Channel Myanmar

Nash Edgerton

Jane Got a Gun (2015) 5.9
Jane Got a Gun (2015) Jane Got a Gun (2015)ဒီရုပ်ရှင်ကို ဘာကြောင့်တင်ဆက်ဖြစ်သလဲဆို တစ်အချက် နာတာလီ ပေါ့တ်မန်း၊ နှစ်အချက် နာတာလီ ပေါ့တ်မန်း၊ သုံးအချက် နာတာလီ ပေါ့တ်မန်းပါပဲ။ ပေါ့တ်မန်းဟာ ငယ်ငယ်ကတည်းကကို Léon: The Professional လို မာစတာပိစ်ရုပ်ရှင်ကားမှာ အဓိကနေရာက ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဖြစ်ပြီး V for Vendetta တို့ Heat တို့ Jackie တို့လို တကယ့်ကားကောင်းတွေမှာပါခဲ့သလို Black Swan နဲ့လည်း အော်စကာရထားတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုထိကို တကယ့်မင်းသမီးကောင်းတစ်လက်ဖြစ်နေသေးသလို ဒါကလည်း သူအဓိကနေရာက ပါတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ ပူစရာမရှိဘူးပေါ့။ပေါ့တ်မန်းအပြင် နောက်ထပ်အကြောင်းရင်းတွေကတော့ The Great Gatsby မှာပါခဲ့တဲ့ တွမ်ဘူချာနန်မင်းသား Joel Edgerton နဲ့ ကျွန်တော်သိပ်ချစ်တဲ့ သိပ်နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ခံနဲ့ Ewan ...
movie

Jane Got a Gun (2015)

2015
The Gift (2015) 7
The Gift (2015) The Gift (2015) ~ IMDb - 7/10, Rotten Tomatoes - 91% ~ဇာတ်ကားနာမည်က "လက်ဆောင်" တဲ့။ဘာလက်ဆောင်လဲဆိုတော့ ဇာတ်ဆောင် လင်မယားနှစ်ယောက် အိမ်အသစ်ကို ပြောင်းလာကြတယ်။ အဲဒီမှာ ယောက်ျားရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့တွေ့တယ်။ အဲဒီသူငယ်ချင်းက လက်ဆောင်တွေ ဇွတ်လာပေးနေတာပါပဲ။ အိမ်ကို လူမရှိတဲ့အချိန်ဝင်ပြီး လက်ဆောင်ပေးတတ်သေးတယ်။တကယ်ကို ကြောင်တောင်တောင်ကောင်ပါပဲ။ မိန်းမဖြစ်သူကတော့ သဘောကောင်းတယ်ဆိုပြီး ခင်ပေမဲ့ ယောက်ျားဖြစ်သူကတော့ ခါးခါးသီးသီးဖြစ်နေပါတယ်။ သူတို့ငယ်သူငယ်ချင်းတွေ... ငယ်ငယ်က ဘယ်အကြောင်းတွေကြောင့် ဒီလိုတွေဖြစ်နေလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရမှာပါ။ဒါပေမဲ့ ဇာတ်ကားနာမည်လက်ဆောင်ဆိုတာက အဲဒီလက်ဆောင်တွေထက် ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း စကားပြောနိုင်တဲ့ အစွမ်းကို ရည်ညွှန်းတယ်ထင်ပါတယ်။ အဲဒီလက်ဆောင်က သုံးတတ်ရင် ဆေးဖြစ်သလို မသုံးတတ်ရင် ဘေးဖြစ်တတ်တယ်ဆိုတာ ပြချင်တဲ့ စိတ်ဝင်စားစရာ Thriller, Mystery ဇာတ်ကားလေးတစ်ကားပေါ့။ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း နှယ်နှယ်ရရတွေမဟုတ်ပါဘူး။ Ozark နဲ့ ကျွန်တော်တို့သိကြမယ့် ...
movie

The Gift (2015)

2015