Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Max Burkholder
5.7
The Purge (2013)
The Purge (2013)ထွက်ပြီးခဲ့တာ ဆယ်နှစ်တောင်ကြာပြီဖြစ်သလို ဒီကားနောက်ပိုင်း ဖြစ်လာခဲ့တဲ့ The Purge Franchise ကြီးရဲ့ အစဆိုတဲ့အတိုင်း အကောင်းဆုံးဖြစ်သလို ကြည့်ပြီးလည်း နောက်တစ်ခေါက်ပြန်ပြန်ကြည့်ချင်နေတဲ့ ဇာတ်ကားတွေထဲကတစ်ကားဖြစ်တဲ့ ပထမဆုံး The Purge ကားအကြောင်းကို ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။~ ဇာတ်လမ်းအညွှန်း ~အမေရိကန်နိုင်ငံ စီးပွားရေးကျဆင်းလာတာနဲ့အမျှ ဒုစရိုက်မှုတွေ ဆင်းရဲမွဲတေမှုတွေ မှိုလိုပေါက်လာတာကို ဘယ်လိုဖြေရှင်းရမလဲ ခေါင်းခဲနေကြတုန်း အဲဒီခေတ် အမေရိကန်ရဲ့ အာဏာပိုင်အစိုးရဖြစ်တဲ့ သူတို့ကိုယ်သူတို့ မျိုးဆက်သစ်တည်ထောင်သူဖခင်ကြီးများ လို့ခေါ်တဲ့ NFFA ပါတီက The Purge ဆိုတဲ့ သန့်စင်ပွဲနေ့လုပ်ဖို့ကိုစဥ်းစားမိသွားကြတယ်။ အဲဒီနေ့မှာ ဘယ်ဒုစရိုက်မှုလုပ်လုပ် ရဲအဖမ်းမခံရတဲ့နေ့မျိုးပေါ့။ လူချမ်းသာတွေကတော့ ငွေနဲ့အကာအကွယ်ယူလို့ရပေမယ့် ဆင်းရဲတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ ပစ်ပယ်ထားခံရတဲ့သူတွေကတော့ အဲဒီနေ့ရဲ့ ပစ်မှတ်တွေပေါ့။ အဲဒီလို နိုင်ငံနဲ့တဝန်း အကန့်အသတ်မရှိ လူသတ်နိုင်တဲ့ လူမဆန်တဲ့နေ့ကြီးကို လုပ်လိုက်ပေမယ့် မထင်ထားရလောက်အောင် ဆင်းရဲမှုတွေ ဒုစရိုက်မှုတွေနည်းသွားပြီး ...
movie
The Purge (2013)
2013
5.5
Almost Home(2018)
Almost Home(2018)အၫႊန္း************************(unicode)Almost Home 2018 ဒီကားလေးကတော့ အမေရိကန်နိုင်ငံရဲ့မှာ ရှိတဲ့ဆယ်ကျော်သက်လမ်းဘေးလူငယ်တွေရဲ့ လှုပ်ရှားရုန်းကန်ရတဲ့ဘဝတွေ ဆေးဆွဲနေတာတွေ လမ်းဘေးကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာဗီဒီယိုတွေလုပ်ဖို့မြူဆွယ်တာ ပျက်စီးနေတဲ့အကြောင်းတွေကိုရိုက်ပြထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းမှာ အနှိမ်ခံနေ အနိုင်ကျင့်ခံနေရတဲ့အယ်လီတစ်ယောက်ကိုကျောင်းက အတန်းဖော်တွေအနိုင်ကျင့်နေတုန်း ထရေစီဆိုတဲ့လမ်းဘေးကောင်မလေးတစ်ယောက်က ဝင်ကယ်ခဲ့တာစပါတယ် အယ်လီ ရဲ့အမေဟာသေဆုံးသွားပြီ မိထွေးနဲ့အတူတူနေရပါတယ် အဖေဟာအလုပ်တွေများနေတဲ့အယ်လီကိုသေချာမစောင့်ရှောက်နိုင်ပါဘူး ဒါ့အပြင် အဲ့မိထွေးရဲ့သားကလဲအယ်လီကိုလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်တာတွေရှိလာခဲ့အတွက် အယ်လီဟာအိမ်မှာမနေချင်တော့ပါဘူး အဲ့ဒါကြောင့် အသက်ဆယ့်သုံးနှစ်အရွယ်အယ်လီ အခုမှတွေ့တဲ့ထရေစီနဲ့အတူ အိမ်မှာမနေတော့ဘဲ လိုက်သွားပါတယ် အဲ့အချိန်မှာ လမ်းဘေးမှာအိပ် လမ်းဘေးမှာစားနဲ့ သူ့ရဲ့လမ်းဘေးဘဝကစတင်ပါတော့တယ် ထရေစီနဲ့အတူကောင်းမွန်တဲ့ဘဝကိုနေပေမယ့် လမ်းဘေးလူငယ်တွေရဲ့ထုံးစံအတိုင်းဆေးရောင်းဝယ်တာ အစားအသောက်ခိုးယူတာတွေလုပ်ရင်းနဲ့ရှင်သန်ရပ်တည်ခဲ့ပါတယ် အသက်ငယ်ငယ်အရွယ်သေချာမဆုံးဖြတ်တဲ့အရွယ်မှာ ခဏတာပျော်ရွင်ခဲ့ပေ့မယ် နောက်ဆုံးမှာတော့ လူတွေရဲ့အကြောင်းကိုသိလာပြီး ဘဝရဲ့ကြမ်းတမ်းတဲ့ဒဏ်တွေကိုခံရပါတော့တယ် အယ်လီ လမ်းဘေးဘဝမှာဘယ်သူတွေသူ့အတွက်ကောင်းပြီး ဘယ်သူတွေကသူ့အတွက်ဒုက္ခဖြစ်စေလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ် (ရိုင်းစိုင်းတဲ့စကားအသုံးအနှုန်းတွေများစွာပါတဲ့အတွက်မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူး) ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်...(zawgyi)Almost Home 2018 ဒီကားလေးကတော့ အမေရိကန်နိုင်ငံရဲ့မှာ ရှိတဲ့ဆယ်ကျော်သက်လမ်းဘေးလူငယ်တွေရဲ့ လှုပ်ရှားရုန်းကန်ရတဲ့ဘဝတွေ ဆေးဆွဲနေတာတွေ လမ်းဘေးကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာဗီဒီယိုတွေလုပ်ဖို့မြူဆွယ်တာ ပျက်စီးနေတဲ့အကြောင်းတွေကိုရိုက်ပြထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းမှာ အနှိမ်ခံနေ အနိုင်ကျင့်ခံနေရတဲ့အယ်လီတစ်ယောက်ကိုကျောင်းက အတန်းဖော်တွေအနိုင်ကျင့်နေတုန်း ထရေစီဆိုတဲ့လမ်းဘေးကောင်မလေးတစ်ယောက်က ...
movie
Almost Home(2018)
2018