Channel Myanmar

Mukesh Chhabra

Jawan (2023) 7.5
Jawan (2023) Jawan (2023) "စစ်သည်တော်"IMDb-7.5/10ဒီနှစ်ထဲမှာပဲ ဒုတိယမြောက်အောင်မြင်မှုကိုစိုက်ထူခဲ့ပြန်တဲ့ King Khanရဲ့ရုပ်ရှင်ကားကြီး Jawanကို တင်ဆက်ပေးလိုက်ပါပြီ။King Khanရယ်လို့ ဂုဏ်ပုဒ်တစ်ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ အောင်မြင်နေဆဲ မင်းသားကြီးရှာရွတ်ခန်းရဲ့ အသက်၅၈မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂ရက်နေ့မှာပဲ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်ကိုရောက်ရှိလာခဲ့တာပါ။ပထန်မှာတုန်းက အမေရိကန်ဒေါ်လာ သန်း၁၃၀ဝန်းကျင်ထိရခဲ့ပြီး ဒီရုပ်ရှင်မှာတော့ သန်း၁၄၀ဝန်းကျင်ထိ ပြန်လည်ရရှိခဲ့ပါတယ်။ဒီကားမှာ ဘောလိ၀ုဒ်ရဲ့ဘုရင်ကြီး ကင်းခန်းနဲ့ တမီးလ်စတား မင်းသားကြီးဗီဂျေးစည်သူပတီတို့ အပြိုင်ကျဲထားတဲ့အပြင် အချောလေး ဒီပီကား မင်းသားကြီး ဆန်ဂျေးဒတ်နဲ့ ယိုဂီဘာဘူတို့လည်းပါဝင်အားဖြည့်ထားပါသေးတယ်။နောက်ပြီး မင်းသမီးချောအငယ်လေးတွေကိုလည်း တ၀ကြီးရှုစားရမှာပါ။ဥပဒေ...။ဥပဒေဆိုတာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းအတွင်းမှာ မမှားသင့်တာမမှားရအောင်၊ မှားခဲ့ပြန်ရင်လည်း အမှားကိုသက်သေထူပြီး အပြစ်ဒဏ်ပေးဖို့ပဲလို့ အလွယ်ဆိုကြပါစို့။ဒီလို လူ့ယဉ်ကျေးအသိုင်းအဝိုင်းဆိုတာကြီးထဲမှာပဲ ဥပဒေကိုလက်တလုံးခြားလုပ်ရင်း ကိုယ်ကျိုးရှာတတ်တဲ့ အတ္တသမားကြီးတွေက ဥပဒေအထက်မှာရောက်နေတတ်ကြတာကလည်း ဓမ္မတာလို့ပဲဆိုကြရလေမလား။ဒီလို ဝိသမလောဘသမားတွေကို ပညာပေးမယ့် အဖွဲ့တစ်ဖွဲ့ရှိနေပါတယ်။ အာဇဒ်နဲ့မိန်းမပျိုလေးတသိုက်ပေါ့။သူတို့တွေ ရထားတစ်စင်းကိုပြန်ပေးဆွဲကြပေမယ့် ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းခံကြောင့်ပြန်ပေးဆွဲခံရသူ ရထားပေါ်ကခရီးသည်တွေပါ သူတို့နဲ့တစိတ်တဝမ်းတည်းဖြစ်ကုန်ပါရောလား။ ဥပဒေရဲ့အပြင်ကနေ မလွှဲမရှောင်သာလုပ်ကိုင်နေရသူဖြစ်ပေမယ့်ရေစက်ဆုံချင်တော့လည်း ပြန်ပေးညှိနှိုင်းရေး အရာရှိအမျိုးသမီးလေးနဲ့မှ အာဇဒ်တစ်ယောက် ဖူးစာဆုံပါရော။အာဇဒ်နဲ့အဖွဲ့က နောက်ထပ်မစ်ရှင်တစ်ခုကိုထပ်လုပ်တဲ့အချိန်...၊အာဇဒ်ရဲ့ ဖုံးကွယ်ထားတဲ့ဇာတ်ရုပ်ကိုမသိဘဲ ...
movie

Jawan (2023)

2023
4K HEVC
Raman Raghav 2.0 (2016) 7.4
Raman Raghav 2.0 (2016) Raman Raghav 2.0 (2016) IMDb - 7.4/10_____Rotten - 86%  ၂၀၁၆ မှာထွက်ရှိထားတဲ့ Raman Raghav 2.0 ဆိုတဲ့ ဒီရုပ်ရှင်ကားဟာ ဒါရိုက်တာ Anurag Kashyap ကရိုက်ကူးထားပြီး IMDb 7.4 အထိရရှိထားပါတယ်။ နာမည်ကြီးစိတ္တဇအကြမ်းဖက်လူသတ်သမား တစ်ဦးဖြစ်တဲ့ Raman ရဲ့ ၁၉၆၀နှစ်အလယ်ပိုင်းများက မွန်ဘိုင်းပြည်နယ်မှာကျက်စားခဲ့ပုံကို တင်ဆက်ပြသထားပြီး ရဲအရာရှိတစ်ဦးဖြစ်တဲ့ Raghuvendra Singh Ubbi နဲ့ သူတစ်ပြန်ကိုယ်တစ်ပြန်ရင်ဆိုင်ကြတာတွေကို ရင်တစ်ဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအလှည့်အပြောင်းများသာမက ဇာတ်လမ်းဇာတ်အိမ် အင်မတန်ခိုင်မာကောင်းမွန်တာကြောင့် အများကြီးမညွှန်းတော့ဘဲ ဇာတ်ကားကိုသာကြည့်ရှုကြဖို့ တိုက်တွန်းပါရစေခင်ဗျာ။  ဇာတ်လမ်းအကျဉ်းကိုတော့ မိုးဦးမာန် က ရေးသားပေးခဲ့တာဖြစ်ပါတယ်။    File Size - 956 MB File Type - Mp4 Quality - BR-Rip 720p Duration - 2h 13min Translator - Linnthura1988 Encoder - Kyaw Ye Aung
movie

Raman Raghav 2.0 (2016)

2016