Channel Myanmar

Munishkanth

Marakkuma Nenjam (2024) 8.3
Marakkuma Nenjam (2024) Marakkuma Nenjam (2024) Imdb 8.5/10 လွမ်းရယ်မှမပြေ အခုတစ်ခါ တင်ဆက်ပေးမယ့် တောင်ပိုင်းကားလေးကတော့ Rating ကောင်းကောင်း ဇာတ်လမ်းဆန်းဆန်းလေးနဲ့ ကားပဲဖြစ်ပြီး အချစ်ဟာသကားလေးကိုမှ ကောင်လေးကောင်မလေးချောချောလေးတွေနဲ့ စိတ်နှလုံးကြည်နူးစွာနဲ့ ကြည့်ရှုအားပေးရမှာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့ ဗမာကားထဲက အိုကြီးအိုမကောင်တွေ ကိုးတန်းဆယ်တန်းပြန်တက်တဲ့ ဇာတ်ဝင်ခန်းလိုပါပဲ ဒါပေမဲ့ ဒီထဲက မင်းသားတို့သူငယ်ချင်းတစ်သိုက်က အောင်ပြီးတာ ဆယ်နှစ်ကြာမှ ဆယ်တန်းကို တကယ်ပြန်တက်ရမှာပါဘာလို့လဲဆိုတော့ သူတို့အောင်ခဲ့တဲ့နှစ်မှာ အောင်ချက်ကောင်းတာ မရိုးသားလို့ဆိုပြီး တိုင်လိုက်တာကို တရားရုံးက အကုန်ဆယ်တန်းပြန်တက်ခိုင်းပြီး ပြန်ဖြေခိုင်းမှာပါ.... အားလုံးက တိုင်ပတ်နေပေမယ့် crush လေးနဲ့ ပြန်တွေ့ရမှာအရမ်းပျော်နေတဲ့သူကတော့ ကာသစ်ပါပဲ....အဲ့လိုတလွဲတချော်တွေ ပေါက်ကရတွေနဲ့ ကျောင်းပြန်တက်ကျတဲ့အခါ ဆက်ဖြစ်လာမဲ့ ကိစ္စတွေကတော့ ပရိသတ်ကြီးပဲ ရယ်ရယ်မောမောနဲ့ ကိုယ်တိုင်ခံစားကြပါလို့ ပြောရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Marakkuma Nenjam (2024)

2024
Odavum Mudiyadhu Oliyavum Mudiyadhu (2023) 6.5
Odavum Mudiyadhu Oliyavum Mudiyadhu (2023) Odavum Mudiyadhu Oliyavum Mudiyadhu (2023) သရဲခြောက်သောရုပ်ရှင်ရုံကြီး(function(f,b,n,j,x,e){})();အတည်ပေါက်ကားတွေ ကြည့်ရတာများပြီး ပေါ့ပေါ့ပါးပါး ရီမောချင်တဲ့ပရိသတ်တွေအတွက် တမီလ်ဟာသသရဲကားလေးကို တင်ဆက်ပေးချင်ပါတယ်ဟာသသရဲကားဆိုပေမဲ့ သရဲဆိုတဲ့အတိုင်း နဲနဲတော့ခြောက်မှာပါနော် အဲ့တော့ ကြောက်လဲကြောက်ခွီလဲခွီနဲ့ ပျော်စရာကြီးဖြစ်နေမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ရုပ်ရှင်ရုံသရဲပါ အဆောင်ကနေခိုးထွက်လာတဲ့ကောင်မလေးတွေရယ် ကျောင်းလစ်ပြီး ရုပ်ရှင်လာကြည့်တဲ့ သောက်ကလေးတွေရယ် ရွာပြန်ဖို့ကားမရှိတော့လို့ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရင်းအိပ်ကြမဲ့ ရုပ်ရှင်ရူးတောသားတွေရယ် လင်ငယ်နဲ့ရုပ်ရှင်ရုံမှာလာချိန်းတွေ့တဲ့အတွဲရယ် စသည်ဖြင့်လူတအုပ်ကြီးက အမှတ်မထင် ရုပ်ရှင်ဝင်ကြည့်ဖြစ်တဲ့အချိန် အဲ့ရုံက လူများစွာသေထားပြီး မကျွတ်လွတ်သေးတဲ့ သရဲများရှိနေတဲ့အချိန်….. အားလုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဘယာနကရသနဲ့အတူ ဟဒယရွှင်ဆေးလေးကို CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.67GB / 763MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Odavum Mudiyadhu Oliyavum Mudiyadhu (2023)

2023
80’s Buildup (2023) 4.4
80’s Buildup (2023) 80s Buildup 2023ဇာတ်လမ်းအကျဉ်းဇမီးမိသားစုအိမ်တော်ဟာ မျိုးရိုးစဉ်ဆက်ချမ်းသာလာကြပြီး ရှေးဟောင်းရတနာတွေအိမ်မှာမြှုပ်ထားတယ်လို့ ဓားပြတွေတချောင်းချောင်းဖြစ်နေတဲ့အိမ်။ထိုအိမ်မှာ ကာသီရ်နဲ့ မန်ဂျာကီလီတို့မောင်နှမနှစ်ယောက်ရှိပါတယ်။ စကားတစ်ခွန်းအပြန်အလှန်ပြောကြတာနဲ့တင် အချင်းချင်းထသတ်ကြတဲ့ မတည့်အတူနေတွေပါ။သို့ပေမယ့်သူတို့နှစ်ယောက်မှာ ဝါသနာတူအကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ အလောင်းအစားလုပ်ပြီးစိန်ခေါ်မှုလုပ်တာပါပဲ။ နှစ်ယောက်သား စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ့်သူတွေပါ။ တစ်နေ့မှာ လူလိမ်အဖွဲ့တစ်ဖွဲ့ရတနာပစ္စည်းရှာဖို့အိမ်ကိုရောက်လာပြီး မတော်တဆမှုတစ်ခုကြောင့် အဖိုးဖြစ်သူရုတ်တရက်ဆုံးသွားရှာပါတယ်။ဒီလိုနဲ့အသုဘမှာ ရတနာရှာမယ့်သူခိုးကတစ်ဖွဲ့ အလောင်းအစားလုပ်ပြီး စိန်ခေါ်နေတဲ့မောင်နှမကတစ်ဖွဲ့ အမွေခွဲပေးဖို့ကိုသာ မျက်စိကျနေတဲ့တစ်ဖွဲ့ အဲလိုနဲ့ပဲ အဖိုးဖြစ်သူအသုဘဟာ ပြဿနာအရှုပ်ထုပ်တွေကြား ‌အေးအေးချမ်းချမ်းနဲ့ ပြီးသွားနိုင်မလားဆိုတာကို အသုဘထဲရယ်ရမလိုလို ငိုရခက်စေမယ့် တမီးလ်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.96GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

80’s Buildup (2023)

2023
Maanagaram(2017) 8.1
Maanagaram(2017) Maanagaram (2017) "မြို့ပြရဲ့ သားကောင်များ"IMDb 8.1 ရထားတဲ့ ဒါရိုက်တာ Lokesh Kanagaraj ရဲ့ တမီးလ် action/thriller ကား(UNCUT version) ဖြစ်ပါတယ် ဒါရိုက်တာ Lokesh ကို ဘာလို့ ထည့်ပြောရသလဲဆိုရင် လတ်တလောလေးက ထွက်ထားတဲ့ ဗီဂျေးရဲ့ သောက်ကြမ်းကား Leo(2023) ရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါဒါရိုက်တာ Lokesh ဟာ action/thriller ကားတွေနဲ့ တမီးလ်ရုပ်ရှင်လောကမှာ နောက်ပိုင်း ထင်ပေါ်လာသူတစ်ယောက်ဖြစ်ပါတယ် Kaithi, Vikram နဲ့ Leo ဆိုပြီး သုံးကားတွဲ (Lokesh Cinematic Universe - LCU)ဆိုပြီး ကင်ပွန်းတပ်ရတဲ့အထိ အောင်မြင်ခဲ့ပြီး ဒီ Maanagaram ကတော့ သူ့ရဲ့ ပွဲဦးထွက် ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် တက်သစ်စ ဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ဆိုပေမယ့် ဘတ်ဂျက် သန်း ၄၀ နဲ့ ရိုက်ကူးခဲ့ရာမှာ ...
movie

Maanagaram(2017)

2017
Partner (2023) 6.2
Partner (2023) Partner 2023 (သို့) ညိုကီမှပျိုမဒီ IMDb - 6.3/10တောင်ပိုင်းမင်းသားချော အာဒီနဲ့ သူမပါရင်တောင်ပိုင်းကားမဟုတ်သလို ဇာတ်ကားတိုင်းမြင်နေရတဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ ထူးခြားဆန်းကြယ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အာဒီက အကြွေးပူနေလို့ ငယ်သူငယ်ချင်း ဘာဘူကြီးရှိရာ ချန်နိုင်းကို ရောက်လာခဲ့ရော။ အဲဒီမှာ အသက်ရှင်ဖို့အရေး ခိုးဝှက်စားသောက်နေကြလေရဲ့။ ရိုးရိုးခိုးတာမဟုတ် ကုမ္ပဏီထောင်ခိုးတာ။ တစ်ရက် အချီကြီးကြံဖို့အရေး သူဌေးကို ဂွင်ကျော်ရိုက်ရာကအစ သိပ္ပံပညာရှင်ကြီးတစ်ယောက်ရဲ့ စမ်းသပ်ခန်းထဲက ချစ်ပ်ပြားလေးတစ်ခုကို ဝင်ခိုးရင်း ဇာတ်လိုက်ကျော်ယိုဂီဘာဘူတစ်ယောက် ဘုန်းကညာတပါး လုံးရာကပြားပြီး မင်းသမီးချောလေး ဟန်စီကာအဖြစ်ပြောင်းသွားပါရောလား။အဲဒီကနေ ဘယ်လိုတွေတိုင်ပတ်ပြီး ပျိုကညာမဒီတပါး ပြားရာကပြန်လုံးဖို့ ကြိုးစားကြပုံကို ဝါးလုံးမကွဲဘဲ ပြုံးဖြဲဖြဲရယ်မောရင်း ကြည့်ရှုအမောဖြေကြစို့လေ။(အညွှန်းနဲ့ဘာသာပြန်သူတွေက Zwe~BpL~V~YH~ToMo~KKKZတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…2.45GB  / 1.16GB Quality…1080p WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe~BpL~V~YH~ToMo~KKKZ
movie

Partner (2023)

2023
Infinity (2023) 8.1
Infinity (2023) Infinity ( 2023 ) ============== IMDb 8.7/10အိန္ဒိယမှုခင်းရုပ်ရှင် ပရိသတ်တွေအတွက် ဒီနှစ်ထဲမှာ မှုခင်းဇာတ်လမ်းကောင်းတွေ အများကြီးထွက်ရှိခဲ့ပြီး အခုလည်း နောက်ထပ် တမီလ်မှုခင်းရုပ်ရှင်တစ်ခု ထပ်မံထွက်ရှိလာပြန်ပါပြီ။ချန်နိုင်းမြို့ကြီးမှာ တစ်ညတည်းနဲ့ လူသဝာ်မှုနှစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲဒီလူသဝာ်မှုနှစ်ခုမှာ သေဆုံးသူတွေက ရဲအရာရှိတစ်ယောက်နဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်နေပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဘာသဲလွန်စမှရှာမရတဲ့အတွက် CBI လို့ခေါ်တဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့ကြီးဆီကို အဲဒီအမှုလွှဲပေးလိုက်ရပါတယ်။ အကွက်ကျကျ ကစားကွက်တွေရွှေ့နေတဲ့ လူသဝာ်သမားကို CBI က စုံထောက်ကြီး အက်ဗီက ဖမ်းမိမလားဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်ဆိုသူတွေကတော့ Yunni, V နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။ ) File size…1.7GB / 960MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ V~ Zwe Yan
movie

Infinity (2023)

2023
Takkar (2023) 8.1
Takkar (2023) Takkar (2023) IMDb-8.3/10တက်သစ်စမင်းသမီးချောလေး ဒေ့ဗ်ယန်ကာ၊နှုတ်ခမ်းမွှေးပဲထားထား မုတ်ဆိတ်ပဲထားထားလန်းလွန်းတဲ့ မင်းသားချောဆစ်ဒါးသ်၊ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ပါဝင်ထားတဲ့ တမီးလ်စကားပြော ရိုမန့်စ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို စားစရာတောင်အနိုင်နိုင်ဘဝကနေ မီလျံနာသူဌေးကြီးဖြစ်ချင်တဲ့ ဂွန်ဇ်တစ်ယောက် ဆင်းဆင်းရဲရဲမွေးလာတာအပြစ်မဟုတ်ဘူး ဆင်းဆင်းရဲရဲတော့မသေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ မြို့တက်အလုပ်လုပ်ပါတော့တယ်။လူကဆတ်ဆတ်ထိမခံဆိုတော့ ဝင်လုပ်သမျှအလုပ်အကုန် ပြုတ်လို့ပြုတ် ထွက်လို့ထွက်နဲ့ တက္ကစီဒရိုင်ဘာကျမှပဲ ခြေငြိမ်သွားတယ်။တက္ကစီမောင်းရင်း သူသွားငြိမိတဲ့ ဂိုဏ်းတစ်ခုရှိတယ်။အဲဒီဂိုဏ်းလုပ်ပုံက အဆန်း။မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး လေလံတင်တာ။ပြန်ပေးဆွဲခံရတဲ့မိန်းကလေး မိဘတွေနဲ့ တစ်ဖက်ကလူကုန်ကူးတဲ့လူနဲ့ကိုစျေးအပြိုင်ပေးခိုင်းတာ။ဂွန်ဇ်မောင်းလာတဲ့ ကားနောက်ဖုံးထဲမှာ မိန်းကလေးတစ်ယောက်ပါလာတာစ ဂွန်ဇ်တစ်ယောက်ဘယ်လိုတွေ ရှေ့ဆက်မလဲ။ သူ့ရဲ့သန်းကြွယ်သူဌေးအိပ်မက်ကရော ဖြစ်လာပါမလားဆိုတာ ကြည့်ရှုရမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~ThaikSanတို့ဖြစ်ပါတယ်) File size…2.89 GB/ 1.40 GB Quality…1080p  WEB DL /720p Format…mp4 Duration…2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~BpL~ThaikSan
movie

Takkar (2023)

2023
Kazhuvethi Moorkkan (2023) 6.4
Kazhuvethi Moorkkan (2023) Kazhuvethi Moorkan ( 2023 ) ============================= IMDb 6.4/10အသစ်ထွက်ထားတဲ့ တမီလ် ကျေးလက် အက်ရှင်ကားမိုက်မိုက်လေးတစ်ခုကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ကီဇာသီရူဆိုတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက ရွာလေးမှာ မူရ်ကာနဲ့ ဘွန်မိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။ မူရ်ကာငယ်ငယ်က နွားခွေ့ခံရတဲ့အချိန်မှာ ဘွန်မိက မူရ်ကာ့အသက်ကိုကယ်ပေးဖူးတာကြောင့် မူရ်ကာဟာ ဘွန်မိအပေါ်မှာ အင်မတန်သံယောဇဉ်ရှိပါတယ်။ဇာတ်မြင့်၊ ဇာတ်နိမ့်ကွာခြားချက်တွေရှိပေမဲ့ မူရ်ကာဟာ ဘွန်မိဘက်က အမြဲတမ်းရပ်တည်ပေးပြီး ဘွန်မိကလည်း မူရ်ကာအတွက်ဆို ဘာမဆိုကူညီတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပေါ့။ အဲဒီလိုသိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဟာ ရွာကိုရောက်လာတဲ့ နိုင်ငံရေးသမားတွေနဲ့ပတ်သက်မိပြီး နိုင်ငံရေးသမားတွေက သူတို့ကို ရန်တိုက်ပေးဖို့ကြိုးစားလာတဲ့အချိန်မှာတော့ တစ်စနဲ့တစ်စ အမှိုက်ကနေ ပြသာဒ်မီးလောင်တဲ့ထိဖြစ်ကုန်ပါတော့တယ်။ဒီ Kazhuvethi Moorkan ဆိုတဲ့ရုပ်ရှင်လေးဟာ တောင်ပိုင်း ကျေးလက်အက်ရှင်ကား ကြိုက်တတ်သူတွေအတွက် အချိန်ပေးရကျိုးနပ်စေမယ့်ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာရဲ့ Bollywood team ကနေ မြန်မာဘာသာသို့ ပြန်ဆိုတင်ဆက်ပေးလိုက်ပါတယ်ဗျ...။ ( ဒီရုပ်ရှင်ရဲ့အညွှန်းကိုတော့ Zwe Yan က ရေးသားပြီး ဘာသာပြန်ဆိုသူတွေကတော့ Voldemort, Aditi, Bpl, Yunni, ThAIk San, နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ...
movie

Kazhuvethi Moorkkan (2023)

2023
Tamilarasan (2023) 5.9
Tamilarasan (2023) Tamilarasan (2023) IMDb - 6.2/10တမီးလ်အနုပညာလောကမှာ တေးရေး၊တေးဆို၊ရုပ်ရှင်အယ်ဒီတာ၊အသံဖမ်းအင်ဂျင်နီယာ၊ ဒါရိုက်တာအဖြစ်နဲ့ ဘက်စုံထူးချွန်လှတဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ၊ Ramaiya Vastavaiya (2013)ထဲမှာ ညီမဖြစ်သူကို သိပ်ချစ်ပြီး မြင်းရုပ်လေးလုပ်ပေးတဲ့ အကိုကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဆိုနူး၊ ပရိသတ်အချစ်တော် ဟာသမင်းသား လူရွှတ်ကြီး ယိုဂီဘာဘူတို့ပါဝင်ထားပါတယ်။ မင်းသား ဗီဂျေးအန်တိုနီက ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ တမီးလ်ရာဆန်နေရာကနေ ရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း "ကျွန်တော့်ရင်ထဲကအထက်အရာရှိအပေါ် လေးစားမှုက အပြင်မှာရှိနေတဲ့အရာရှိအပေါ် လေးစားမှုထက်ပိုနေပါတယ် ကျွန်တော့်ရင်ထဲကအရာရှိက ဆရာခိုင်းတာကို မလိုက်နာဖို့ပြောပါတယ်" ဆိုတဲ့ အရာရှိတမီးလ်တစ်ယောက် ဆန္ဒပြပြည်သူတွေကို အသက်အန္တရာယ်ပြုဖို့ ငြင်းဆန်မှုကြောင့် တာဝန်ကရပ်ဆိုင်းခံခဲ့ရပါတယ်။ချစ်ရတဲ့ ဇနီးရယ်သားလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမဲ့ သားဖြစ်သူကို နှလုံးအစားထိုးကုသမှရမယ်ဆိုတဲ့ အဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရပါတယ်။သွားတက်မိတဲ့ဆေးရုံကလည်း သပွတ်အူလိုရှုပ်ထွေးလှတဲ့ လူကြီးချင်းလက်ဝါးရိုက်လုပ်နေတဲ့ ကိစ္စတွေများတဲ့ဆီဖြစ်နေတော့ နှလုံးအစားထိုးကုသဖို့ စာရင်းစောင့်နေရတာရယ် ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် ကုသစရိတ်လိုက်ရှာရတဲ့ အရာရှိတမီးလ်တစ်ယောက်၊ သားဖြစ်သူအတွက် အသက်ကိုပါ ပေးဆပ်ဖို့အသင့်ဖြစ်နေတဲ့ တမီးလ်ရာဆန်တစ်ယောက် သူ့အပေါ်ကျရောက်လာမယ့် ကံကြမ္မာဆိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thaik San ~ chiclon3 ~ Khin Khin ~ BpL ~ Yunni ~Zwe ...
movie

Tamilarasan (2023)

2023
Veeran (2023) 6.5
Veeran (2023) Veeran (2023) IMDb-6.6/10ရူပီးဆယ်ကုဋေနီးပါး အကုန်ကျခံရိုက်ကူးထားတဲ့ တမီးလ်စကားပြောအိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Veeran(ဗီရန်)...အဓိပ္ပါယ်က စစ်သည်တဲ့။ဒီရွာလေးဒုက္ခရောက်တဲ့အချိန်တိုင်း ဗီရန်ဆိုတဲ့နတ်တစ်ပါးက မြင်းကြီးကိုစီးပြီးရောက်လာလေ့ရှိသတဲ့။ကျောင်းကနေပြန်လာတဲ့ သူငယ်ချင်းသုံးယောက် ဗီရန်နတ်ကွန်းနားမှာ အဲဒီအကြောင်းပြောလာကြရင်း ကလေးတယောက်က ပေါက်ပန်းလေးဆယ်တွေထပြောပြီး မိုးကြိုးပစ်ခံရပါရော။အဲဒီလိုနဲ့ နယ်မြို့လေးမှာဆေးကုပေမယ့် သတိလည်မလာတာကြောင့် အစ်မဖြစ်သူက သူနဲ့အတူ စင်ကာပူကိုခေါ်သွားပါတယ်။အဲဒီလိုနဲ့ ၁၂နှစ်လောက်ကြာတော့မှ မိုးကြိုးပစ်ခံရတဲ့ကလေးက ရွာကိုပြန်လာခဲ့တယ်။သူပြန်လာတဲ့အချိန်မှာ လျှပ်စစ်မီးအလကားပေးမယ်ဆိုတဲ့ ကတိနဲ့အတူ ရွာပေါင်း၂၆ရွာအောက်ကနေ ကေဘယ်လ်လိုင်းတွေ ဆွဲခဲ့တယ်။မိုးကြိုးပစ်ခံရတဲ့ကောင်လေးတို့ရွာအောက်ကနေ ဆွဲဖို့ကျ ရွာမှာရှိတဲ့ဘုရားကို ဖျက်မယ်ဆိုပြီး ဖြစ်လာပါရော။ အဲဒီကေဘယ်လ်လိုင်းပရောဂျက်ရဲ့နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲ။အဓိကက မိုးကြိုးတိုက်ရိုက်ပစ်ခံရတာတောင် မသေဘဲ အကောင်းအတိုင်းပြန်လာတဲ့ကောင်လေးဆီမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိမလဲ။ကျေးလက်အငွေ့အသက်လေးပါ ထည့်သွားထားတဲ့အပြင် ရယ်စရာလေးတွေထပ်ကာပေါင်း အက်ရှင်တွေမလွတ်တမ်းကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ကြောင်း လက်တို့ရင်း မြန်မာဘာသာသို့ပြန်ဆိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။(အညွှန်းကို Vမှရေးထားပြီး V~BpL~Aditi~Zwe~Yunni~ThaikSanတို့မှဘာသာပြန်ထားပါသည်။) File size…2.9GB /1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder…YK Translated by V~BpL~Aditi~Zwe~Yunni~ThaikSan
movie

Veeran (2023)

2023
Thugs (2023) 8.0
Thugs (2023) Thugs 2023 IMDb 8.4Crash Course အိန္ဒိယဝက်ဘ်စီးရီးထဲမှာ ဆက်သရာနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Hridhu Haroon တယောက် စီသူ အနေနဲ့ အဓိက သရုပ်ဆောင်ထားပါတယ်။ (Charsh Course စီးရီးကိုလည်း CM မှာတင်ဆက်ပေးထားပါတယ် ဒီလင့်မှာlink ဝင်ဒေါင်းလို့ရပါတယ်)ဇာတ်လမ်းအကျဉ်းက ဒီလို... စီသူက မိဘမဲ့ တကောင်ကြွက်၊ အဖေဖြစ်သူဆုံးတော့ သူ့အဖေရဲ့သူဌေး အန်နာချီက သူ့အဖေနေရာမှာပဲ စာရင်းကိုင်ခန့်ထားခဲ့တယ်။ မြင်မြင်ချင်းချစ်မိခဲ့တဲ့ ကာရဲလ်လေးကြောင့်ပဲ စီသူ တယောက် ဘ၀ကြီးက မနေ့ကနဲ့မတူ မနေ့ကလို မပူတော့ဘဲ အချစ်သစ်တဖန်မွေးဖွားခဲ့ပေမဲ့လဲ... အချစ်စစ်တို့ မည်သည် ဖြောင့်တန်းရိုးမရှိဆိုသလို အနှောင့်အယှက်ဝင်လာတာက သူဌေးလူယုံရဲ့ ညီ ပက်ချက်ရန်၊ ချစ်ရသူ ကာရဲလ်လေးကို အမျိုးမျိုး လိုက်နှောင့်ယှက်နေတဲ့ လူယုတ်မာ ပက်ချက်ရန်ကို ဒေါသကြောင့် သတ်ခဲ့မိပြီး ထောင်ကျပါလေရော။ ထောင်ထဲမှာပဲ ဆရာကြီးတပွေနဲ့ ပေါင်းမိပြီး ချစ်ရသူကိုပြန်ရှာဖို့ ထောင်ဖောက်ပြေးဖို့ကြိုးစားပါတော့တယ်။နောက်ကြောင်းပြန် ပြန်ပြောင်းပြောရင်း ဇာတ်ကို ခပ်သွက်သွက်လေးသွားထားပြီး ဒရမ်မာနဲ့အက်ရှင် အချိုးကျ ပေါင်းစပ်ထားတဲ့ Thugs (2023) ဇာတ်ကားသစ်ကို CM ပရိတ်သတ်ကြီးထံ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းရေးသားသူကတော့ chiclon3 ...
movie

Thugs (2023)

Laththi Charge (2022) 7.7
Laththi Charge (2022) Laththi 2022 7.7 / 10 IMDb ဒီတစ်ခါမှာတော့ တောင်ပိုင်းအက်ရှင်ဇာတ်ကားကောင်းတွေဖြစ်တဲ့ Veeramae Vaagai Soodum, Enemy, Irumbu Thirai, Chakra, Action, Poojai အစရှိတဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်ရင်ထဲကိုထိုးဖောက်ခဲ့တဲ့ မင်းသားကြီးဗီရှယ် ( Vishal Krishna Reddy) ရဲ့ဇာတ်ကားကောင်းလေး လာပါပြီဇာတ်လမ်းအကျဉ်းလေးကတော့ မူရူဂါဟာ ဇနီးသည်ကာဗီသာနဲ့အတူ ဆယ်နှစ်အရွယ်သားလေးတစ်ယောက်ရှိတဲ့ ရဲတစ်ယောက်ပါ.. တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်ကိုလိုက်နှောင့်ယှက်ခဲ့တဲ့သူတစ်ယောက်ကို မုဒိန်းကောင်အဖြစ်နဲ့မှားဖမ်းပြီး ညှင်းပန်းနှိပ်စက်မိခဲ့တာကြောင့် ရာထူးတစ်နှစ်ဆိုင်းငံ့ခံခဲ့ရပါတယ်...ခြောက်လကြာပြီးတဲ့နောက်မှာတော့ ဆရာဖြစ်ခဲ့ဖူးသူ ရန်ဂနန်သမ်ရဲ့အကူအညီနဲ့ တာဝန်ပြန်ထမ်းဆောင်ခဲ့ရာမှ အလားတူအဖြစ်မျိုးကြုံခဲ့ရပြန်ပါတယ်.... DIG ကာမလ်ရဲ့သမီးဖြစ်သူကိုအရှက်ရအောင်လုပ်ခဲ့တဲ့ တရားခံကိုညှင်းပန်းနှိပ်စက်ခဲ့ရာမှ အဲ့ဒီသံသယတရားခံက မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူ ဗယ်လိုင်ဖြစ်နေတဲ့အခါ... သူတို့ကြားကရန်မီးက ဘယ်လိုအကျိုးဆက်တွေဆက်ဖြစ်လာမလဲ... မိသားစုကိုချစ်တဲ့ မူရူဂါ ( Vishal) ကရော မာဖီးယားဂိုဏ်းကို ဘယ်လိုတွေနေထူးနိုင်သွားမလဲဆိုတာ ရသစုံအောင်ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး.... File size…2.39GB / 1.13GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder…YK Translated by Thet Ko ~BpL ~ Cherry ~ ...
movie

Laththi Charge (2022)

2022
4K HEVC
Gatta Kusthi (2022) 6.9
Gatta Kusthi (2022) Gatta Kusthi (2022)နာမည်ကြီးမင်းသား Vishnu နဲ့ ချစ်စရာမင်းသမီးချောလေး Aishwarya Lekshmi ရိုက်ကူးထားပြီး IMDb ကလည်း 7အထိရထားတဲ့ Comedy အမျိုးအစားရုပ်ရှင်ကိုတင်ဆက်ပေးချင်ပါတယ် ဟာသဇာတ်မြူးလေးကိုမှ အချောအလှလေးတွေပါဝင်တာကြည့်ချင်ရင်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်နော်..ခီသီ(Aishwarya Lekshmi)ဆိုတာက နပန်းကိုငယ်ငယ်တည်းက လေ့လာလိုက်စားရင်းနိုင်ပွဲတွေကို ဆွတ်ခူးနိုင်ခဲ့သူပါ အနိုင်ကျင့်တဲ့လူတွေကိုပညာပြတဲ့ ဘွဲ့ရပညာတတ် ဆံပင်တိုတို ဗလတောင့်တောင့်ကောင်မလေးပေါ့ သူ့ကိုအိမ်ထောင်ဘက်အဖြစ်လာရွေးတဲ့လူတွေကလည်း ကိုင်‌ပေါက်ခံရမှာကြောက်လန့်ပြီးထွက်ပြေးကြတာချည်းပါပဲဗီရာ(Vishnu)ကတော့ တစ်ဦးတည်း‌သောသူဌေးသားပေါ့သတို့သမီးလောင်းအတွက်သူ့ရဲ့စံသတ်မှတ်ချက်တွေက ဆံပင်ရှည်ကြီးနဲ့ သူထိန်းချုပ်တိုင်းရမယ့်ပညာမတတ်မိန်းကလေးမျိုးပါ ဒီလိုနဲ့နှစ်ယောက်ကကံဆုံကြပြီး လူကြီးတွေကသူတို့ကိုအိမ်ထောင်ချပေးဖို့လုပ်လေတော့ ခီသီတစ်ယောက်ဘယ်လိုလိမ်ဆင်တွေလုပ်မလဲ ဆံပင်ရှည်ကြိုက်တဲ့ယောကျာ်းနဲ့ ဆံပင်တိုတိုခီသီတို့ ဘယ်လိုတွေလှည့်ပတ်ပြီးစခန်းသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင် File size…2.78GB /1.23GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni
movie

Gatta Kusthi (2022)

2022
Yugi (2022) 7.8
Yugi (2022) Yugi (2022) Drama, Thriller IMDb 7.8/10အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးရဲ့ဇာတ်လမ်းလေးကတော့ နည်းနည်းဆန်းပါတယ် ကောင်မလေးတစ်ယောက်ပျောက်နေပါတယ်...ပျောက်သွားတဲ့ကောင်မလေးနေတဲ့ အိမ်ကလည်း အဲ့ဒီနားတဝိုက်မှာ ခြောက်တယ်လို့ ဂုဏ်သတင်းကြီး​နေပါတယ်ပိုပြီးထူးဆန်းဖို့ကောင်းတာက အဲ့ဒီကောင်မလေးကို ရဲတပ်ဖွဲ့ကရော... နိုင်ငံရေးသမားတွေကပါ အပူတပြင်းလိုက်ရှာနေကြပါတယ်အဲ့ဒီလို လိုက်ရှာနေရတာကိုလည်း သူတို့လည်း ဘာလို့လိုက်ရှာနေရမှန်း မသိကြပါဘူးဆိုတော့ တမီလ်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းကို ဇာတ်သိမ်းထိ ဆွဲဆောင်သွားမှာမို့ ​ ရှေ့ဆက်ဘယ်လိုစိတ်လှုပ်ရှားစရာကောင်းလာမှာလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲ အဖြေရှာကြည့်ကြတော့နော်....။ File size…1.94GB / 917MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Poe & Yunni & Cherry
movie

Yugi (2022)

2022
Sardar (2022) 7.8
Sardar (2022) Sardar (2022)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးကာသီနဲ့ မင်းသမီးရာရှီးခန်နားတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စပိုင်အက်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်....လတ်တလော မြန်မာပြည်က ရုံမချသေးပေမယ့် အကြည်ဗားရှင်းတက်လာလို့ ဦးဦးဖျားဖျား CM ကနေ စာတန်းထိုးတင်ဆက်ပေးလိုက်ပါတယ်နော်ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဗီဂျေးဟာ တမီလ်နာဒုပြည်နယ် တဝိုက်မှာ ရေပန်းစားနေတဲ့ ရဲအရာရှိလေးပေါ့ သူ့ကြောင့်နဲ့ တမီလ်နာဒုရဲဌာနကို ဂုဏ်တက်အောင် ဆောင်ကြဉ်းပေးခဲ့သူပါ...ဒါပေမဲ့ အတိတ်က အမည်းစက်က ဖျောက်ဖျက်ရခက်တယ်မလား သူ့ဖခင် ဆာဒါဟာ နိုင်ငံတော်အတွက်စပိုင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် နိုင်ငံတော်သစ္စာဖောက်ပုန်ကန်သူဆိုပြီး ကင်ပွန်းတပ်လိုက်ကြတော့ ဒီဂယက်ဟာ သူဘယ်လောက်ပဲ ကောင်းကျိုးထမ်းရွက်နေပါစေ သူ့ဆီတော့ လာရိုက်ခတ်နေပါတယ်...ဆာဒါဟာ အဲ့ဒီဖြစ်စဉ်ပြီးကတည်းက သေလားရှင်လားမသိရတော့တဲ့သူပါ...။တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ နိုင်ငံ့အကျိုးအတွက်လို့ အမည်တပ်ပြီး ပရောဂျက်တစ်ခုကနေ ပြည်သူတွေဆီက အမြတ်ထုတ်ဖို့ ကြံနေပါတယ်...ဒါကို သိတဲ့ တခြားစပိုင်တွေဟာလည်း ဒီပရောဂျက်ကြီးကို ရှင်းထုတ်ဖို့အရေးကြံရပါတော့မယ်...အဲ့ဒီလို ကြံနေတဲ့သူတွေဟာလည်း ဒီကိစ္စကို ဆာဒါတစ်ယောက်ကပဲ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လာကြတဲ့အခါ...ကဲ ရှေ့ဆက်ရမယ့် ကောင်းခန်းတွေကို ကိုယ်တိုင်သာ ရှုစားလိုက်ပါတော့နော်...။ဒီဇာတ်ကားလေးမှာ မင်းသားကာသီက နှစ်ကိုယ်ခွဲနေရာက ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် သူ့ရဲ့သရုပ်ဆောင်ချက်တွေကြားမှာလည်း စီးမျောခံစားနိုင်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်...။ File size…2.6GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  ...
movie

Sardar (2022)

2022
Thiruchitrambalam (2022) 8.1
Thiruchitrambalam (2022) Drama, Comedy, Musical IMDb - 8.1/ 10ဒီတစ်ခေါက် ရုပ်ရှင်လေးကတော့ Karnan ဆိုတဲ့ ဇာတ်ကားနဲ့ လူသိများနာမည်ကြီးတဲ့ မင်းသားကြီး Dhanush ရဲ့ အချစ် ဒရမ်မာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်သီရူချီထရမ်ဘာလမ် (ဒါနုရှ်) ဟာ အမေနဲ့ ညီမ ဆုံးရှုံးသွားမှုကြောင့် ပျော်စရာတွေပါ ဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ပေါ့သူ့ကို သားလို့သတ်မှတ်ရမှာရှက်ပြီး၊ စကားမပြောဖြစ်တာ နှစ်နဲ့ချီပြီဖြစ်တဲ့ အဖေနဲ့ တစ်ယောက်တည်းသော စကားပြောဖော် အဘိုးနဲ့အတူ တစ်အိမ်တည်းမှာ နေပေမယ့် အိမ်နဲ့တူတယ်လို့ မခံစားနေရတဲ့သူပေါ့ဘဝကို ရိုးရှင်းစွာနဲ့ ပါဆယ်ပို့သမားအဖြစ် လုပ်ကိုင်နေရင်း သူ ကျောင်းတုန်းက ကြိတ်ကြိုက်ခဲ့တဲ့ ကောင်မလေးနဲ့ ပြန်ဆုံခဲ့ရတော့တယ်ဒါပေမယ့် အဲဒီကောင်မလေးနဲ့ သူ့ဘဝက မိုးနဲ့မြေလို ကွာခြားပြီး သူတို့ပြန်ဆုံတော့ ကောင်မလေး သူ့ကို ဆက်ဆံပုံတွေက တကယ်ပဲခင်လို့လား ဒါမှမဟုတ် အထင်အမြင်သေးပြီး နှိမ်ကြောနေတာလားဆိုတာတော့ သူတစ်ယောက် မသိတတ်နိုင်ခဲ့ပါဘူးဒါပေမယ့် ခွဲခြားသိနေတဲ့ သူတစ်ယောက်တော့ရှိတယ် အဲဒါကတော့ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း ကောင်မလေးပါပဲအဲဒီလိုနဲ့ သူ့ရဲ့ရိုးရှင်းနေတဲ့ ဘဝထဲ ကောင်မလေးနှစ်ယောက်နဲ့အတူ ဘယ်လိုရှုပ်ထွေးမှုတွေ ဘယ်လိုစိတ်လှုပ်ရှားစရာတွေနဲ့ ဘယ်လို ဘဝအလှည့်အပြောင်းတွေကို ကြုံတွေ့ရမလဲဆိုတာ ပရိသတ်ကြီးကိုယ်တိုင်ပဲ ရှုစားခံစားကြည့်ပေးပါဦးနော် File size…2.3GB  ...
movie

Thiruchitrambalam (2022)

2022
Cadaver (2022) 7.9
Cadaver (2022) Cadaver (2022)ဘယ်သူက တရားခံလဲ... ဘယ်သူက နစ်နာသူလဲ... တရားမှုကို ဘယ်လိုရှာဖွေကြမလဲ...ထောင်ထဲမှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နဲ့ အကျဥ်းကျနေပေမယ့်လည်း သူ့ဘဝကိုဖျက်ဆီးခဲ့သူတွေကို လက်တုံ့ပြန်သတ်ဖြတ်ဖို့ စိုင်းပြင်းနေတဲ့ ဗတ်ထရီ... တစ်ချိန်တည်းမှာပဲ ဗတ်ထရီရဲ့ အကျဥ်းခန်းနံရံမှာ ပုံဆွဲထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ နာမည်ကျော်လူချမ်းသာဆရာဝန်တစ်ယောက် သတ်ဖြတ်ခံရတဲ့အခါ...သူမရဲ့ အမှုလိုက်နိုင်စွမ်းကြောင့် ဒီလူသတ်မှုစုံစမ်းရာမှာပါဝင်လာတဲ့ ရဲဆာဂျင်ဘတ်ဒရာနဲ့ ရဲအရာရှိဗီရှယ်တို့ ဗတ်ထရီကို မေးမြန်းစစ်ဆေးရင်း ဘယ်လိုရှုပ်ထွေးတဲ့နောက်ကြောင်းတွေ ပေါ်ထွက်လာဦးမလဲ... ဗတ်ထရီက တကယ့်လူသတ်တရားခံလား၊ ဒါဆိုရင် အကျဥ်းခန်းထဲကနေ သူဘယ်လိုသတ်လိုက်တာလဲ၊ သူ့ကို ဘယ်သူက ကူညီနေတာလဲ၊ ဘယ်သူတွေ ထပ်ပြီးအသတ်ခံရဦးမှာလဲ၊ ဘာကြောင့်လဲ... စတဲ့မေးခွန်းပေါင်းများစွာ၊ အလှည့်အပြောင်းများစွာ၊ ရင်နင့်ခံပြင်းစရာ အဖြစ်အပျက်များစွာနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် မှုခင်းဒရာမာဇာတ်ကားလေးဖြစ်ပါတယ်... File size…7.69GB / 2.08GB / 1GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khai & OeliuJ & Kevin & Yunni
movie

Cadaver (2022)

2022
4K HEVC Web-DL
Bachelor (2021) 7.0
Bachelor (2021) Bachelor 2021အချစ်ကားဆိုရင် ချစ်ကြည်နူး တီတာနေတာတွေအစားတကယ့်ဘဝနဲ့ ဆက်စပ်ပြီး ရွေးချယ်ရမှာတွေ စွန့်လွှတ်ရမှာတွေနောင်တတွေ ဆုံးဖြတ်ချက်တွေနဲ့ လက်တွေ့ကျကျဇာတ်ကားကောင်းလေးတစ်ကားကို Channel Myanmar က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။ဇာတ်ကားလေးကမတူညီတဲ့ နောက်ခံကလာကြတဲ့ Darling ဆိုတဲ့ ကောင်လေးနဲ့ Subbu ဆိုတဲ့ကောင်မလေးတစ်ယောက် တွေ့ကြရာကစပါတယ်။ မြင်မြင်ချင်းချစ်မိတဲ့ကောင်မလေးနောက်ကို လိုက်ရင်း သူငယ်ချင်းရဲ့အကူအညီနဲ့တစ်မိုးအောက်အတူတူနေခွင့်ရသွားပါတယ်။လူငယ်တို့သဘာဝအတိုင်း အနေနီးကြရင်း ရင်ခုန်သံတွေ ဖလှယ်ကြရင်းပဲ ဒီနှစ်ယောက် ချစ်ကြိုးငင်ခဲ့ကြတာပေါ့။ဒါပေမယ့် တစ်မိုးအောက်တူတူ မေတ္တာမျှလာခဲ့ကြရင်း မထင်မှတ်ပဲ Subbu မှာ ကိုယ်ဝန်ရသွားပါတယ်။ဒီတော့ တွေးခေါ်ပုံတွေ၊ မိသားစုနောက်ခံ၊ ဘဝအခြေအနေ ကွာခြားကြတဲ့ ချစ်သူနှစ်ယောက်ဒီကလေးအတွက် ဘယ်လိုဆုံးဖြတ်ချကြပါတော့မလဲ။ အချစ်ဆိုတာဟာ ချစ်နေရုံနဲ့မပြီးပါဘူးအသက်တစ်ချောင်းပါ ပိုလာခဲ့ရင် တာဝန်ယူမှုတွေဟာ ပိုပြီး ကြီးလာပါတယ်။ဒီဇာတ်ကားက အချစ်နဲ့ဘဝ တာဝန်ယူမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ကားမျိုးပါ။ဇာတ်အိမ်ရဲ့အလှည့်အပြောင်းတစ်ခုချင်းစီတိုင်းဟာ လက်တွေ့ကျလွန်းတာမို့ ရင်သပ်ရှုမောစီးမျောရမှာပါ။နှလုံးသားချင်းထပ်တူကျခဲ့ကြတဲ့ ဒီနှစ်ယောက် တရားခွင်ရဲ့ တရားလို / တရားခံ တစ်ဖက်စီမှာ ဘယ်လို မျက်နှာချင်းဆိုင်တွေ့ကြမလဲ?ဘယ်သူက ...
movie

Bachelor (2021)

2021