Channel Myanmar

Natalie Mitchell

Vampire Dad 2020 5.3
Vampire Dad 2020 "ကျွန်မက မြေအောက်ကမ္ဘာရဲ့ နတ်ဘုရားမ ဗစ်တိုးရီးယားပါ။ လူတွေကလေ မကောင်းဆိုးရွားတွေဆိုရင်ကို ခံစားချက်မရှိဘူး ထင်နေကြတာ။" နတ်ဘုရားမ ဗစ်တိုးရီးယားက ဟော်လိုဝင်းညတစ်ညမှာ ဒေါက်တာ ဝေါ့ကာဆိုတဲ့ စိတ်ရောဂါ အထူးကုကို သွေးစုပ်ဖုတ်ကောင် ပြောင်းဖို့ စီစဉ်ထားပါတယ်။ ဖြစ်ချင်တော့ သူပြောင်းလိုက်မိတဲ့သူက ဝါလန်စကီဆိုတဲ့အမည်ရတဲ့သူ ဖြစ်နေ‌ပါရော။ သူကတော့ နာမည်ဆင်လို့တဲ့ ပြောပါတယ်။ စိတ်ရောဂါကု အထူးကုချင်းလည်း တူတာကိုး။ ဒါပေမဲ့ ဒီလူမှာက အရမ်းချစ်ရတဲ့ ဇနီးသည်နဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်။ ဇနီးဖြစ်သူက သူ့ခင်ပွန်းသည် သွေးစုပ်ဖုတ်ကောင် ဖြစ်သွားတာကို သိတာနဲ့ နှစ်ယောက်ပေါင်းပြီး သမီးဖြစ်သူကို ဖုံးဖိကြပါတော့တယ်။ ‌ဇနီးဖြစ်သူရဲ့ အစ်ကိုတော်ကတော့ သူ့ယောက်ဖ စားဖို့သောက်ဖို့ သွေးရှာပေးတာပေါ့လေ။ သမီးလုပ်သူမသိအောင် ဖုံးရတာကတစ်မျိုး၊ ‌မကောင်းဆိုးရွားတွေ အိမ်ကိုလာလာပြီး စိတ်ရောဂါတွေ လာကုကြတာက တစ်မျိုးနဲ့ ဘယ်လိုတွေ ဗရုတ်ကျကြသလဲဆိုတာကို မြူးမြူးကြွကြွလေး တင်ဆက်ပြသထားတာကို ကြည့်ရှူရမှာ ဖြစ်ပါတယ်။Quality ...
movie

Vampire Dad 2020

Starfish (2018) 5.2
Starfish (2018) အော်ဘရေဆိုတဲ့ကောင်မလေးဟာ ကျောင်းမှာရော မိသားစုမှာပါမထင်မရှားကောင်မလေးတစ်ယောက်ဖြစ်ပါတယ်သူ့နေ့စဉ်ဘ၀တွေကို ရိုးရိုးရှင်းရှင်းဖြတ်သန်းလာရင်းနဲ့သူငယ်ချင်းဖြစ်သူ ဂရေ့စ် ဆုံးပါးသွားပြီတဲ့နောက်မှာတော့ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ်နေ့စဉ်နေထိုင်မှုမှာအသုံးပြုနေတဲ့ အသံလှိုင်းတွေ ရေဒီယိုလှိုင်းတွေကြားထဲမှာမြှုပ်နှံထည့်သွင်းထားတဲ့ အချက်ပြမှုတစ်ခုနောက်ကိုသူသူ့ငယ်ချင်းဖြစ်သူတစ်သိုက်ကလိုက်နေခဲ့ကြတာပါကမ္ဘာကြီးရဲ့ပျက်ကပ် နီးကပ်လာပြီးဒီလိုတွေဖြစ်ရတဲ့ အကြောင်းအရင်း ဗဟိုချက်မှာ သူ့ကိုယ်သူ ရောက်မှန်းမသိရောက်ရှိနေကြောင်း သူအံ့အားတသင့်နဲ့ သိရှိလိုက်ရပါတယ်သူ့မှာရှိတာဆိုလို့ ဝေါ်ကီတော်ကီတစ်ခုနဲ့ တစ်ဖက်ကဘယ်သူမှန်းမသိတဲ့လူတစ်ယောက်ပါပဲတဖက်ကခိုင်းတာတွေကို လိုက်လုပ်နေရင်းနဲ့ အချက်ပြမှုတွေကိုချိတ်ဆက်နိုင်စွမ်းရှိတဲ့လူက သူတစ်ယောက်တည်းပဲ ရှိတယ်ဆိုတာသူသဘောပေါက်သွားပါတယ်သူအကုန်ချိတ်ဆက်နိုင်ပါ့မလားနောက်ကွယ်က အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်ပါ့မလားကမ္ဘာကြီးကိုကယ်တင်နိုင်ပါ့မလား စီစဉ်ထားသလိုတွေ ဖြစ်လာပါ့မလား ဆိုတာဒီကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ် File Size : (940 MB) and (305 MB) Quality : WebDL 720p , 360p Running Time : ...
movie

Starfish (2018)

2018