Channel Myanmar

Masato Shinkawa

The Limit of Sleeping Beauty (2017) 5.5
The Limit of Sleeping Beauty (2017) ဒီဇာတ်ကားအကြောင်း ညွှန်းရမှာနည်းနည်းတော့လန့်ပါတယ်။ဒီဇာတ်ကားမှာ သီအိုရီသဘောတွေ အများကြီးတွေ့ရပြီး လူကြိုက်နည်းနိုင်တဲ့ ဇာတ်ကားဖြစ်ပေမယ့် ကျွန်တော်တော့သဘောကျမိပါတယ်။အဲဒါကြောင့်လန့်မိတာပါ။ကျွန်တော်ပြန်ဖူးတဲ့ Mad Genius(2018) လိုဇာတ်ကားမျိုးပါပဲ။ဒီကားက၁၈+ ဇာတ်ကားတစ်ကားမဟုတ်သလို အညှီအဟောက်မပါတာမျိုးလည်းမဟုတ်ပါဘူး။ဒီတစ်ကားလုံးမှာ ဇာတ်လမ်းကိုကြည့်ပြီးနောက်ဆုံးပိုင်းထိ အူလည်လည်ဖြစ်နေနိုင်ပါတယ်။ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးပါပဲ။ဇာတ်လမ်းအကျဉ်းကိုရေးလိုက်ရင်တော့ စာတစ်ကြောင်းလောက်နဲ့ပြီးသွားမှာပါဒါပေမယ့် တင်ပြသွားတဲ့ပုံစံတွေက လူတစ်ယောက်ရဲ့စိတ်ခံစားချက်တွေကို အပိုင်းပိုင်းအစစလုပ်ပြီးတော့ နေရာအနှံကျဲချထားတဲ့ပုံစံမျိုးတင်ပြထားတာပါ။အဲဒီအချက်ကဒီဇာတ်ကားကို ကျွန်တော်သဘောကျမိတဲ့အချက်ဖြစ်နိုင်ပါတယ်။ပြီးတော့ ကျွန်တော် မထင်ထားမိတာက ဒီကားရဲ့ IMDB Rating က 5.6 ဖြစ်နေတာပါပဲ။တကယ်ကိုလူကြိုက်မများလောက်တဲ့ဇာတ်ကားလို့ကျွန်တော်ထင်ထားတာက ဘာလို့ အဲ့လောက် Rating ထိရောက်နိုင်ရတာလဲပေါ့။ကျွန်တော်ကပဲ ဒီဇာတ်ကားရဲ့ တင်ပြပုံတွေကိုဉာဏ်မမှီတာလားလားဆိုတာ CM ပရိတ်သတ်ကြီးပဲ ပြောပေးကြပါဦးဗျာ။အချိန်ဆိုတာ ပုံရိပ်ယောင်တစ်ခုပါပဲ။အတိတ် ပစ္စုပ္ပန် အနာဂါတ် သုံးမျိုးစလုံးက တစ်ချိန်တည်းသင့်မှာရှိနေတာကြောင့် သင်ဆိုပြီးဖြစ်လာတာပါ။သင်ဟာအတိတ်မှာနေလို့မရသလို အနာဂါတ်မှာနေလို့မရတဲ့အချိန်မှာ သင့်ရဲ့ပစ္စုပ္ပန်ကအခုသင့်ဆီမှာမရှိတော့ပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (765 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr ...
movie

The Limit of Sleeping Beauty (2017)

2017