Channel Myanmar

Matt Hookings

Ginger & Rosa (2012) 6.2
Ginger & Rosa (2012) Ginger & Rosa (2012)~ IMDb - 6.2/10, Rotten Tomatoes - 78% ~ဆယ်ကျော်သက်လူငယ်ဘဝဆိုတာ လူကြီးတွေရဲ့ ပုံဖျက်စကားတွေနဲ့ ပြောင်စရာလိုလို လှောင်စရာလိုလိုဖြစ်နေတယ်လို့ ပြောရမလား။ သစ်ရွက်လှုပ်ရင် ရယ်တဲ့အရွယ်တဲ့။ ဒါပေမဲ့ သူ့ရင်ထဲမှာ သူ့အတွေးထဲမှာ သစ်ရွက်လေးတွေလှုပ်သွားတာထက် အဆအများကြီးပိုတဲ့အရာတွေ ရှိနေတယ်လေ။ မြီးကောင်ပေါက်မအရွယ်တဲ့။ လူပျိုပေါက်တဲ့။ ဒါပေမဲ့ သူတို့ရင်ထဲက အတွေး၊ ခံစားချက်နဲ့ သောက‌တွေက ဆန့်ကျင်ဘက်လိင်အတွက်ချည်းပဲ မဟုတ်ဘူးပေါ့လေ။ဒီလူငယ်တွေကပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် လူကြီးတွေ ဖြစ်လာခဲ့တာပဲမဟုတ်လား။ သူတို့တွေရဲ့ စိတ်ခွန်အားနဲ့ စွမ်းဆောင်နိုင်ရည်တွေက အကန့်အသတ်မဲ့ပဲဗျ။ ကောင်းရင်လည်း ကမ္ဘာ့ရတနာတွေ ဖြစ်လာသလို ဆိုးပြီဆိုလည်း ကမ္ဘာကို မြေလှန်ပစ်မယ်တကဲကဲ လုပ်ကြပြန်ရော။ဟုတ်တာမဟုတ်တာတော့ အသာထား။ ဆယ့်သုံးနှစ်သမီးလေးတစ်ယောက်က နျူကလီယားစစ်ပွဲကြီးကို ရပ်တန့်ပစ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေလေရဲ့။ သူ့ရဲ့ ဖွားဖက်တော် သူငယ်ချင်းမလေးတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်တည်ထောင်မယ့် အချစ်ကမ္ဘာကို အားလုံးနဲ့ဆန့်ကျင်ပြီး ...
movie

Ginger & Rosa (2012)

2012
The Grand Duke Of Corsica (2021) 5.0
The Grand Duke Of Corsica (2021) The Grand Duke Of Corsica (2021)=========================IMDb Rating - 5.0/10အချမ်းသာဆုံးလူတွေရဲ့ စိတ်ကူးတွေဟာအရူးနှမ်းဆုံးပဲတဲ့။ ဒီလိုပဲ အရမ်းတော်တဲ့ ပညာရှင်ဆိုတာလည်း ခေါင်းအမာဆုံးနဲ့  ဂွအကျဆုံးလူတွေပါပဲတဲ့။ဒီဇာတ်ကားထဲမှာတော့ ဂွစာဗိသုကာပညာရှင်အဖိုးကြီးတစ်ယောက်နဲ့ ဘီလီယံနာသူဌေးကြီးတစ်ယောက်တို့အတူတူပေါင်းပြီး မာစတာပိစ်လက်ရာတစ်ခုကို တည်ဆောက်ဖို့ ကြိုစားနေကြပုံများကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ သူတို့တည်ဆောက်ဖို့ ကြိုးစားနေတာကတော့ ဘီလျံနာကြီးရဲ့ ဂူဗိမာန်ပဲဖြစ်ပါတယ်။ ဒါပေမယ့်ဗိသုကာကြီးက သူ့သက်တမ်းတစ်လျှောက်မှာ တစ်ခါမှဂူဗိမ္မာန် မတည်ဆောက်ခဲ့ဖူးတာမို့ ဘီလျံနာကြီးနဲ့အတူခဏတာနေထိုင်ရင်း သူ့အကြောင်းတွေကို လေ့လာကာ ဒီဇိုင်းကို စဉ်းစားနေခဲ့ပါတယ်။ အဆုံးသတ်မှာတော့သူတို့ဆောက်ချင်နေတဲ့ ဂူဗိမ္မာန်ကြီးက အောင်မြင်စွာ ပြီးဆုံးသွားမှာလား၊ ဘီလျံနာကြိးကရော ဘာကြောင့်အလောတကြီး သူ့ဂူဗိမ္မာန်ကို တည်ဆောက်ချင်နေရတာလဲ၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမှာလဲ၊သူတို့အချင်းချင်းရော အဆင်ပြေပါ့မလားဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Tar Tee Poe မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Tar Tee Poe, Chit Tee တို့ပဲပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie

The Grand Duke Of Corsica (2021)

2021