Channel Myanmar

Myeong-shin Park

A Brand New Life (2009) 7.6
A Brand New Life (2009) A Brand New Life ဇာတ်ကားဟာဆိုရင် IMDb ratting 7.6 အထိ ရရှိထားပါတယ်...မိဘရဲ့ စွန့်ပစ်ခြင်းကိုခံရပြီး မေတ္တတရားငတ်မတ်နေတဲ့ ကလေးတယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတာပါ... ဇာတ်လမ်းအစမှာတော့ ဖခင်ဖြစ်သူက သူ့သမီးလေးဂျင်ဟီးကို မိဘမဲ့ဂေဟာမှာ သွားပို့လိုက်ပါတယ်...ပတ်ဝန်းကျင်အသစ်ဖြစ်တဲ့ မိဘမဲ့ဂေဟာမှာ ဂျင်ဟီးတယောက်တခြားကလေးအဆင်ပြေနိုင်ပါ့မလား...ဖခင်ဖြစ်သူက တနေ့ကျရင် ပြန်လာခေါ်မယ်လို့ တထစ်ချယုံကြည်နေတဲ့ ဂျင်ဟီး သူ့အဖေကရောသူ့ကိုပြန်လာခေါ်ပါ့မလား...ကလေးဘ၀ကတည်းက ကတိဆိုတဲ့ စကားတလုံးကို ယုံကြည်နေတဲ့ဂျင်ဟီးရဲ့ မျော်လင့်ချက်တွေဖြစ်လာပါ့မလား... မိဘမဲ့ဂေဟာမှာ လာရောက် မွေးစားမယ့်သူကို စောင့်နေကြတဲ့ကလေးတွေများနေပေမယ့် ဂျင်ဟီးတယောက်ကတော့ သူ့အဖေတယောက်တည်းကိုသာ စောင့်မျော်နေရင်း.... ဒီဇာတ်ကားမှာ ကလေးတွေရဲ့ ပီပြင်စွာသရုပ်ဆောင်ထားချက်ကြောင့် ဇာတ်လမ်းရဲ့ ရသရော ပေးချင်တဲ့ မတ်ဆေ့ရောကို ထင်ထင်ရှားရှားတွေ့မြင်ရမှာပါ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော.  Aung Pyay  ဖြစ်ပါတယ်) File Size         :  700 MB Quality           : DVD Rip Running Time : 1hr 32 minute Format           : Mp4 Genre             : Drama Encoder         : Thanhtike Zaw
movie

A Brand New Life (2009)

2009