Channel Myanmar

Natas Asoka

The Queen (2021) 5.5
The Queen (2021) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ရှေးဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ - မြေခွေးမျိုးနွယ်မှ ဘုရင်မဖြစ်သူ အမြီးကိုးချောင်းကျိုဝေဟာ ကံဆိုးစွာနဲ့ မေရှန်းတောင် မိစ္ဆာ ၇ ကောင်ရဲ့ ခေါင်းဆောင် မျောက်ဝံမိစ္ဆာယွမ်ဟုန်လက်ထဲ ရောက်သွားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ကျန်းကျီယာရဲ့ ကယ်တင်ခြင်းခံခဲ့ရပြီး ကျန်းကျီယာကြောင့်ပဲ အမြီးတစ်ချောင်းပြတ်သွားခဲ့ပါတယ်။ လမ်းပျောက်နေတဲ့ ကျိုဝေဟာ နွီဝါးမယ်တော်ရဲ့ လမ်းညွှန်မှုနဲ့ တာကျီရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပူးခဲ့ပြီး ရိကျိုးမြို့စားမင်းစူးဟုရဲ့ သမီးဖြစ်သွားခဲ့ပါတယ်။ တစ်နေ့မှာ ဘုရင်ကြီးကျို့ဝမ်ဟာ ရိကျိုးကိုစစ်ခင်းရာ တာကျီဟာ ဖခင်အစား ကိုယ်တိုင်စစ်ထွက်တိုက်ခဲ့သဖြင့် ကျို့ဝမ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ သူတို့နှစ်ယောက်သား မြစ်ဘေးမှာ စစ်ဖြစ်ရတဲ့ အကြောင်းရင်းရာတွေကို ပြောဆိုခဲ့ပြီး တာကျီရဲ့ အမြင်ဟာ ကျို့ဝမ်ကို လက်ခံစေခဲ့ပြီး ကျို့ဝမ်ကလည်း သူမကို ချစ်မိသွားပါတယ်။ ထိုနေ့ညမှာပဲ ကျို့ဝမ်ဟာ စူးဟုထံမှာ တာကျီကို လာရောက်တောင်းခံပါတယ်။ တာကျီဟာလည်း ရှန်းခေတ်ရဲ့ မိဖုရားဖြစ်သွားခဲ့ပြီး လောကရှုပ်ထွေးမယ့် အန္တရာယ်ကြီးတစ်ခု စတင်သက်ဝင်လာခဲ့ပါတယ်။ ဒီရှုပ်ထွေးမှုတွေကို လူ့ပြည်မှာ မင်းကောင်းမင်းမြတ်ကို ကူညီီဖို့ စေလွှတ်ခံရတဲ့ ကျန်းကျီယာတစ်ယောက် ဘယ်လို ဖြေရှင်းမလဲဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုကြရအောင်နော်။ Quality - WEB DL 1080p,720p Format - mp4 Genres - ...
movie

The Queen (2021)

Mao Shan (2021) 5.6
Mao Shan (2021) ယင်ရှောင်ရီဟာ အမေဖြစ်သူဖွင့်ထားတဲ့ စားသောက်ဆိုင်လေးမှာ ဝိုင်းလုပ်ဝိုင်းကူပေးရတဲ့ လူငယ်လေးတစ်ယောက်ပေါ့၊ ခမျာမှာ စားသောက်ဆိုင်အလုပ် လုပ်ရတယ်ဆိုပေမယ့် သူ့စိတ်ထဲမှာတော့ အင်မတန်ကြီးကျယ်တဲ့ ဆန္ဒတစ်ခုတော့ ရှိနေသဗျ၊ အဲဒါကတော့ မောရှန်းကျောင်းတော်လို့ခေါ်တဲ့ အဆင့်အတန်းမြင့်တဲ့ သိုင်းပညာသင်တန်းကျောင်းမှာ ပညာသင်ပြီး နဂါးကိုးကောင် သခင်ဆိုတဲ့ ကျောင်းရဲ့အမြင့်ဆုံးဂုဏ်ပုဒ်ကြီးနဲ့ ဝင့်ကြွားချင်သူပေါ့၊ဖြစ်ချင်တော့ မောရှန်းရဲ့ ကျောင်းတော်က ရန်စလို့ ပြောရမယ့် ရန်သူတော်ကြီးတစ်ယောက်ဟာ အောက်လမ်း မှော်အစွမ်းတွေနဲ့ တိုက်ခိုက်လာမယ့်ဘေးနဲ့ ကြုံတွေ့လာရတဲ့အခါ ကျောင်းတော်ကြီးအနေနဲ့ နဂါးကိုးကောင်သခင်ဘွဲ့ကို လက်ဆင့်ကမ်းရယူမယ့် သိုင်း ပညာရှင်အကျော်အမော်ကို ရှာခဲ့ပါတယ်၊ကံစီမံရာပဲ ဆိုရမလား၊ ကံကောင်းချင်တယ်ပဲ ပြောရမလား...ယင်ရှောင်ရီတစ်ယောက် မရွယ်ဘဲစော်ကဲမင်းဖြစ်ဆိုသလို သိုင်းပညာနဲ့ပတ်သတ်ရင် ဗလာနတ္ထိ ဘာမှမသိရာမှ ထိုဂုဏ်ပုဒ်ကိုရသွားတဲ့အခါ...ကွန်ဖူးအကြောင်းတစ်လုံးနကန်းမသိတဲ့ ရှောင်ရီအနေနဲ့ သူ့အပေါ်အမြင်မကြည်တဲ့ သိုင်းဆရာနဲ့ သိုင်းညီအစ်ကိုတွေကြား ဘယ်လိုကြိုးစားပြရင်း နဂါးကိုးကောင်သခင်ဘွဲ့နဲ့ သူထိုက်တန်ကြောင်း ပြမလဲ၊ မောရှန်းကျောင်းရဲ့ ရန်သူတော်ကြီးကို ဘယ်လိုချေမှုန်းမလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှူရမှာပါ၊ ငယ်ငယ်က သိပ်ကိုကြိုက်ခဲ့ရတဲ့ Animationကားတစ်ကားကိုပါ မြင်ယောင်စေမိမှာပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ...
movie

Mao Shan (2021)