Channel Myanmar

Megumi

Ice Cream Fever (2023) 6.3
Ice Cream Fever (2023) Ice-cream Fever(2023)အိုက်စကရင်မ်လိုအိပ်မက်များIMDb-6.3/10ချိုချိုအေးအေးရေခဲမုန့်လေးတွေက ပူပူလောင်လောင်အချိန်မှာ ချက်ချင်းခပ်ထည့်ပြီးစားလိုက်ရရင် ရင်ထဲထိအေးချမ်းသွားလောက်အောင် စွမ်းနိုင်ပါတယ် ချက်ချင်းမစားသုံးဘဲ အပူထဲကြားကြားထားလိုက်ရင် အရည်ပျော်ပေပွရုံကလွဲ စားရတာလည်းအရသာမရှိသလို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ် အိပ်မက်ဆိုတာလဲ ဒီလိုပါပဲ အိပ်မက်တွေမပိုင်ဆိုင်ရတဲ့ဘဝက နေပူပူမှာ ရေခဲမုန့်အရည်ပျော်သွားတာကို ထိုင်ကြည့်နေရသလိုပါပဲ...ဒီကားထဲမှာ ဆယ်ကျော်သက်ကနေ ၃၀ ဝန်းကျင် အခြေကျအရွယ်ထိ အမျိုးသမီးလေးယောက်ရဲ့ အိပ်မက်နဲ့ ဘဝတွေကိုရှုစားရမှာပါ ရေခဲမုန့်ဆိုင်က ကောင်မလေးနှစ်ယောက် တစ်ယောက်က အိပ်မက်တွေကို စွန့်လွှတ်ထားတဲ့သူ ၊ တစ်ယောက်က ဘဝကြီးထဲအချစ်အကြောင်းကိုတောင်မသိသေးတဲ့သူ ၊ အဲဒီရေခဲမုန့်ဆိုင်လေးကို အမြဲလာအားပေးတဲ့သူက သုံးဆယ်ဝန်းကျင်ဘဝကိုအခြေကျဖို့ စားရေးရင်းကြိုးစားနေတဲ့သူ ၊ ရေခဲမုန့်ဆိုင်လေးနားက အများသုံးရေချိုးခန်းမှာတော့ အိပ်မက်တွေအတွက် ကြိုးစားဖို့ အားပြည့်အင်ပြည့်တက်ကြွနေသူ....မတူညီတဲ့ energy တွေနဲ့ ကွဲပြားနေတဲ့သူတို့စရိုက် အိပ်မက်ရှိကြတာချင်းတူတူ အိပ်မက်ဆီကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှောက်လှမ်းကြမလဲဆိုတာရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Team မှပဲဖြစ်ပါတယ် File size…1.6GB / 645MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Ice Cream Fever (2023)

2023
The Forbidden Play (2023)
The Forbidden Play (2023) The Forbidden Play (2023) “Kinjirareta Asobi”~ MyDramaList – 6.8/10 ~ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ပထမအပတ်တုန်းက မြန်မာပြည်မှာရုံတင်သွားခဲ့တဲ့ ဂျပန် Horror, Thriller ဇာတ်ကား The Forbidden Play (2023) ကို တင်ဆက်ပေးလိုက်ပါတယ်။ယာဉ်တိုက်မှုမတော်တဆဖြစ်စဉ်ကြောင့် မိခင်ဖြစ်သူ အီဟာရမီယူကီ (Ihara Miyuki) ရုတ်တရက် ဆုံးသွားတဲ့အခါမှာ သားဖြစ်သူ အီဟာရဟာရုတို (Ihara Haruto) က သွားလေသူမိခင်ကို အသက်ပြန်ရှင်လာဖိုအတွက် လက်ချောင်းတစ်ချောင်းကို ဖြုတ်ယူ၊ သူတို့အိမ်နောက်ဖေးမှာ မြေမြှုပ်နှံပြီး မိခင်ဖြစ်သူ အသက်ပြန်ရှင်လာဖို့အတွက် နေ့တိုင်းဆုတောင်းပေးနေရာကနေ ထိတ်လန့်ဖွယ်ရာတွေကို ဘယ်လိုတွေ့ကြုံရမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။The Forbidden Play ကိုရိုက်ကူးတဲ့သူကတော့ တစ်ခြားသူမဟုတ်ပါဘူး။ ဂျပန်မူရင်း Ring (1998), Ring 2 (1999), Dark Water (2002) တို့အပြင် ...
movie

The Forbidden Play (2023)

2023
What to Do With the Dead Kaiju? (2022) 5
What to Do With the Dead Kaiju? (2022) What to Do with Dead Kaiju IMDB 4.4 

၂၀၂၂ကမှ ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ နာမည်အတိုင်း ကိုင်ဂျူအသေကောင်နဲ့ တိုင်ပတ်ရတဲ့ ဂျပန်ပြည်ကြီးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကိုင်ဂျူဟာ လူက သတ်လို့ သေတာမဟုတ်ဘဲ ကောင်းကင်ပေါ်ကကျလာတဲ့ ထူးဆန်းတဲ့အလင်းတန်းကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်တိုင်းလိုလိုမှာ သေကြေပျက်စီးခြင်းကို သယ်ဆောင်လာသူအဖြစ် ပုံဖော်ခံရတဲ့ ကိုင်ဂျူတစ်ကောင် ဒီနည်းနဲ့ပဲ ဇီဝိန်ချုပ်သွားတဲ့အခါ …. ကိုင်ဂျူအလောင်းကောင်ကြီးကို ရှင်းလင်းဖို့ တာဝန်ဝတ္တရားဟာ ဂျပန်အစိုးရပေါ်ကို ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ ကိုင်ဂျူကို တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့သည်လည်း ကိုင်ဂျူမရှိတော့တဲ့နောက် ဘယ်လိုဆက်ဖြစ်သလဲ။ ထုံးစံအတိုင်း နိုင်ငံရေးသမားတွေသည်လည်း နိုင်ငံရေးသမားပီပီ ကိုင်ဂျူကို နင်းပြီး နာမည်ရရေး ဘယ်လိုယဉ်ပြိုင်လုပ်ဆောင်ကြသလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။File Size__(2.7GB) / (1.2B) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Comedy, Sci-Fi Subtitle__Myanmar Subtitle ...
movie

What to Do With the Dead Kaiju? (2022)

Stigmatized Properties (2020) 5.0
Stigmatized Properties (2020) Stigmatized propertyဒီကားကတော့ အဆောင် တိုက်ခန်းရှာနေတဲ့သူတွေကြည့်ရင် အခန်းငှားဖို့တွေဝေတွန့်ဆုတ်စေမဲ့ သရဲကားပါ။ ဂျပန်မှာဆိုရင် အခန်းငှားတဲ့အခါ ဒီအခန်းမှာ အရင်က လူသေထားဖူးရင် ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေဖြစ်တတ်ရင် အခိုက်ရှိတဲ့အခန်း Stigmatized propertyဖြစ်ကြောင်း ဖော်ပြပေးရပါတယ်။ ဒီမှာဆိုရင်တော့ သရဲရှိမရှိ ကိုယ်မေးမှပြောပြကြမှာဖြစ်ပြီး အထူးတလည်သတိပေးကြမှာမဟုတ်လို့ ဘုံမတူတဲ့ မိတ်ဆွေတွေနဲ့ကြုံရနိုင်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ရာမမဲ လို့ခေါ်တဲ့ ဟာသတင်ဆက်သူက ရုပ်သံလွှင့်လောကထဲမှာ ၁၀နှစ်ရှိပြီဖြစ်ပေမဲ့ ခုထိမအောင်မြင်သေးပါဘူး။ တစ်ခါရယ်ရင် ၁၇၄စက္ကန့် အသက်ပိုရှည်တယ်ဆိုတဲ့စကားကို လက်ကိုင်ထားပြီး လူတွေကို ရယ်အောင်လုပ်ပေးပေမဲ့ သူ့ဟာသတွေကို လူကြိုက်မများပါဘူး။ဒီလိုနဲ့ သူနဲ့ သူ့သူငယ်ချင်းရဲ့ ၂ယောက်တစ်ဖွဲ့လေးလည်း ဖျက်လိုက်ရပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေပါတယ်။ အဲဒီအချိန်မှာ လူသေဖူးတဲ့ ခိုက်တဲ့အခန်းတွေမှာ နေထိုင်ပြီး အဖြစ်အပျက်တွေကို ထုတ်လွှင့်ပေးဖို့ အကြံတစ်ခုရလာပါတယ်။ သရဲရှိလောက်တဲ့အခန်းကိုငှားပြီး စတင်နေထိုင်တဲ့အခါ တကယ်ကိုပဲ သရဲက အကောင်အထည်ပြလာတာကြောင့် သူ့အစီအစဉ်လည်း နာမည်ကြီးလာပါတယ်။ ဒီလိုနဲ့တစ်ခန်းပြီးတစ်ခန်း ပြောင်းနေရင်းနဲ့ သရဲတွေက ကြမ်းသထက်ကြမ်းလာပြီး ...
movie

Stigmatized Properties (2020)