Channel Myanmar

Mary Elizabeth Mastrantonio

Robin Hood: Prince of Thieves (1991) 6.9
Robin Hood: Prince of Thieves (1991) Robin Hood Prince of Thieves (1991)============================= ရော်ဘင်ဟုဒ်ကားတွေအများကြီးထဲကမှ ဗားရှင်းတမျိုးကားကောင်းအဟောင်းလေးတခုနဲ့မိတ်ဆက်ပေးပါမယ်။Kevin Costner Alan Rickman တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေမှလည်းပါ၀င်ထားပါတယ် ရော်ဘင် လော့စလေ ဟာခရူးဆိပ်စစ်ပွဲမှာ အဖမ်းခံရပြီး ငါးနှစ်အကြာမှာအိမ်ပြန်လာနိုင်ခဲ့သူပါ။ဒါပေမဲ့သူပြန်‌ရောက်လာခဲ့ချိန်မှာသူ့အိမ်ဖြစ်တဲ့လော့စလေ နယ်မြေကတော့ နော့တင်ဟမ်မြို့စားကြီးရဲ့အကောက်ကြံမှုအောက်မှာအလူးအလိမ့်ခံစားနေရပါတယ်။ ဖခင်ဖြစ်သူကလည်းအသတ်ခံရသလိုမိမိအိမ်ကိုလည်းဆုံးရှုံးခဲ့ရတဲ့ရော်ဘင်တယောက် မြို့စားကြီးလက်ကနေလွတ်အောင်ပြေးရင်း ရှားဝုဒ်တောထဲကဂျွန် လစ်တဲယ်ရဲ့လူတစုနဲ့တွေ့သွားခဲ့တဲ့အခါမှာတော့ ရော်ဘင်လော့စလေတဖြစ်လဲရော်ဘင်ဟုဒ်ဟာ မြို့စားကြီးရဲ့အကြံစည်‌တွေကိုစတင်‌ နှောင့်ယှက်ပါတော့တယ်။ ရော်ဘင်တယောက်မြို့စားကြီးကိုအနိုင်ယူနိုင်ပါ့မလား။သူ့ရဲ့သူငယ်ချင်းပီတာက မသေခင်တောင်းဆိုခဲ့တဲ့မေရီယန်ဆိုတဲ့ပီတာ့ညီမလေးကိုရော ကာကွယ်ပေးနိုင်ပါ့မလား။ မြို့စားကြီးကရောဘာတွေကြံစည်နေတာလဲ အဆုံးမှာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုRobin Hood Prince of Thieves ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦး... File size…3.13GB / 1.22GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 23m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Robin Hood: Prince of Thieves (1991)

Scarface(1983) 8.3
Scarface(1983) Scarface(1983) ************** IMDb...8.3,,,,,Rotten .....82%  Al Pacino ပါတယ် ...Rating တွေကလည်း အတော်ကောင်း ဆိုပေမယ့်လည်း ၁၉၈၃ ခုနှစ်က ကားဆိုတော့ လက်တွန့်နေတယ်....ဒါပေမယ့် ကြည့်ဖူးတာမမှားပါဘူးဆိုတဲ့အတွေးနဲ့အောင့်အီးသီးခံပြီးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်...သို့ပေမယ့် ဒီကားက ဇာတ်လမ်းအစထဲက ခပ်ကြမ်းကြမ်းနဲ့စထားတယ်...ပြသချိန်၃နာရီနီးပါးလုံးမှာ တစ်စက်ကလေးမှမပျင်းရိရဘူး...ဒီကားဟာ အပြင်မှာ တကယ်ရှိခဲ့တယ် မူးယစ်ရာဇာ ဂန်းစတားAl Capone ရဲ့အကြောင်းကိုအခြေခံရိုက်ကူးထားတယ်လို့ဆိုပါတယ်...သူ့ရဲ့နာမည်ပြောင်ဖြစ်တဲ့ Scarface ကိုပဲ ကားနာမည်အဖြစ်ယူပြီးရိုက်ကူးထားပါတယ်.....အန်တို နီယိုမွန်တားနားဆိုတဲ့ လူတစ်ယောက်ဟာ ကျူးဘားဒုက္ခသည်တွေနဲ့အတူ မိုင်ယာမီကိုရောက်လာတယ်.. သူနဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့ မန်နီ၊အိန်ဂျယ်နဲ့ချီချီတို့လည်းပါလာတယ်..မူးယစ်ဆေးဝါးကုန်သည် သူဌေးဖရန့်နဲ့အဆက်အသွယ်ရပြီး သူတို့အဖွဲ့ဟာ အရောင်းအဝယ်တစ်ခုလုပ်ခဲ့တယ်..တိုနီဟာ ဒီလောကနဲ့မစိမ်းသလို လက်ရဲဇက်ရဲ အကွက်မြင်တဲ့သူမို့ သူဌေးခိုင်းတဲ့အရောင်းအဝယ်ကိစ္စမှာ အအောင်မြင်ဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့တယ်...ဒီနောက်မှာတော့ သူဟာ တဖြည်းဖြည်းအောင်မြင်လာပြီး ကမ်းကုန်အောင်မိုက်တဲ့မူးယစ်ရာဇာဖြစ်သွားပါတော့တယ်...ကိုင်း ပရိတ်သတ်ကြီးရေ ခံစားကြည့်လိုက်ပါဦး....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Hnin Amy Khine ဖြစ်ပါတယ်...File Size : (950 MB) and (374 MB) Quality : Blu-Ray 720p Format…mp4 Duration…02:50:00 Genre : Crime,Drama Subtitle : ...
movie

Scarface(1983)

1983