Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Monicka Siva
7.8
Erumbu (2023)
Erumbu 2023 IMDb 7.7/10 Drama/Familyမိသားစုဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ရသကောင်းလေး ပေးစွမ်းနိုင်မယ့် တမီးလ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အန်နာဒူရိုင်ဟာ အိမ်အတွက် ရုန်းကန်ပြီးဝမ်းစာနေရှာနေရတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ အကြွေးပတ်လည်ဝိုင်းနေပြီး မိသားစုဝင်ခြောက်ယောက်စာကို ရှာဖွေနေရတာမလို့ တကယ်ကိုမလွယ်ကူလှပါဘူး။ဒါပေမဲ့လည်း သားဖြစ်သူမူသူးနဲ့ သမီးဖြစ်သူပန်ချီကို မရှိတဲ့ကြားကနေ စိတ်ချမ်းသာအောင်ထားပေးတဲ့ ဖခင်ကောင်းတစ်ဦးဖြစ်ပါတယ်။ မိထွေးဖြစ်သူနဲ့နေရတဲ့ သားနဲ့သမီးကို အတတ်နိုင်ဆုံးလိုတာတွေဖြည့်ဆည်းပေးပြီး သားနဲ့သမီးကလည်း ရုန်းကန်နေရတဲ့အဖေကို ပြန်ကြည့်ပေးတာမလို့ ငွေကြေးမပြည့်စုံပေမယ့်လည်း မေတ္တာတွေနဲ့လွှမ်းခြုံထားတဲ့မိသားစုလေးဖြစ်ပါတယ်။တစ်နေ့မှာ မိထွေးဖြစ်သူရဲ့အရေးပါတဲ့ရွှေလက်စွပ်တစ်ကွင်းဟာ မထင်မှတ်ပဲပျောက်သွားတဲ့အတွက်ကြောင့် မူသူးတစ်ယောက် ပြာယာခတ်သွားပါတော့တယ်။ အရေးပါတဲ့လက်စွပ်ဖြစ်ပြီး အိမ်ကသိရင်ပြဿနာတက်မှာဖြစ်တဲ့အတွက် အစ်မဖြစ်သူနဲ့အတူ သူငယ်ချင်းတွေကိုပါ အကူအညီတောင်းရင်း ရှာပုံတော်စရပါတော့တယ်။ မူသူးတို့မိသားစုလေး အစစအရာရာအဆင်ပြပါ့မလား။ ဘာတွေဆက်ဖြစ်ကြဦးမလဲ။ ဒီဇာတ်ကားလေးမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Moon~Zwe Yan~Cherry တို့ပဲဖြစ်ပါတယ်။) File size…2.5GB / 1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Moon~Zwe Yan~Cherry
movie
Erumbu (2023)
2023
Katharbasha Endra Muthuramalingam (2023)
Kathar Basha Endra Muthuramalingam (2023) IMDb-5.4/10 Teddy(2021) ရုပ်ရှင်ထဲမှာ ၀က်ဝံရုပ်နဲ့အတူ ကြမ်းခဲ့တဲ့ မင်းသားကြီးအာယာရဲ့ အက်ရှင်ကားအကြမ်းစားကြီး ထွက်လို့လာပါပြီ။ဖိုက်တင်ခန်းတွေ တောင့်တနေတဲ့ ဘောလိဝုပရိသတ်အတွက် ကြည့်လို့ကောင်းဦးမယ့် ဇာတ်လမ်းပါပဲ။မင်းသမီးက ကိုတိုင်းကြိုက်တဲ့ နှင်းဆီပျို၊ ခက်နေတာ သူက ဘယ်သူ့ကိုမှ အာရုံမလာဘဲ ခပ်ချေချေပဲနေတာ။ပိုပြီးခက်တာက ဂန်းစတားအသိုင်းအဝိုင်းထဲက သူမ။သူတို့အသိုင်းအဝိုင်းထဲက ယောက်ျားကလွဲရင် ဘယ်သူနဲ့မှ ပတ်သက်ခွင့်မပြုထားဘူး။ ပိုပိုပြီးခက်တာက ကျွန်တော်တို့ဇာတ်လိုက်ကျော် ဖိုက်တာကြီးအာယာက ထောင်ထဲကနေတောင် အာမခံနဲ့ထွက်လာပြီး သူမကိုလာတွေ့ခဲ့ပါရောလား။ကာသာဘာရှာကို သိတဲ့လူတိုင်း ကြောက်ဒူးတုန်ကြသလို ရွာထဲကလူတိုင်း ဖိန့်ဖိန့်တုန်အောင်ကြောက်ကြတဲ့ ဂန်းစတားကြီးတို့ ရင်ဆိုင်တွေ့ ကြတဲ့အခါ။ ဖိုက်တင်ခန်းတွေ အများကြီးနဲ့ ကြမ်းပြမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~YHတို့ပဲ ဖြစ်ပါတယ်) File size…2.7GB / 1.43GB Quality…1080p WEB DL /720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~YH
movie
Katharbasha Endra Muthuramalingam (2023)
5.5
Thiruvin Kural(2023)
ရုပ်ရှင်တကား ကောင်းတယ် မကောင်းဘူးပြောရအောင်က ကြည့်တဲ့သူအပေါ်မှာပဲ မူတည်တတ်တာမျိုးဗျ။ ဥပမာ K.G.F လိုမျိုး ၂ ဘ၀ကလဲ့စားလိုမျိုးအယောက်တရာလောက်ကို တယောက်ထဲ ယှဉ်ဖိုက်ပြီး မင်းသားကပဲ နိုင်တယ်ဆိုတဲ့ ဇာတ်မျိုးကြိုက်တဲ့သူ ရှိသလို Ae Dil Hai Mush Kil လိုမျိုး အချစ် ဒရမ်မာ သီးသန့်လေးကိုမှ ခိုက်ပါတယ်ဆိုတဲ့သူမျိုးနဲ့ ကွဲပြားကြသလိုပေါ့။တချို့ကျလည်း ဇာတ်ကားကြည့်တော့မယ်ဆို ဘယ်သူသရုပ်ဆောင်တယ် ဘာဇာတ်အမျိုးစားလဲဆိုတာထက် Rating တွေ Review တွေကြည့်ပြီး များမှဆိုတဲ့သူတွေလည်းရှိကြတယ်။ပြောချင်တာ ခုတင်ဆက်ပေးမဲ့ ဒီတမီးလ်ရုပ်ရှင်ကားကလဲ ကြိုက်တတ်သူတွေအတွက်ကတော့ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ အက်ရှင် ဒရမ်မာကားတကားပါပဲ။ မင်းသားက စကားမပြောတတ်တဲ့အပြင် အနားကပ်ပြောမှ အသံသဲ့သဲ့ပဲကြားရတဲ့ ဘ၀၊ ဒါပေမဲ့ အင်ဂျင်နီယာဘွဲ့ရ၊အဖေဖြစ်သူနဲ့အတူတူ ဆောက်လုပ်ရေးတခုမှာ ဝင်ဦးစီးပေးနေတာ။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်တဲ့ ဘ၀လေးတခု ပိုင်ဆိုင်ထားတဲ့သူ။ လှတပတချစ်သူကောင်မလေးနဲ့ကလည်း ရွှေလမ်းငွေလမ်း ဖောက်ပြီးသား။ သူ့ပတ်ဝန်းကျင်က မိန်းကလေးတွေကို စော်ကားလာရင် ဖြုန်း ဖြောင်းနဲ့ ဆော်လွှတ်တတ်တဲ့စရိုက်နဲ့ လူ။ လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေလို့ ဆိုရမလိုပဲ တရက် မင်းသားရဲ့အဖေက ဆိုဒ်ထဲမှာ မတော်တဆမှုတခုနဲ့ ဆေးရုံတတ်ရပါလေရော။ အဲ့မှာ ...
movie
Thiruvin Kural(2023)
2023