Channel Myanmar

Matt Mercurio

Master Gardener (2022) 6.3
Master Gardener (2022) Master Gardener (2022)~ IMDb - 6.3/10, Rotten Tomatoes - 70% ~"God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ ...
movie

Master Gardener (2022)

2022
On a Wing and a Prayer (2022) 5.5
On a Wing and a Prayer (2022) On a Wing and a Prayer (2022)ယုံကြည်မှုနဲ့ပတ်သက်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ။ဒက်တို့မိသားစုမှာ ဒက်အကိုရယ် ဒက်ဇနီးရယ် သမီးလေး၂ယောက်ရယ်ရှိပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ပျော်ရွှင်စွာနေထိုင်ခဲ့ကြတာပါ။ သူတို့က ခရစ်ယာန်ဘာသာ၀င်တွေဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ပါတယ်။ ဒက်က သူ့ဝါသနာတွေထဲကတစ်ခုဖြစ်တဲ့ လေယာဉ်ပျံမောင်းတာကို သူ့မိတ်ဆွေရယ် အကိုရယ်နဲ့အတူစီးပြီး လေ့ကျင့်ခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့တဲ့အတွက် လက်လျှော့ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒက်ရဲ့အကိုက ရုတ်တရက်နှလုံးဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒက်အတွက်တော့ တစ်ဦိးတည်းသောအကိုဆုံးသွားတဲ့အတွက် ယူကြုံးမရဖြစ်ခဲ့ပြီး ဘုရားသခင်ကို မယုံကြည်တော့ဘဲ သံသယ၀င်လာပါတယ်။နာရေးအခမ်းအနားပြီးလို့ မွေးရပ်ကနေ အိမ်ပြန်ဖို့ကို ဒက်ရဲ့မိတ်ဆွေ ပိုင်းလော့ဂျိုးက သီးသန့်လေယာဉ်ငယ်နဲ့ လိုက်ပို့ပေးဖို့စီစဉ်ထားတာပါ။ ကံဆိုးစွာနဲ့ လေယာဉ်ထွက်ခွာလာပြီး သိပ်မကြာခင်မှာပဲ သူ့မိတ်‌ဆွေ ဂျိုးက ရုတ်တရက် လေယာဉ်မောင်းနေရင်း သေဆုံးသွားပါတယ်။ ဒါကြောင့် ဒက်ကရွေးစရာမရှိဘဲ ဇနီးဖြစ်သူနဲ့အတူ လေယာဉ်မှူးခန်းမှာထိုင်ပြီး လေယာဉ်ကို ထိန်းချုပ်ဖို့ဖြစ်လာပါတယ်။ လေယာဉ်ကို ဘေးကင်းကင်းဆင်းသက်နိုင်ဖို့ ...
movie

On a Wing and a Prayer (2022)

2022
Hell Fest (2018) 5.7
Hell Fest (2018) အခုတစ်ခါကတော့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ကားလေးပေါ့နော် ဟောလိုးဝင်းကားတွေကြိုက်တဲ့သူတွေကတော့ ကြည့်သင့်ပါတယ်နော်သူငယ်ချင်း၆ယောက်ကhell festivalသွားပြီး ဝင်္ကပါထဲ ဝင်ကြတယ်အဲ့မှာ သူတို့ထဲကကောင်မလေး၁ယောက်က လူတစ်ယောက်လူသတ်တာကို မျက်မြင်တွေ့သွားတာပေါ့နော်ကံဆိုးချင်တော့ လူသတ်သမားဝတ်ထားတဲ့ မျက်နှာဖုံးနဲ့တူတဲ့လူတွေကလည်းအဲ့ပွဲမှာ အများကြီးရှိနေတယ် သူတို့တွေ တကယ့်အစစ်ကို ရှာနိုင်မှာလားဝင်္ကပါထဲကရော ပြန်ထွက်လာနိုင်မှာလား အဲ့လူသတ်သမားကရော ဘာတွေလုပ်ဦးမှာလဲ သူတို့အဖွဲ့ ဘာတွေကြုံတွေ့ရမလဲဆိုတာကို သိချင်ရင်တော့ဒီhell fest လေးကို ကြည့်ကြပါလို့... File Size : (827 MB) and (231MB)Quality : BluRay 720pRunning Time :1hr 29 minFormat : Mp4Genre : HorrorSubtitle : Myanmar Subtitle (Hard Sub)Translated by ByulEncoded by Moe Myint Lwin 
movie

Hell Fest (2018)

2018