Channel Myanmar

Moe Dunford

Black 47(2018) 7.0
Black 47(2018) Black 47(2018) IMDb.....7.0 ဒီကားလေးကတော့ အိုင်ယာလန်နိုင်ငံမှာအငတ်ဘေးကြီးကျရောက်တဲ့ကာလကိုအခြေပြုရိုက်ကူးထားတဲ့ ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ IMDb rating 7.0 အထိရရှိထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံမှာအငတ်ဘေးကျရောက်ပြီး သီးနှံလည်းမဖြစ်ထွန်း အနာရောဂါတွေနဲ့ လူတွေများစွာသေကျေပြီး အင်္ဂလန်၊ အမေရိကစတဲ့ဒေသတွေဆီကို အိုင်းရစ်လူမျိုးတွေထွက်ခွာနေရတဲ့အချိန်မှာ ဗြိတိန်စစ်တပ်အတွက် ပြည်ပမှာတိုက်ခိုက်ပေးခဲ့တဲ့အိုင်းရစ်စစ်သည်တစ်ယောက်ရှိတယ်.. သူဟာ မိမိနေရပ်ကိုပြန်လာချိန်မှာ ဒီလိုစိတ်ထိခိုက်စရာအဖြစ်အပျက်တွေကိုမြင်တွေ့လိုက်ရတဲ့အပြင် သူ့ရဲ့မိသားစုတွေနဲ့အခြားအိုင်းရစ်လူမျိုးတွေ ဗြိတိန်ရဲ့ဖိနှိပ်မှုတွေခံနေရတာ သတ်ဖြတ်ခံရတာတွေကိုပါ တွေ့မြင်လိုက်ရတော့ သူ့မိသားစုနဲ့ သူ့လူမျိုးအတွက်တစ်ကိုယ်တော်အာခံတိုက်ခိုက်လက်စားချေတော့တာပါပဲ။ Action/Drama ကားကြိုက်တဲ့သူတွေအတွက် စိတ်မပျက်စေမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်... File Size : (850 MB) and (303 MB) Quality :720p WEBRip, Format…mp4 Duration…01:40:00 Genre : Action , Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Phyo Pyae
movie

Black 47(2018)

The Lodgers 5.2
The Lodgers The Lodgers (2017) ကို ဒါရိုက်တာ Brian O'Malley ရိုက်ကူးထားပြီး IMDb 5.2 ရရှိထားပါတယ် Drama in Horror နဲ့ Horror in Drama ကို အဓိကထားပြီး နှိုင်းယှဉ်ဖော်ပြထားတာပါ ဇာတ်လမ်းအကျဉ်းကို note ထုတ်ကြည့်တဲ့အခါ -1920 ပထမကမ္ဘာစစ်ကြီး ပြီးခါစအချိန် -အိုင်ယာလန်ဆင်ခြေဖုံးရွာလေးတစ်ရွာ - အထည်ကြီးပျက်အင်္ဂလိပ်မိသားစုရဲ့အိမ်အိုကြီး - အမွှာမောင်နှမများဖြစ်တဲ့ ရေချယ်နဲ့အက်ဒ်ဝပ် - မျိုးရိုးစဉ်ဆက်လိုက်နာခဲ့တဲ့ စည်းကမ်း ၃ ချက် *ညသန်းခေါင်ချိန် အခန်းထဲမှာနေရန် *သူစိမ်းတွေအိမ်ထဲ ပေးမဝင်ရန် * *တစ်ယောက်နဲ့တစ်ယောက် ခွဲခွာမသွားကြရန်* စည်းကမ်းချက်တွေက ကလေးဘဝတလျှောက် အဆင်ပြေခဲ့ပေမယ့် အရွယ်ရောက်လာတော့ အဆင်မပြေဖြစ်လာကြတယ် စည်းကမ်းချက်တွေက ဘယ်ကိုတွန်းပို့နေသလဲ ဆိုတာ နှစ်ဦးစလုံးသဘောပေါက်လာကြတယ် တစ်ဦးကကျိန်စာလို့မြင်ပြီး ရုန်းထွက်ချင်သူ နောက်တစ်ဦးကဆုလာဘ်လို့မြင်ပြီး မိဘတို့လမ်းစဉ်လိုက်လိုသူ အပျိုဖြန်းကလေး ရေချယ် မြင်မြင်ချင်း တွေကနဲငေးကြည့်မိတဲ့ စစ်ပြန်ဒုက္ခိတကိုလူချော ရေချယ့်နှလုံးသားထဲ ထိုသူဝင်ရောက်လာတဲ့ အခါမှာတော့....... ဝုန်း ဒိုင်း ...
movie

The Lodgers

2017