Channel Myanmar

Maxime Bouttier

Dunia Tanpa Suara (2023)
Dunia Tanpa Suara (2023) Dunia Tanpa Suara 2023အခုတစ်ခါမှာတော့ Amazon Prime ကနေအသစ်ထွက်ရှိထားတဲ့ အင်ဒိုရိုမန့် အချစ်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်အနေနဲ့က မကြာသေးခင်ကမှ ဟောလီးဝုဒ်နာမည်ကြီး‌တွေဖြစ်တဲ့ ဂျူလီယာရောဘတ်၊ ဂျောဂ်ျကလူးနီတို့နဲ့အတူ "Ticket to Paradise " ဇာတ်ကားမှာဟောလိဝုဒ် debut လုပ်ထားတဲ့ အင်ဒိုမင်းသားချော Maxime Bouttier ကအဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း အာရီဆာဟာ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်ပါ။ အီဇရာကတော့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး အာရီဆာကို မြင်မြင်ချင်းမှာပဲ ချစ်မိသွားတဲ့သူပေါ့။ သူ့ခင်ဗျာ အာရီဆာနဲ့ စကားပြောနိုင်ဖို့ လက်ဟန်ဘာသာစကားတွေပါ ကြိုးစားသင်ယူနေတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ အာရီဆာရဲ့ မိခင်မှာ စင်ကယ်မားသားတစ်ယောက်အနေနဲ့ တစ်ဦးတည်းသောသမီးကို ပြုစုပျိုးထောင်ခဲ့ရတဲ့သူပါ။ သမီးဖြစ်သူကို သူ့လိုအဖြစ်မျိုး မကြုံမိစေချင်တာကြောင့် သူ့သမီးနဲ့ပတ်သက်လာရင် အမြဲတမ်းတင်းကြပ်တတ်တဲ့သူတစ်‌ယောက်ပေါ့။ဒီလိုနဲ့ အီဇရာဟာ အာရီဆာအပေါ် ခဏတာခံစားချက်သက်သက်ပဲလား သူ့အမေကန့်ကွက်တဲ့ကြားထဲက တကယ်ပဲအာရီဆာကို မေတ္တာသက်ဝင်နေလားဆိုတာကိုတော့ မပြည့်စုံတဲ့လူနှစ်ယောက်ကြား ပြည့်စုံလှပတဲ့ချစ်ခြင်းတစ်ခုကို ဘယ်လိုဖော်ကြူးမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ V ~ Yunni တို့ပဲဖြစ်ပါတယ်။) File size…1.24GB / 556MB Quality…1080p AMZ WEB DL ...
movie

Dunia Tanpa Suara (2023)

2023
Ticket to Paradise (2022) 6.2
Ticket to Paradise (2022) Ticket to Paradise (2022)ဟောလိဝုဒ်ရဲ့ ရွှေခေတ်နှောင်းကာလလောက်မှာမှ ဒီကို ဟောလိဝုဒ်ရွှေခေတ်လောက်ကကားတွေ ရောက်လာပြီးနောက် ကြည့်ခဲ့ကြတဲ့သူတွေကတော့ ဂျော့ကလူးနေးနဲ့ ဂျူလီ‌ယာရောဘတ်တို့ကို ကောင်းကောင်းကြီး ရင်းနှီးကြမှာပါ။ ကလူနေးက‌တော့ သူ့ခေတ်က ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့သလို လူကြိုက်များတဲ့ကားကောင်းတွေ ရိုက်ခဲ့တာလည်း မနည်းမနောပါပဲ။ Batman & Robin နားဝန်းကျင်မှာ စချာလာခဲ့ပေမဲ့လည်း အစဉ်အလာကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက် မင်းသားကြီးအဖြစ်ကနေတော့ မရွေ့လျောသွားဘူးဆိုရမှာပါပဲ။ ဒီကားကတော့ သူနဲ့ သူ့လိုပဲ အစဉ်အလာကြီးတဲ့ မင်းသမီးကြီးဖြစ်တဲ့ ငယ်ဘဝရဲ့ Celebrity Crush မမစာရင်းထဲအပါအဝင်ဖြစ်တဲ့ ဂျူလီယာရောဘတ်နဲ့အတူ တွဲဖက်ပါဝင်ထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပါပဲ။ဒေးဗစ်နဲ့ ဂျော်ဂျီယာက ကောလိပ်အပြီးမှာပဲ လက်ထပ်ယူခဲ့ကြတဲ့ ငယ်ချစ်တွေပေမဲ့ ကံမပါခဲ့တော့ သမီးလေးလီလီကိုမွေးပြီး အိမ်ထောင်သက်ငါးနှစ် အရောက်မှာပဲ ခွာပြဲခဲ့ကြတယ်။ အဲဒီကနေ ၁၄ နှစ်အကြာမှာတော့ ဆုံလိုက်တိုင်း တဗျစ်တောက်တောက် ဖြစ်တတ်ကြတဲ့ အဖေနဲ့အမေရဲ့ အုပ်ထိန်းမှုကြားမှာ လီလီတစ်ယောက် ဥပဒေဘွဲ့နဲ့ ကျောင်းပြီးသွားခဲ့တယ်။ ...
movie

Ticket to Paradise (2022)

2022
Matt & Mou (2019) 7.8
Matt & Mou (2019) ဒီတစ်ခါမှာတော့ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား ရိုမန့်ဒရာမာကားလေးနဲ့ မိတ်ဆက်ပေးပါရစေရှင် ဒီကားလေးကတော့ သူငယ်ချင်းနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာလေးကို ပုံဖော်ထားတာပါ တည်တည်ငြိမ်ငြိမ် ကောင်လေးက စွာတေးလန်ကောင်မလေးကို ဘယ်လိုတွေ လိုက်ထိန်းမလဲ ကလေးဘဝကတည်းက ရင်းနှီးခဲ့ကြပေမယ့် အရွယ်ရောက်တော့ အချစ်ရေးတွေ နွယ်လာတဲ့အခါ ဘယ်လိုတွေဖြစ်ကြမှာလဲ သူတို့သူငယ်ချင်းနှစ်ယောက်ကြား သူစိမ်းယောကျာ်းလေး ဝင်လာတဲ့အခါ သူတို့ဆက်ဆံရေးပြောင်းလဲသွားမှာလား သူငယ်ချင်းနဲ့ချစ်သူကြား ဆက်ဆံရေးကို ဘယ်လိုထိန်းသိမ်းမလဲ သာမန်အချစ်ကားလေးဖြစ်ပေမယ့် စိတ်ဝင်စားစရာ လှည့်ကွက်တွေကြောင့် မပျင်းနေရပါဘူး ဒီကားလေးကပေးတဲ့ Message ကတော့ " အနီးဆုံးမှာ ရှိနေတဲ့ ကိုယ်သတိမထားမိတဲ့ လူတွေက ကိုယ့်ရဲ့ဖူးစာဖက် ဖြစ်နိုင်ပါတယ် " တဲ့   File Size -  1gb Quality - web-dl 1080p Subtitle -  burmese Translator - Suzy Jirakit Thawornwong Encoder - Thit San Khant
movie

Matt & Mou (2019)

2019
Refrain (2013) 7.0
Refrain (2013) အမှောင်ဖုံးနေတဲ့ကျွန်တော်တို့ရဲ့နှလုံးသားတွေကို ထွန်းလင်းပေးမဲ့မီးအိမ်ရှင်တစ်ယောက်ကတော့လိုမှာပါ ချစ်ခြင်းကိုအစပြု တစ်ခါတစ်ခါ ကြောက်ရွံ့ခြင်းတွေက ဖွင့်ပြောဖို့သတ္တိကိုလာ လာပစ်ခွဲနေသေးတယ်လေ... အချစ်ဆိုတာ အိပ်နေတဲ့ကျားနဲ့တူတယ် ငြိမ်သက်နေတဲ့ရေပြင်နဲ့တူတယ် ဆူးခတ်တွေနဲ့နှင်းဆီပင်နဲ့အလား သဏ္ဍာန်တူတယ် နာကျင်ခြင်းကိုထိုးဆွမိသလို တဆစ်ဆစ်နဲ့ခံရခက်တာတွေလဲကြုံရမယ် ကိုင်း လေရှည်နေမိပြန်ပြီ ဇာတ်ညွန်းလေးဆီခေါင်းတည်လိုက်ကြရအောင်.... နက်တာ နဲ့ နစ်ကီဟာ ငယ်ငယ်လေးထဲက တူတူပေါင်းလာကြတဲ့ သိပ်ချစ်ကြတဲ့ ငယ်ချင်းတွေပါ သံယောဇဉ်ကစကားပြောလာတယ်လို့ဆိုရမလား နက်တာဟာ နစ်ကီကို တစ်ဖက်သတ်ချစ်နေရပြန်ပါတယ် သိုပေမဲ့ နက်တာဖွင့်ပြောလိုက်ချိန်မှာ သူ့နှလုံးသားကိုဓားနဲ့မွှန်းခံရသလို မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရပါတယ်....နစ်ကီသူ့ကိုငြင်းလိုက်တာလား...  ဒါမှမဟုတ် နစ်ကီမှာချစ်ရမဲ့သူရှိနေတာလား ရိုးစင်းပြီးမလွယ်ကူတဲ့ ပဟေဠိ တစ်ခုကို အညွန်းရဲ့နိဂုံးအဖြစ်ချန်ထားချင်ပါတယ် "သူကငါ့ကိုချစ်တယ် ငါကနင့်ကိုချစ်တယ် နင်ကအခြားတစ်ယောက်ကိုချစ်တယ်.....'' မေတ္တာဆိုတာရောင်ပြန်တယ်ဆိုတဲ့စကားသာမှန်ခဲ့ရင်............Quality…..DVDRip Duration…..01:50:00 Format…Mp4 File Size…(587 MB) Encoder…..Moe Myint Lwin Translator…..John La YaungDownload with YoteShin Link  Download with Openload    
movie

Refrain (2013)

2013