Channel Myanmar

Melissa De Sousa

The Ron Clark Story (2006) 7.5
The Ron Clark Story (2006) The Ron Clark Story (2006)~ IMDb - 7.5/10, Rotten Tomatoes - 85% ~အမေရိကန်နိုင်ငံက နာမည်ကျော် ဆရာတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဝါသနာနဲ့ စေတနာတွေကို တွင်တွင်သုံးတဲ့ ဆရာတွေအများကြီးရှိပေမဲ့ အနစ်နာ ဆရာမျိုးကတော့ ပိုပြီးတွေ့ရခဲတယ်ထင်ပါတယ်။ရွန်ကလက်ကတော့ နာသုံးနာပြည့်စုံတဲ့ ဆရာမျိုးဖြစ်ပြီး ဆရာဆိုတဲ့ အသံကြားတာနဲ့ ကျေးဇူးတင်တဲ့အသိ၊ နွေးထွေးတဲ့ခံစားချက်မျိုးရလာပြီး ဆရာက ကိုယ့်ဖက်မှာရှိနေသရွေ့ ဘာကိုမှကြောက်စရာမလိုဘူးလို့ ထင်လာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဆရာတစ်ယောက်ပေါ့။ ဆရာဆိုတာ ဒါမျိုးပဲလို့ ပြရလောက်အောင် ဂုဏ်ယူစွာနဲ့ ပြနိုင်လောက်တဲ့ ဆရာမျိုးပါပဲ။နယ်မှာ အောင်မြင်မှု အထိုက်အလျှောက်ရထားတဲ့ မူလတန်းဆရာလေး ရွန်ကလက်က အိပ်မက်အကြီးကြီးနောက်ကို လိုက်ဖို့ နယူးယော့ခ်မြို့ကြီးကို မျှော်လင့်ချက်တွေ တသီကြီးနဲ့တက်လာတယ်။ မြို့ကြီးတွေဆိုတာကတော့ သိကြတဲ့အတိုင်း အပြိုင်အဆိုင်တွေများ၊ ရှုပ်ယှက်ခတ်နေပြီး အနားမရတဲ့နေရာမျိုးမလား။ဒါပေမဲ့လည်း မြို့ပြရဲ့ တိုက်စားတဲ့ဒဏ်ကို ...
movie

The Ron Clark Story (2006)

2006
The Best Man Holiday (2013)
The Best Man Holiday (2013)  စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဟာပါ..သူရေးထားတဲ့စာအုပ်က မရောင်းရလို့ စာတိုက်က မထုတ်ဝေပေးဘဲသူငယ်ချင်းဟောင်းတစ်ယောက်ဖြစ်တဲ့ အားကစားသမားလန့်စ်ရဲ့အတ္ထုပတ္တိကိုရေးဖို့ အကြံပေးပါတော့တယ်၊တစ်ဖက်မှာလည်း ဇနီးဖြစ်သူက ကလေးမွေးတော့မှာပါဒီလိုနဲ့ ငွေလိုနေတဲ့ ဟာပါတစ်ယောက် သူငယ်ချင်းရဲ့ အတ္တုပတ္တိကိုရေးဖို့‌ တွေဝေနေပါတယ်၊ဒီလိုအချိန်မှာ သူငယ်ချင်းဟောင်းတစ်ဖြစ် လန့်စ်ရဲ့ဇနီးဖြစ်သူမီယာက ခရစ်စမတ်ပိတ်ရက်ကို သူငယ်ချင်းတွေအတူတူပြန်ဆုံကြဖို့ ဖိတ်လာပါတယ်။ ဒီလိုနဲ့ ခရစ်စမတ်ပိတ်ရက်အတွင်း ငယ်သူငယ်ချင်းတွေပြန်ဆုံပြီးအရင်လိုခင်ခင်မင်မင်ပြန်နေဖို့ကြိုးစားတဲ့အချိန်မှာဘယ်လိုကိစ္စတွေကြုံကြရမလဲ၊ ဟာပါကရောငွေကြေးအခက်အခဲဖြေရှင်းနိုင်ဖို့အတွက်လန့်စ်ရဲ့အတ္ထုပတ္တိကိုရေးပါ့မလားလန့်စ်ကို ဘယ်လိုစည်းရုံးမလဲ စတာတွေနဲ့အတူသူငယ်ချင်းတွေကြား သံယောဇဉ်တွေပြဿနာတွေကို ရသအစုံနဲ့ ကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…1.83GB / 735MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 45m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Benni
movie

The Best Man Holiday (2013)