Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Narra Srinu
7.2
(Tillu)² Tillu Square (2024)
Tillu Square (2024) အချစ်ထောင်ချောက်IMDb (7.3/10)ဒီနေ့မှာတော့ CMပရိသတ်ကြီးအတွက် အချစ် ဟာသ မှုခင်းဇာတ်လေးတင်ဆက်ပေးလိုက်ပါတယ် DJ Tillu (2022)ရဲ့အဆက်sequelကားလေးပါ.အရင်ကားမှာငွေတွေနဲ့လွတ်မြောက်လာတဲ့နောက်မှာ တီလူက မင်္ဂလာပွဲတွေစီစဥ်DJလိုက်တီးပေးတဲ့အလုပ်လုပ်ရင်း ဘဝကိုဖြတ်သန်းနေခဲ့တာပေါ့ ဒီလိုနဲ့ တစ်နေ့မှာလီလီဆိုသူနဲ့တွေ့ဆုံပြီး တစ်ညတာမှားသွားခဲ့တဲ့တီလူဟာ မနက်ရောက်တော့ လီလီမရှိတော့လို့ စိတ်ပျက်သွားခဲ့ရတယ်ဒီလိုနဲ့သူတို့ဇာတ်လမ်းတစ်ခန်းရပ်ပြီထင်ခဲ့ပေမဲ့ ရောဂါဖြစ်နေတဲ့အဖေနဲ့အတူ လီလီကိုဆေးရုံမှာပြန်တွေ့ခဲ့ချိန်မှာတော့ လီလီက သူ့မှာတီလူ့ကိုယ်ဝန်ရှိနေတယ်လို့ပြောလာခဲ့တယ် ဒီလိုနဲ့ တီလူကလီလီနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ရပါတော့တယ်.တစ်နေ့..တီလူ့မွေးနေ့မှာ လီလီကတိုက်ခန်းတစ်ခုကိုခေါ်သွားတော့ အဲဒီတိုက်ခန်းက တစ်ချိန်တုန်းကပတ်သက်ဖူးတဲ့ ရာဒီကာသူ့ကိုခေါ်လာဖူးတဲ့တိုက်ခန်းလို့မှတ်မိလာတဲ့အပြင် လီလီကသူဟာ ရာဒီကာသတ်လိုက်တဲ့ရိုဟစ်ရဲ့ညီမလို့ ပြောလာတဲ့အခါ....တီလူတစ်ယောက်ဘယ်လိုအရှုပ်အထွေးတွေကြားထဲ ထပ်ရောက်သွားမလဲ ကြည့်ရှုပေးကြပါဦး ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollyood Team ဖြစ်ပါတယ်) File size…2.43GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollyood Team
movie
(Tillu)² Tillu Square (2024)
2024
4.3
Agnyaathavaasi (2018)
Agnyaathavaasi (2018) "နန်းပြင်က အိမ်ရှေ့မင်းသား"2018 က ထွက်ရှိခဲ့တဲ့ နာမည်ကြီး တေလဂူး Action/Thriller ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အိန္ဒိယရဲ့ အချမ်းသာဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား Pawan Kalyan နဲ့ မင်းသမီးချောလေး Keerthy Suresh တို့ ပါဝင်ထားကြပါတယ်"Revenge is the best dish best-served cold" "လက်စားချေခြင်းဆိုတာ အေးမှ စားလို့ကောင်းတဲ့ ဟင်းလျာတစ်ခွက်ပါပဲ"တစ်ခုမတူတာကတော့ ဒီကားထဲက မင်းသားက လက်စားချေခြင်းကို အေးမှ စားသုံးမယ့်လူမျိုးမဟုတ်ပဲ... မြန်နိုင်သမျှအမြန်ဆုံး သူ့ရဲ့အဖေနဲ့ ညီလေးကို သတ်သွားတဲ့သူတွေကို လက်စားချေလိုစိတ်ဖြစ်နေသူပါ သူ့ရဲ့ ဝသီအရ "သစ်ပင်တွေကို အထပ်ထပ်ညှင်းပန်းပြီးမှ သက်တောင့်သက်သာ ထိုင်လို့ရတဲ့ ကုလားထိုင်တစ်လုံးဖြစ်သလိုမျိုးပဲ ... သူ့ရဲ့ ရင်ထဲက အာဃာတရန်ငြှိုးတွေ ချုပ်ငြိမ်းပြီး သက်တောင့်သက်သာ နေနိုင်ဖို့ လက်စားချေခြင်းကို အမြန်ဆုံးလုပ်နိုင်မှ အေးမယ်လို့ တွေးထားသူပါဇာတ်လမ်းအစမှာ ဗင်ဒါဆိုတဲ့ AB ...
movie
Agnyaathavaasi (2018)
2018
8.0
Top Gear (2022)
Top Gear (2022) IMDb 8.3/10 Top Gear တဲ့။ ဇာတ်ကားနာမည်ကြည့်လိုက်တာနဲ့ ကားတစီးနဲ့ ပတ်ကြမ်းတာမျိုးဖြစ်မှာပဲလို့ တွေးမိလိုက်တယ်မလား။ ဟုတ်ပါတယ် ခုတင်ဆက်ပေးမဲ့ ဇာတ်ကားက... မူးယစ်ရာဇာ စစ်ဒါးသ်ဆိုတဲ့ လူက မွမ်ဘိုင်းကနေ လစ်ထွက်ပြီး ဟိုက်ဒရာဘတ်ကနေ စင်ကာပူကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့အချိန်။ကျွန်တော်တို့ ဇာတ်လိုက်ကျော် အာဂျွန်က ခုမှ ပူပူနွေးနွေး အိမ်ထောင်ကျပြီးကာစ၊သူက တက္ကစီဒရိုက်ဘာ၊ မင်း ဘွဲ့ရပြီးသားကို ဘာလို့ တက္ကစီဆွဲစားနေတာလဲဆိုတော့ ကျွန်တော့်မိန်းမကို ကားစီးစေချင်လို့၊ ရတဲ့ဘွဲ့နဲ့ အလုပ်ဝင်လုပ်ရင် ဆိုင်ကယ်နားတောင် ကပ်နိုင်မှာမဟုတ်ဘူး တဲ့၊မိန်းမကို အဲ့လောက်ချစ်တာ၊ တရက် တက္ကစီဆွဲပြီး အိမ်ပြန်တဲ့လမ်းမှာ လမ်းကြုံတယ်ဆိုပြီး လူ၂ယောက် တင်ခေါ်လာရာကနေအစ၊ အဲဒီလူ၂ယောက်က မူးယစ်ဂိုဏ်းနဲ့ပက်သတ်နေပြီး သူ့အကြောင်းကလည်း လမ်းမှာ ပြောထားဆိုထားတာ သိနေတော့ သူ့ဇနီးချောလေးကို ပြန်ပေးဆွဲပြီး သူတို့ ပြောတာ လုပ်ခိုင်းပါရော၊နောက်ခံတီးလုံးတွေရော သီချင်းတွေရောက ရေလည်မိုက်ပြီး ဇာတ်လမ်းကရော မိတ်ဆွေတို့ကို ပျင်းစေမှာမဟုတ်ဘူးဆိုတာ လက်တို့ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းကို chiclon3 မှရေးထားပြီး chiclon3 & Bpl & Yunni ...
movie
Top Gear (2022)
2022
7.6
Vaathi(2023)
Vaathi (2023)IMDb-7.6/10သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျူဆာ တေးရေး ဇာတ်ဝင်တေးသီချင်းအဆိုတော် စွယ်စုံရမင်းသား Dhanush နဲ့ မင်းသမီးချောလေး Samyuktha Menon တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Rating လည်းကောင်း ကြည်နူးမှုကြောင့်လည်းမျက်ရည်စို့ရမဲ့ အိန္ဒိယဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်ကားအစမှာကျောင်းသားသုံးယောက်ဟာသူတို့အဘိုးပိုင်ခဲ့တဲ့ ဗီဒီယိုခွေဆိုင်အဟောင်းလေးကို ရှင်းလင်းရင်းနဲ့ ဗီဒီယိုတိတ်ခွေဟောင်းတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူတို့မနက်တုန်းမှာ ကျောင်းမှာသင်ခဲ့တဲ့ သင်္ချာပုစ္ဆာကို ဆရာငယ်ငယ်တစ်ယောက်က သင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းကိုတွေ့လိုက်ပါတယ် အဲဒါနဲ့ သူတို့ကစာမလိုက်နိုင်တော့ အဲဒီဆရာဆီမှာကျူရှင်သင်မယ်ဆိုပြီး အဲ့တိတ်ခွေအဖုံးပေါ်မှာပါတဲ့ နာမည်နဲ့လိပ်စာအတိုင်းလိုက်ရှာကြည့်တော့ သူတို့တွေ့လိုက်ရတာ အဲဒီဆရာရဲ့တပည့်ဖြစ်တဲ့သူကိုပါ အဲဒီကနေတစ်ဆင့် ဆရာ့ရဲ့နာမည်က ဘာလာဖြစ်ပြီး ဆရာဘာလာရဲ့အကြောင်းတွေကို နောက်ကြောင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့..... ဇာတ်ကားကကြည့်လို့ကောင်းတယ်ဆိုတာ ဒီနေရာမှာတင်ရပါပြီ ဇာတ်လမ်းဇာတ်ကွက်ကောင်း ပေးချင်တဲ့ message ကောင်းတဲ့အပြင် cast ကလဲကောင်း အချစ်ဒရာမာအက်ရှင် အစုံပါဝင်တာမို့ ပေးတဲ့ rating နဲ့လဲထိုက်တန်ပါတယ် အောက်ကစာကတော့ ကျွန်တော် အာချောင်ထားတာပါဒီဇာတ်လမ်းလေးကို မချီးကျူးခင်မှာ နယ်ဆင်မင်ဒဲလားပြောခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ် Education is the only weapon that can change the world တဲ့ ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့တစ်ခုတည်းသောလက်နက်ဟာ ပညာရေးပါတဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ ...
movie
Vaathi(2023)
2023
7.6
DJ Tillu (2022)
DJ Tillu (2022)IMDb 7.8 ထိရရှိထားတဲ့ Comedyဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်အဖေဖြစ်သူက သူ့အကြိုက်ဆုံးဖိုက်တာနာမည်အရ တီလူးလို့နာမည်ပေးခဲ့ပေမယ့်လည်းသူကိုယ်သူ ဒီဂျေတီလူးလို့နာမည်ပေးထားတဲ့တီလူးကတော့အလုပ်အကိုင်ရယ်လို့ ရေရေရာရာမရှိ စိတ်ထဲပေါ်တာလိုက်လုပ်နေတဲ့ယောင်ခြောက်ဆယ်ကောင်ပါဖိုက်တာလုပ်မယ်ဆိုပြီးလုပ်လိုက် တစ်လကြာတော့မျက်ခွက်ထိုးခံရပြီး မလုပ်တော့ပြန်....စီးပွားရေးလုပ်မယ်ဆိုပြီး လုပ်တော့လည်း အရှုံးပေါ်...နောက်ဆုံးမှာ ဆာရိပထမဆုံးဝတ်ဆင်ပွဲဘိုနာလုပွဲစတဲ့ပွဲတွေမှာ ဒီဂျေလိုက်လုပ်နေပါတော့တယ်ဒီလိုနဲ့ကလပ်မှာသူသဘောကျတဲ့ကောင်မလေး ရာဒိယာနဲ့တွေ့ဆုံခဲ့ရပါတယ်ငပျင်းကောင် တီလူးတစ်ယောက်မထင်မှတ်ထားပဲ သူ့ဘဝကြီးကို အပြောင်းအလဲဖြစ်စေနိုင်တာကိစ္စကြီးနဲ့ တွေ့ကြုံလိုက်ရတဲ့ချိန်မှာ...အဲ့ဒီကိစ္စကရော ဘာဖြစ်မှာလဲ...ငပျင်းတီလူးတစ်ယောက် ဘယ်လိုကိစ္စတွေကြုံရမလဲဆိုတာဟာသနှောရင်း ရိုက်ကူးထားတာမလို့ ဆက်လက်ကြည့်ရှုပေးပါဦး File size…1.79GB / 874MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pyae
movie
DJ Tillu (2022)
2022