေတဲ့အဓိကလျို့ဝှက်ချက်ကိုရောဖော်ထုတ်နိုင်မလားတရားဥပဒေက နောက်ဆုံး အနိုင်ယူနိုင်မလားဒါမှမဟုတ်.................IMDB Rating 7.2/10 ရရှိထားတဲ့ Action,Crime,Drama အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်Transformer မင်းသား Mark Wahlberg က စနိုက်ပါသမား တပ်ကြပ် Bob Lee Swagger အဖြစ် သရုပ်ထားပြီးမင်းသမီးကတော့ Transcendence နဲ့ Fantastic Four(2015) ထဲကမင်းသမီး Kate Mara ပဲဖြစ်ပါတယ်Ant Man(MCU)ကားထဲက စကားခပ်ပြတ်ပြတ်ပြောတတ်တဲ့ Michael Pena ကလည်း FBI agent Nick Memphis အဖြစ် ပါဝင်အားဖြည့်ထားပါသေးတယ်။Actionဇာတ်ကားကောင်းကောင်းကြိုက်တဲ့သူတွေကတော့လုံးဝလက်မလွှတ်သင့်ဇာတ်ကားပဲဗျို့  (ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)  File Size : (950 MB) ...
movie
Shooter (2007)
2007
Patriots Day (2016) 7.4
Patriots Day (2016) ဒီဇာတ်လမ်းလေးကို ရုပ်ရှင်မကြည့်ခင်မှာပဲအားလုံးသိပြီးကြမှာပါ။ ၂၀၁၃တုန်းကကျင်းပခဲ့တဲ့ Bostonမာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုဖြစ်ပြီး လူတွေသေကြေ ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ကျနော်ကိုယ်တိုင်လည်း ဒီဇာတ်လမ်းကို ၂၀၁၃တုန်းကပဲ DVBကလွှင့်ခဲ့တဲ့ Documentryအတိုလေးကြည့်လိုက်ရပါတယ်။ ဒီတော့ Spoilerတွေဘာတွေသိပ်စိတ်ပူနေစရာမလိုပါဘူး။ ဒီကားကိုအမှန်အတိုင်းပြောရရင် ကျနော်လည်းသိပ်ကြည့်ချင်ခဲ့တာမဟုတ်ပါဘူး။ ဇာတ်လမ်းကသိပြီးသားဆိုတော့ အခွေထွက်တာပဲစောင့်မယ်ကြံခဲ့တာပါ။ ဒါပေမယ့် ရုံသွားကြည့်သူတွေရဲ့Feedbackအရ သိပြီးသားဇာတ်လမ်းကိုပဲ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြသွားပြီး ကြည့်လို့်ကောင်းတယ်လို့ ပြောကြပါတယ်။ ဒါနဲ့ပဲ ကျနော်လည်းရုံမှာအပြေးသွားကြည့်ခဲ့ပါတယ်။ အားလုံးပြောကြတဲ့အတိုင်း ဇာတ်လမ်းဟာသိပြီးသားဖြစ်ပေမယ့် အလွန်ကိုစိတ်ဝင်စားစရာ ကောင်းလွန်းခဲ့ပြီး နောက်ဆုံးခန်းအထိကို ကြည့်နေတဲ့ပရိသတ်တွေကို ဆွဲခေါ်သွားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျနော်မပြောလည်းအားလုံးသိပြီးကြမှာပါ။ 2013,April 15ရက်နေ့မှာ Bostonမြို့မှာကျင်းပခဲ့တဲ့ မာရသွန်ပြေးပွဲမှာ ဗုံး၂လုံးပေါက်ခွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဗုံးဟာ Home-Madeဗုံး လို့ယူဆရပြီးBostonမြို့ခံရဲသား Tommy Saunders(Mark Wahlberg)ကဦးဆောင်ပြီး Commissioner Ed Davis (John Goodman)နဲ့ FBI Special Agent Richard DesLauriers (Kevin Bacon)အတူပူးပေါင်းကာ ဗုံးဖောက်ခွဲသူကိုဖေါ်ထုတ်ကြတာပါ။ ဇာတ်ကားစစချင်းမှာ ဒါရိုက်တာက Characterတွေရဲ့အခန်းတွေကိုဟိုစပ်ဒီစပ်ပုံစံနဲ့ရိုက်ပြသွားပြီး ဗုံးဖောက်ခွဲပြီးနောက်ပိုင်းမှာတော့ ဒီCharacterအားလုံးဟာ ဇာတ်လမ်းထဲတဖြည်းဖြည်းဝင်လာခဲ့ပါတယ်။ Mark Wahlbergရဲ့သရုပ်ဆောင်မှုကတော့ တချက်၂ချက်ထဖောက်တာကလွဲပြီး အတော်ပီပြင်ကောင်းမွန်တယ်လို့ချီးကျူးရမှာပါ။ J.K Simmonsကြီးလည်းအရံအဖြစ်ပါဝင်ခဲ့ပြီး Screen Timeနည်းတယ် ဆိုပေမယ့် ပါရတယ့်အခန်းမှာရအောင်တော့ကြမ်းပြသွားပါသေးတယ်။ (Rogue Oneမှာ Darth Vaderပါလာသမျိုးပါပဲ။) 10 CloverField Laneဇာတ်ကားမှာပါဝင်ခဲ့တဲ့ John Goodmanနဲ့ Tremors နဲ့ Hollow Manဇာတ်ကားတွေထဲက Kevin Baconတို့ရဲ့ ...
movie
Patriots Day (2016)
2016
The Fighter (2010) 7.9
movie
The Fighter (2010)
2010
Daddy’s Home (2015) 6.2
Daddy’s Home (2015) Daddy's Home (2015)_____IMDb - 6.2/10  IMDb rating 6.2/10 ရရှိထားပြီး ဖခင်(ပထွေးတယောက်နဲ့ ဖခင်အရင်းတယောက်တို့ရဲ့ မိဘ မေတ္တာကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်) ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ Will Ferrell, Mark Wahlberg မင်းသားကြီး ၂ယောက်က ပါဝင်သရုပ်ဆောင်ထားတာ ဆိုတော့ ဇာတ်ကားက ကောင်းတယ် မကောင်းဖူးကတော့ မပြောတော့ပါဘူး ပရိတ်သတ်ကြီးကပဲ ကိုယ့်ဖာသာဒေါင်းယူကြည့်ပြီး ဆုံးဖြတ်ကြပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ခရစ်စမတ်ကျောင်းကပွဲအတွက် အဖေ ၂ယောက် အပြိုင်အဆိုင် ရွေးချယ်ခံရဖို့ကို ကြိုးစားကြပုံကို ရိုက်ကူးပြထားတာပါ။ ပထွေးဖြစ်သူ Mark Wahlberg ဟာ သူ့ မယားပါ ကလေးတွေကို နားလည်မှုရရှိရန် ကြိုးစားနေတုန်းမှာဘဲ မထင်မှတ်ထားတဲ့ ဆာရာ (Linda Cardellini) ရဲ့ အရင်ယောကျာ်း Will Ferrell, ရောက်ရှိလာတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်လတ်ဖြစ်ပျက်ကြမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျာ(ဒီဇာတ်ကားမှာ ပထွေးတယောက်ရဲ့ ခံစားချက်ကို ထိထိမိမိပုံဖော်ပြထားလို့ ပထွေးဖြစ်အောင်ကြိုးစားကြည့်ကြပါလို့) File size...(620 MB)   Quality...720p Format...mp4 Duration....01:36:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay    အစမ်းကြည့်ရန် 
movie
Daddy’s Home (2015)
2015