Channel Myanmar

Natali Yura

The Princess Switch (2018) 6.1
The Princess Switch (2018) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးမယ်နော်...ဒီဇင်ဘာလလည်း ရောက်တော့မယ်...ခရစ်စမတ်နေ့လည်း နီးပြီဆိုတော့ ခရစ်စမတ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါမယ်...ကြည့်ရတာ ပျော်စရာကောင်းပြီး အဆုံးသတ်လည်းလှတော့ကြည့်ရှုသူတိုင်း ကျေနပ်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ...Netflix မှဖြန့်ချီပြီး IMDb 6.1 ရထားတာမို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းပါနော်...ဒီဇာတ်လမ်းမှာတော့ High School Musical ဇာတ်လမ်းနဲ့ လူသိများတဲ့မင်းသမီး Vanessa Hudgens က နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ်...အညွှန်း- ချီကာဂိုမှာ မုန့်ဖုတ်ဆိုင်ဖွင့်ထားပြီး အတော်အသင့် နာမည်ရထားတဲ့ကောင်မလေး စတေစီ..သူက သူငယ်ချင်းဖြစ်သူ ကယ်ဗင်နဲ့ ဒီမုန့်ဖုတ်ဆိုင်ကို ဦးစီးပါတယ်...စတေစီက ရည်းစားနဲ့ကွဲပြီးပူပူနွေးနွေး အသည်းကွဲနေသူတစ်ယောက်ပါ...ဒါကို သိတဲ့ ကယ်ဗင်က စတေစီအတွက် စိတ်ထွက်ပေါက်ဖြစ်အောင်ဆိုပြီးဘယ်ဂရေးဗီးယားနိုင်ငံမှာ ကျင်းပတဲ့မုန့်ဖုတ်ပြိုင်ပွဲအတွက် စာရင်းသွင်းခဲ့ပါတယ်...မုန့်ဖုတ်ပြိုင်ပွဲမှာ စတေစီပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်...ဘယ်ဂရေးဗီးယားနိုင်ငံကတော့ ဘုရင်အုပ်ချုပ်တဲ့နိုင်ငံတစ်ခုပါ...ဒီအချိန်က ဘယ်ဂရေးဗီးယားနိုင်ငံရဲ့ မင်းသား အက်ဒ်ဝပ်အိမ်ထောင်ပြုတော့မယ့် အချိန်ကာလဖြစ်နေပါတယ်...မင်းသား အိမ်ထောင်ပြုမယ့် သတို့သမီးလောင်းကတော့မွန်တဲနားရိုးမြို့စားအမျိုးသမီး မာဂရက်ပဲဖြစ်ပါတယ်...ထူးခြားတာက မာဂရက်နဲ့ စတေစီက ရုပ်တစ်ထပ်တည်းနီးပါး တူနေတာပါ...မာဂရက် မုန့်ဖုတ်ပြိုင်ပွဲအပြင်အဆင်ကို လာကြည့်တဲ့ အချိန်...စတေစီကလည်း ...
movie

The Princess Switch (2018)

2018
Reprisal (2018) 5.3
Reprisal (2018) ၂၀၁၈ထွက်​ဇာတ်​လမ်း​လေးပါမင်းသားကြီး Bruce Willis ပါတဲ့ကား​လေးပါအဓိကဇာ​တ်​​ဆောင်​​တော့မဟုတ်​ပါဘူးဇာတ်​လမ်း​လေးက​တော့ မနက်​ခင်းတစ်​​နေ့မှာ တစ်​မြို့လုံးဗုံး​တွေ​ထောင်​ထားတယ်​ဆိုတဲ့သတင်း​တွေတက်​လာတယ်​အဲ့သတင်းလဲကြား​ရောတစ်​မြို့လုံးမှာရှိတဲ့ရဲ​တွေပျာယာခတ်​​နေကြတာ​ပေါ့အဲ့ချိန်​မှာဘဏ်​ထဲကို​လူတစ်​​ယောက်​ရုတ်​တရက်​ဓားပြဝင်​တိုက်​တယ်​ ​သေချာစီစဉ်​ထားတဲ့အတိုင်းဟာကွက်​မရှိပိုက်​ဆံ​တွေယူသွားတယ်​ အဲ့အချိန်​မှာ​ဂျေ​ကော့ ဆိုတဲ့ဘဏ်​မန်​​နေဂျာကစိတ်​ရှုပ်​ရတာ​ပေါ့သူရှိတဲ့အချိန်​သူ့ကိုတည်​ကြက်​လုပ်​ပြီးဓားပြတိုက်​သွားတာဆို​တော့ ရဲ​တွေကလည်းဖမ်းမယ်​ဆို​ပေမဲ့ ​ဝေ့လည်​​ကြောင်​ပတ်​လုပ်​​တယ်​အဲ့အချိန်​မှာဘဏ်​မန်​​နေဂျာကဓားပြတိုက်​တဲ့လူကိုကိုယ့်​နည်းကိုယ့်​ဟန်​နဲ့ရှာ​ဖွေပါ​တော့တယ်​နှစ်​နှစ်​ဆယ်​စစ်​တပ်​မှာတာဝန်​ထမ်း​ဆောင်​ခဲ့ တဲ့ဂျိမ်းစ်​နဲ့အတူပူး​ပေါင်းပြီးရှာ​ဖွေပါ​တော့တယ်​ ဖြစ်​ခဲ့တာ​တွေကိုပြန်​လည်းသုံးသပ်​ပြီး ​ဖြစ်​နိုင်​တဲ့​နေရာကိုလိုက်​စုံစမ်းပါတယ်​အဲ့လိုလိုက်​စုံစမ်းတဲ့အချိန်​မှာ ကံ​ကောင်း​ထောက်​မပြီးတရားခံ​နေရာကို​တွေ့သွားပါတယ်​​အဲ့ချိန်​မှာတရားခံလဲ​နောက်​တစ်​​နေရာကိုဓားပြတိုက်​ဖို့လုပ်​​နေတာ​ပေါ့အဲ့အချိန်​မှာ​ဂျေ​ကော့လဲရန်​သူ​နောက်​ကိုလိုက်​သွားပါ​တော့တယ်​တရားခံက​ဘယ်​ဟာကိုဓားပြတိုက်​မှာလဲဆို​တော့ဘဏ်​က​နေအခြား​နေရာကိုပိုက်​​ဆံ​တွေ​ရွေ့မယ်​ကား​ကိုပါ ကားကိုရပ်​​အောင်​လုပ်​ပြီး ကား​မောင်းသမားကိုပစ်​သတ်​လိုက်​တယ်​ကားထဲပိုက်​ဆံ​တွေကို​ယူပြီးပိုက်​ဆံ​တွေကိုစောင့်​ကြည့်​ရတဲ့အမျိုးသမီးတစ်​​ယောက်​ကိုသတ်​မယ့်​အချိန်​မှာ ​ဂျေ​ကော့ကဝင်​ကယ်​လိုက်​ပါတယ်​ အဲ့ချိန်​ရဲ​တွေက​ရောက်​လာပြီး ပစ်​ခတ်​လို့ရန်​သူကဓားပြတိုက်​ထားတဲ့ပိုက်​ဆံ​တွေကိုတစ်​​နေရာမှာဝှကိထားပြီးထွက်​​ပြေးပါ​တော့မယ်​​ဂျေ​ကော့ကအဲ့ပိုက်​ဆံ​တွေကိုယူပြီးသူ့အိမ်​မှာထားလိုက်​တယ်​ ရဲ​တွေလိုက်​လို့ထွက်​​ပြေးရတဲဓားပြက​တော့လွတ်​သွားပြီးသူထားခဲ့တဲ့​နေရာကိုပြန်​လာကြည့်​တယ်​​ဂျေ​ကော့ယူတာကိုသိသွားတ့အခါမှာ​တော့ သူ့မိန်းမနဲ့က​လေးကိုပြန်​​ပေးဆွဲပြီးပိုက်​ဆံနဲ့လာလဲခိုင်းတယ်​အဲ့ချိန်​မှာ​တော့​ဂျော့​ကော့ဂျိမ်းစ်​အကူအညီနဲ့သူ့မိန်းနဲ့က​လေးကိုဘယ်​လိုပြန်​ကယ်​မလဲတကယ်​​ရောပြန်​ကယ်​နိုင်​ပါ့မလားဆိုတာ ဆက်​ကြည့်​​ပေးပါဦးIMDB rating နည်းပေမဲ့ Bruce Willis ကြိုက်​တဲ့ပရိတ်​သတ်​​တွေအတွက်​လက်​လွတ်​မခ့သင့်​တဲ့ဇာတ်​ကား​လေးပါလို့​ပြောပါရ​စေ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင် ပါ) File Size : (750 MB) and (380 MB) Quality : WEB-DL 720p Running Time : 1hr 29min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Tin Myo Lwin Encoded by ...
movie

Reprisal (2018)

2018