Channel Myanmar

Misha Narang

Thudikkum Karangal (2023) 7.5
Thudikkum Karangal (2023) Thudikkum Karangal 2023 IMDb-7.5/10အမှောင်ထုကြီးစိုးနေတဲ့လောကမှာ လူကောင်းတစ်ယောက်လုပ်ရတာလည်း မလွယ်လှပါဘူး။ အထူးသဖြင့် အကျင့်ပျက်ခြစားမှု လာဘ်ပေးလာဘ်ယူမှုတွေ မူးယစ်မှောင်ခိုမှုတွေ ထမင်းစားရေသောက်လိုလုပ်နေကြတဲ့ နိုင်ငံရေးလောကရဲ့အမှောင်ခြမ်းအကြောင်းကို ဖော်ကောင်လုပ်မယ့်လူဆိုရင်တော့ ဝါးမြိုချင်တဲ့ဒုစရိုက်ကောင်တွေနဲ့ သေချာပေါက်ရင်ဆိုင်ရပါလိမ့်မယ်။ဗီတရီဟာ အမှန်တရားကိုမြတ်နိုးပြီး လူတွေကို ကယ်တင်ချင်တဲ့ YouTuber တစ်ယောက်ပါ။ ဒါပေမဲ့ အမှန်ချည်းပြောတဲ့လူကို လူမုန်းကြသလိုပဲ အကျင့်ပျက်ခြစားမှုတွေ ဒုစရိုက်သမားတွေအကြောင်းကို YouTubeကနေ ဗီဒီယိုတင်တင်နေတဲ့ ဗီတရီဟာလည်း လူတွေမကြာခဏ ဆွမ်းကြီးလောင်းတာခံရပါတယ်။ မိဘတွေကတော့ဗီတရီကို အခြေတကျအလုပ်တစ်ခုနဲ့ အိမ်ထောင်ရက်သားကျလို့ အတည်တကျဖြစ်စေချင်ပေမဲ့ ဥပဒေနောက်လိုက်နေတဲ့ဗီတရီကတော့ နိုင်ငံကိုကယ်တင်မယ့် အမှန်တရားဘက်တော်သားဖြစ်ချင်စိတ်ကသာ များနေတာပေါ့။တစ်နေ့မှာတော့ မြို့တက်ရင်း သားကိုလာရှာတဲ့အဘိုးကြီးကို ကူညီပေးချင်လို့ သားပျောက်ရှာဗီဒီယိုကို ရိုက်ပြီးတင်ပေးလိုက်ရာကနေ လူပျောက်တာထက်ပိုတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးရဲ့သမီးပါ ပါနေတဲ့ လူသတ်မှုကွင်းဆက်ထဲ ရောက်မှန်းမသိ ရောက်သွားတဲ့အခါမှာတော့...အရင်တုန်းက သူတင်နေကြတွေထက် အဆပေါင်းများစွာနက်ရှိုင်းတဲ့ ဒီအမှုကြောင့် နဂိုကမှ ရန်စတွေမနည်းလှတဲ့ ဗီတရီတစ်ယောက် ဘယ်လိုအန္တရာယ်တွေကြုံလာရမလဲ။ အမှန်တရားဘက်တော်သားပီပီ ဒီအမှုကို သူဘယ်လိုဖြေရှင်းသွားမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Thudikkum Karangal (2023)

2023
CSI Sanatan (2023) 9.6
CSI Sanatan (2023) C.S.I. Sanatan (2023)IMDb-9.6/10ဇာတ်လမ်းအညွှန်း ၁‌ ဒေါ်လာနဲ့ VCဆိုတဲ့ချေး‌ငွေ ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံရုံနဲ့ အိမ်မက်တွေပြည့်၀မယ် လူမှုဘ၀အဆင်ပြေတယ်ဆိုပြီး ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ ကာလပေါ့အဲဒီချိန်မှာမှ VC ကုမ္ပဏီရဲ့ CEO ဗစ်ကရမ်အသတ်ခံလိုက်ရပါတယ် နိုင်ငံအတွင်းနာမည်ကြီးဟစ်ဖြစ်နေတဲ့လူအသတ်ခံရတာမို့ ရဲတပ်ဖွဲ့တင်မဟုတ်ဘဲ အထူးပညာရှင်တွေပါလိုအပ်လာချိန်မှာ ဆန်နသန်၀င်ပါလာရ‌ပါတော့တယ်ဆန်နသန်ရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကတော့ ရဲဖြစ်ချင်တဲ့ဘ၀အိမ်မက်အတွက် စာမေးပွဲကျတဲ့အချိန်မှာ ရည်းစားကပစ် အစ်ကိုကသေနဲ့စိတ်ဓာတ်ကျနေရာက ပြစ်မှုဗေဒဝင်သင်ရင်း ပြစ်မှုစုံစမ်းစစ်ဆေးရေးတွေမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်လာသူပါ နိုင်ငံအတွင်းလတ်တလောနာမည်ကြီးထိပ်ပြေးနေတဲ့သူ အသတ်ခံရတဲ့နောက်ကွယ်ကဘာများလဲ ဆန်နသန်ရဲ့ ကျွမ်းကျင်မှုပညာတွေနဲ့ ဘယ်လိုထုတ်ဖော်သွားမလဲဆိုတာတွေက မှုခင်းကားတွေကြိုက်တတ်တဲ့ ပရိသတ်ကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး File size…1.96GB / 894MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 17mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Khin~BpL
movie

CSI Sanatan (2023)

2023