Channel Myanmar

Mary J. Blige

Body Cam (2020) 5.2
Body Cam (2020) Body Cam (2020)==============IMDb Rating - 5.2/10#Unicodeဒီဇာတ်လမ်းရဲ့ အစပိုင်း အကျဥ်းလေးကိုပြောရရင် . . .ကလေးသေဆုံးပြီးနောက်ပိုင်း စိတ်ထိခိုက်နေတဲ့ ရဲအရာရှိ ရမ်နီ လိုမီတို တစ်ယောက် ခဏတာအနားယူပြီးပြန်လည်တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးနေ့မှာတင် ယခင်တွဲဖက်လုပ်ကိုင်ဖူးတဲ့ ရဲအရာရှိတစ်ယောက်အသတ်ခံလိုက်ရပါတယ်။ သူ့အလောင်းကိုရှာတွေ့ပြီး ရဲကားထဲမှာ မှတ်တမ်းဗီဒီယိုဖိုင်ကို ဖွင့်ကြည့်မိရာကနေဗင်ကားလေးတစ်စီးကို တွေ့ပြီး နားလည်ရခက်တဲ့ သဘာဝလွန်ဖြစ်ရပ်များနဲ့ သက်ဆိုင်နေကြောင်းသိလိုက်ရပါတယ်။ ထိုဗင်ကားကို လိုက်လံရှာဖွေရာကနေ လုပ်ဖော်ကိုင်ဖက် ၂ယောက်ကပါ ထပ်မံအသတ်ခံလိုက်ရပါတယ်။ရမ်နီ လိုမီတိုတစ်ယောက် မိမိဘာသာ စုံစမ်းဖော်ထုတ်နေရင်း အဲ့ဖြစ်ရပ်ဆန်းမှာ မိမိဌာနက ရဲအရာရှိများကို ဦးတည်နေကြောင်း သိလိုက်ပါတယ်။ မိမိဌာနမှ ရဲအရာရှိများကို ကာကွယ်ဖို့ ဆက်လက်စုံစမ်းရာကနေ မထင်မှတ်ပဲအကြောင်းအရင်းအမှန်ကို သိလိုက်တဲ့အခါမှာတော့ ရဲအရာရှိ အနေနဲ့ ဘယ်လိုဆက်လုပ်မလဲ၊ အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းအမှန်က ဘာလဲ၊ ဘာကြောင့် ရဲအရာရှိတွေကို လိုက်သတ်နေရတာလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမယ့် ရုပ်ရှင်ကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တစ်ချို့သောကိစ္စတွေဟာ ...
movie

Body Cam (2020)

2020
Trolls World Tour (2020) 7.3
Trolls World Tour (2020) Trolls ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးကို မှတ်မိကြသေးလားမသိဘူး။ သီချင်းလေးတွေ လှလှပပလေးနဲ့ ဇာတ်လမ်းကောင်းကောင်းလေးလေ။ အခု အဲဒီ Trolls ရဲ့ အဆက်လာပါပြီ။ ဒီတစ်ခါတော့ မှင်စာလေးတွေရဲ့ ကမ္ဘာကြီးကို ချဲ့ပြလိုက်ပါပြီ။ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ဟာ သူတို့နေထိုင်တဲ့ မှင်စာမျိုးနွယ်စုဟာ ကမ္ဘာကြီးတစ်ခုလိုထင်ထားပေမယ့် မဟုတ်ခဲ့ပါဘူး။ အခြားသောမှင်စာ မျိုးနွယ်လေးတွေ ရှိပါသေးတယ်။ အဲဒီမျိုးနွယ်တွေက တကယ်တော့ ဂီတအမျိုးအစားအပေါ် အကြိုက်မတူကြလို့ ရှေးရှေးတုန်းက လမ်းခွဲခဲ့ကြတဲ့ မျိုးနွယ်တွေပါပဲ။ ဟာ့ဒ်ရော့ခ်၊ ကလက်စစ်ကယ်၊ တက်ခ်နို၊ ကန်းထရီး၊ ဖန့်ခ်၊ ပေါ့ပ် ဆိုပြီး ၆ ခု ကွဲနေကြတာပါ။ ပေါ့ပီတို့ကတော့ ပေါ့ပ် မျိုးနွယ်စုပါပဲ။ ဟာ့ဒ်ရော့ခ် မျိုးနွယ်စုရဲ့ ဘုရင်မ ဘာ့ဘ်က မျိုးနွယ်အားလုံးကို အနိုင်ယူပြီး မှင်စာအားလုံးကို ရော့ခ် ဂီတတစ်ခုတည်းအောက်မှာ အုပ်ချုပ်ဖို့ ကြိုးစားလာတဲ့အခါ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ စွန့်စားခန်းတွေ ထပ်ဖွင့်ပြီး ဘာ့ဘ်ကို တားဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းဖတ်မိတာနဲ့ ဒီတစ်ခါ ဂီတအစုံ နားထောင်ရတော့မယ်ဆိုတာကို ကြိုသိမှာပါ။ ဇတ်လမ်းကလည်း အတော်ကောင်းတာမို့ အားရပါးရ ကြည့်ပြီး အပန်းဖြေလို့ ရပါပြီ။ Little Neo က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်။
movie

Trolls World Tour (2020)

Sherlock Gnomes (2018) 5.2
Sherlock Gnomes (2018) Sherlock Gnomes (2018)_____IMDb - 5.2/10  Sherlock Gnomes(2018)အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ ကာတွန်းကားလေးဖြစ်မယ်ထင်ပါတယ် ...2011 တုန်းက ထွက်ရှိခဲ့တဲ့ Gnomeo & Juliet ဇာတ်လမ်းရဲ့အဆက်ပါ ...ယခုဇာတ်လမ်းလေးထဲမှာတော့ ကျွန်တော်တို့ရဲ့အချစ်တော်တွေဖြစ်ကြတဲ့ ဥယျာဉ်စောင့်နုမ်းလေးတွေဟာလန်ဒန်ကိုပြောင်းရွေ့ခဲ့ကြပါတယ် ..ဒီအချိန်မှာပဲ လန်ဒန်မှာထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်...အဲ့ဒါကတော့ ဥယျာဉ်စောင့်နုမ်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းပါ ...လန်ဒန်ရဲ့အကျော်ကြားဆုံးစုံထောက်ကြီးရှားလော့ခ်နုမ်းစ်နဲ့ သူ့မိတ်ဆွေဒေါက်တာဝက်ဆန်ဟာနုမ်းတွေပျောက်ဆုံးမှုကို စုံစမ်းရင်း နိုမီယို ဂျူးလိယက်တို့နဲ့ဆုံတွေ့ခဲ့ကြပါတယ်...လျို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ နုမ်းတွေရဲ့ပျောက်ဆုံးမှုကို သူတို့လေးယောက်ဘယ်လိုဖြေရှင်းကြမလဲ ...ဘယ်လိုထူးဆန်းမှုတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဆက်လက်ရှူ့စားရမှာပဲဖြစ်ပါတယ် ...ဒါ့အပြင်ရှားလော့ခ်နုမ်းစ်ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင်ကလည်း မင်းသားကြီးJohnny Depp ဆိုတော့ အထူးပြောနေစရာမလိုတော့ပါဘူး အချိန်ပေးရကျိုးနပ်မဲ့ကာတွန်းကားကောင်းတစ်ကားပါပဲလို့ ပြောချင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကို Lyric Lynn Khant ဖြစ်ပါတယ်...   File Size : (703 MB) Quality : Blu-Ray 720p Format…mp4 Duration…01:26:00 Genre :  Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Lyric Lynn ...
movie

Sherlock Gnomes (2018)

2018